ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွား ရအောင် ပြည်နယ်အစိုးရ အနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
"လက်ရှိဖြစ်ပျက်သွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ ပြန်ပြီးတော့ကောင်းမွန် လာအောင် ကျနော်တို့ လုပ်နေရတဲ့အချိန်မှာ နောက်ထပ်မဖြစ်ဖို့ အရေးကြီးပါတယ်၊ ပြီးခဲ့တဲ့ ပဋိပက္ခတွေရဲ့ အဆုံးရှုံးတွေကိုသိပြီး သလို နောက်ထပ် အဆုံးအရှုံးတွေ ထပ်ပြီးတော့မဖြစ်အောင် ပဋိပက္ခတွေ ထပ်ပြီးတော့မဖြစ်ေ အာင် ပြည် သူတွေနဲ့ပေါင်းပြီးတော့မှ အားသွန်ခွန်စိုက် ကျနော်တို့ဆောင် ရွက်ပေး သွားမှာပါ"
ဒီတွေ့ဆုံပွဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြန်လည် သင့်မြတ်အောင် ကြိုးပမ်းဖို့ ကြားခံအဖွဲ့အစည်းတစ်ခု ဖွဲ့ပေးဖို့လို အပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီနေ့မနက် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် ခေါင်းဆောင်တွေ နဲ့တွေ့ဆုံ ရာမှာ နှစ်ဖက် သင့်သင့်မြတ်မြတ်နေဖို့ တိုက်တွန်းခဲ့သလို မြောက်ဦး၊ ကျောက်တော် ၊ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် နှစ်ဘက်ခေါင်းဆောင်တွေနဲ့ မနေ့ က တွေ့ဆုံရာမှာလည်း ငြိမ်းချမ်းစွာအတူ လက်တွဲနေထိုင်ကြဖို့ ပြောကြားခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့ ကိုသွားရောက်ကာ နှစ် ဖက်ခေါင်းေ ဆာင်တွေနဲ့တွေ့ဆုံပြီး သံတွဲမြို့မှာ ညအိပ်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။
RFA Burmese
No comments:
Post a Comment