ပြည်ထဲရေးဝန်ကြီးသို့
တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို
အထူးရဲတပ်ဖွဲ့ ၀င်များက ဖမ်းဆီးပြီးနောက်
တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူး
စုံစမ်း စစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
““သက်ဆိုင်ရာ
ဒေသတွင်းမှာ ဥပဒေချိုးဖောက်နေသူတွေကို ရဲတပ်ဖွဲ့ ဌာနချုပ်ကနေ
တိုက်ရိုက်အရေး ယူခဲ့ရတဲ့အတွက် တာဝန်အရှိဆုံး ရဲတပ် ဖွဲ့ဝင်ငါးဦးကို
စုံ/ခုံဖွဲ့စစ်ဆေးနေတာပါ။ စစ်ဆေးဆဲအဆင့်ပဲ ရှိပါသေး တယ်””ဟု
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
တောင်ငူမြို့၊ အမှတ် (၂) ရပ် ကွက်၊ မိုးသောက်ကြွယ် ဘုရားလမ်းရှိ
သုံးလုံးထီလောင်းကစားဒိုင်ကို စက်တင် ဘာ ၁၆ ရက်
(သုံးလုံးထီထွက်သောနေ့)တွင် မှုခင်းအထူးရဲတပ်ဖွဲ့ဝင်များ က ၀င်ရောက်
ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာဒေသတွင်း တာဝန်အရှိဆုံး ရဲတပ်ဖွဲ့ဝင်များကို
ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေအရ စစ်ဆေးနေခြင်းဖြစ် သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂) ရပ်ကွက် နယ်ထိန်း အပါအ၀င်
နယ်ထိန်းခေါင်းဆောင်၊ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့် အထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း တောင်ငူခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
““လက်ရှိတာဝန်တွေတော့ ထမ်းဆောင်နေဆဲပဲ။ စုံစမ်းစစ်ဆေးပြီးမှ လိုအပ်သလို
အရေးယူရမှာပါ””ဟု နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ်ဦးကပြောသည်။
တောင်ငူမြို့၊
အမှတ်(၂)ရပ်ကွက် မိုးသောက်ကြွယ်ဘုရားလမ်းရှိ လောင်းကစားပြုလုပ်သူ
ဦးအေးမင်းထွန်း ဆိုသူကို ဖမ်းဆီးပြီးနောက် ပြစ်မှုပုဒ်မ ၁၅(က)/၁၆(က)ဖြင့်
အမှုဖွင့်စစ်ဆေးနေပြီး ၎င်း၏ ခယ်မတော်စပ်သူ တစ်ဦးကလည်း
မှုခင်းရဲတပ်ဖွဲ့ဝင်များကို ကာယိနြေ္ဒဖျက်ဆီးမှု ပြစ်မှုပုဒ်မ ၃၅၄ ဖြင့်
ပြန်လည်တရားစွဲဆို ထားကြောင်း သတင်းရရှိသည်။
7Day Daily
No comments:
Post a Comment