PM-(1)_EDမြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီး ချုပ် ဟစီနာတို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေအိမ်တွင် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလားပင်လယ်အော် အ တွင်း ဖြစ် ပွားနေသည့် အငြင်းပွားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့် လူကုန်ကူးမှုကိစ္စ များ တိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အခြေဆိုက် bdnews24.com က တင်ပြ ထားသည်။
ဗိုလ်ချုပ်သူရသက်ဆွေကမူ နှစ်နိုင်ငံပူးပေါင်းပြီး မှောင်ခိုမှုများသာမက သဘာဝဘေးအန္တရာယ်ကာကွယ် တား ဆီးရေးတို့ကိုပါ ဆောင်ရွက်နိုင်ကြောင်း၊ အကယ်၍ နှစ်နိုင်ငံရည်ရွယ်ချက်တူညီစွာ လုပ်ကိုင်ပါ က ဒေ သ တွင်း အနာဂတ်ပိုမိုကောင်းလွန်လာမည့်အကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန် သွယ် မှု စီးပွားရေးကဏ္ဍသာမက ရေကြောင်း ကိစ္စအဆက်အဆံတို့ကိုပါ တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုဆိုပါကြော င်းဖြင့် ပြော ကြားခဲ့သည်ဟု သိရသည်။
M-Media
No comments:
Post a Comment