မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာကာ ညပိုင်းအချိန် များတွင် လမ်းသွားလမ်းလာများ၊ မော်တော် ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ်
တစ်အုပ် သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ
စတင်ကာ လမ်းသွားလမ်း လာများ ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား
၎င်းတို့တွင် အဆင်သင့်ပါလာသည့် ဓား များဖြင့် မော်တော် ဆိုင်ကယ်
စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ
သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက်
(၁၇)နှစ်၊ အောင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊
အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့
ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင် ခဲ့သည်။
အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း မှ ဖမ်းဆီးထိန်းသိမ်းကာ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၂၃၆/၂၉၄/၁၁၄ ဖြင့် အမှု ဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
No comments:
Post a Comment