အသစ်ထွက်ရှိလာတော့မည့် Iphone အသစ်မှာ ဘာထူးခြားတဲ့ Function နဲ့  Feature တွေ ပါလာမလဲ ဆိုတာ အတိအကျတော့ မသိသေးပါဘူး။
A7 Chip ကို အသုံးပြုထားတဲ့ အတွက် ယခင်အိုင်ဖုန်းတွေထက် အသုံးပြုရတာ ၃၁ရာခိုင်နှုန်း မြန်ဆန် ပါလိမ့်မယ်။ ဖုန်းရဲ့  Graphic ပိုင်းတွေ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်ဖို့  64-bit processor ကိုလည်း စမ်းသပ် အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ၂၀၁၄ မှာ ထွက်ရှိမဲ့ A8 Chip ကျမှ အသုံးပြုနိုင် ဖို့  ပိုများပါတယ်။
အကယ်လို့  ၃၁ရာခိုင်နှုန်း ပိုပြီးမြန်တယ် ဆိုရင်တော့ လက်ရှိ အသုံးပြုရတာ မြန်တယ်လို့  နာမည် ကြီးနေကြ တဲ့ LG, Samsung နဲ့  HTC တို့ ကို သာလွန်သွားတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ Apple ချစ်သူများကတော့ ဖုန်းရဲ့  ဘထ္ထရီအားကုန် မြန်တာကိုပဲ ပိုပြီး အလေးပေး ပြုပြင်စေချင်ကြ တယ် လို့  သိရပါတယ်။
Ref:Tech News
Freddy ( MM Social Sky)
No comments:
Post a Comment