သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ့်ဟိုင်းတွင် ဒုတိယအကြိမ်မြောက် လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေး ဗဟုသုတုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။
သျှမ်းပြည်လူငယ်များဆက်သွယ်ပူးပေါင်း
ဆောင်ရွက်ရေးအသင်း(SSYNC)က ကမကထပြုသည့် အဆိုပါ သင်တန်းကို စက်တင်ဘာလ ၉
ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ရာ သျှမ်းပြည်အလယ်ပိုင်း
မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းနန်း၊ ကျေးသီး၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ
က လူငယ် ၈၀ ကျော်တက် ရောက်ခဲ့ပါ သည်။
“ သျှမ်းပြည်လူငယ်တွေ ကိုယ့်အမျိုးသားရေးမှာ စိတ်ပါဝင်စားလာအောင်၊ နိုင်ငံရေးမှာ စိတ်ဝင်စား လာအောင် အစရှိတာတွေ သင်တန်းမှာပို့ချပေးပါတယ် ” ဟု သင်တန်းသူ နန်းကောန်ခမ်းက ပြောဆို ပါသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး က သင်တန်းသား လူငယ်များအား မိမိသမိုင်းအမှန် သိအောင်ကြိုးစားရန်၊ နိုင်ငံရေးအမျိုး သားရေးကိုပါ နားလည်အောင် ကြိုးစားရန်၊ ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေကို ကြည့်မြင်တတ်အောင်နှင့် လူငယ်အချင်းချင်းသာမက၊ လူငယ်နှင့် လူကြီး လက်တွဲပူးပေါင်း တတ်ကြရန် တိုက်တွန်းပြောဆိုခဲ့ ပါသည်။
“ သင်တန်းပို့ချပေးတဲ့ဆရာတွေက ကျနော်တို့ကို ဦးဆောင်ဦးရွက်လုပ်တတ်ဖို့ ၊ ရဲဝံ့ဖို့ အသိအမြင်တွေ ဖလှယ် ပေးတယ်။ လူမှုရေးအဖွဲ့အစုံက လာတယ်။ အမျိုးသမီးတွေရဲ့ရပိုင်ခွင့် ၊ ဦးဆောင်ဦးရွက်တဲ့နေရာ မှာ ပါဝင်လာနိုင်ဖို့နဲ့ သတင်းတွေယူတတ်အောင် ရေးတတ်အောင် ၊ အစီရင်ခံစာရေးတတ်အောင်၊ ရုံးလုပ်ငန်းတွေ သိတတ်အောင်နဲ့ စည်းရုံး ရေးလုပ်သန်းတွေမှာ အဖွဲ့အစည်းတွေထူထောင်တဲ့နေရာမှာ ပါဝင်လာအောင် အစရှိ အသိပညာတွေ ပြောပြသင်ပြပို့ချ ပေးခဲ့ပါတယ်” ဟု သင်တန်းသား စိုင်းခမ်းက လည်းပြောပါသည်။
အဆိုပါသင်တန်းတွင် သျှမ်းပြည်တွင်း လူဦးရေ စာရင်းကောက်ယူရေး အတွက်ပါ ပို့ချပေးခဲ့ကြောင်း သင်တန်းသား စိုင်းခမ်းကပြောပါသည်။
သင်တန်းမှပို့ချပေးချက်များအား လက်တွေ့အသုံးချသွားရန်နှင့် မိမိနီးစ ပ်ရာ များအား လက်ကမ်းပို့ချပေး သွားရန်လည်း သင်တန်းဆရာတဦးဖြစ် သ ည့် ဆရာစိုင်းဟင်ဆိုင်က မှာကြားကြောင်း သင်တန်းသားများ ကပြန် လည်ပြောပြသည်။
လူငယ်နှင့်အမျိုးသမီးများ နိုင်ငံရေးဆိုင်ရာ ဗဟုသုတသင်တန်းကို ယခုနှစ်မေလ က တကြိမ်ကျင်းပခဲ့ပြီး ယခုတကြိမ်မှာ်မူ ဒုတိယအကြိမ် သင်တန်းဖြစ်ကြောင်း ရှေ့ဆက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုင်းဟင်ဆိုင်က ပြောပါသည်။
အဆိုပါသင်တန်းကို ကမကထပြုသည့် သျှမ်းပြည်လူငယ်များ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း (SSYNC) မှာ ၂၀၁၂ ဒီဇင်ဘာလ၌ ဖွဲ့စည်း ခဲ့ပါသည်။
Panglong(Burmese)

No comments:
Post a Comment