Tuesday 27 August 2013

LOVE & RESPECT

Photo: ~LOVE & RESPECT~
Tuesday, August 27, 2013

"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့်
ရဲဘော်များထဲမှတစ်ယောက်မဟုတ်တစ်ယောက်ကို ခေါ်သွားတတ်၏။

ရဲဘော်လေးများမှာဗိုလ်ချုပ်ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကိုခင်မင်
လေးစားကြသည်။ထို့ကြောင့် ဒေါ်ခင်ကြည် ဈေးသွားဖို့ခေါ်လျှင်ချက်ချင်း
ထလိုက်ကာ ဈေးမှအပြန်တွင်လည်း ဈေးခြင်းတောင်းအား ဂုဏ်ယူကျေနပ်
စွာ သယ်ပေးသည်။

တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင်အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင်
ထားသည့်ဗိုလ်ချုပ်အောင်ဆန်းနှင့်မျက်နှာချင်းဆိုင် တွေ့သည်။ဗိုလ်ချုပ်
အောင်ဆန်းက ဒေါ်ခင်ကြည့်နောက်မှ ဈေးခြင်းတောင်းဆွဲပြီးလိုက်လာ
သောရဲဘော်လေးကိုမြင်သည်နှင့်စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။

"ဒါဘာလုပ်တာလဲ၊ ဒီရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ 
ရဲဘော်၊ ငါတို့ အိမ်က အစေခံမဟုတ်ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့
 ဒေါ်ခင်ကြည်အား ဆူပါတော့သည်။

(PHOTO:Myanmar Indepence Father General Aung San & His wife Daw Khin Kyi).
နှင်းဆီဖူးလေးများ-Love BUDS
"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင်မိမိတို့အိမ်တွင်အစောင့်အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက် မဟုတ် တစ်ယောက်ကို ခေါ်သွားတတ်၏။
ရဲဘော်လေးများမှာဗိုလ်ချုပ်ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကိုခင်မင် လေးစားကြသည်။ ထို့ကြောင့် ဒေါ် ခင်ကြည် ဈေးသွားဖို့ခေါ်လျှင်ချက်ချင်း ထလိုက်ကာ ဈေးမှအပြန် တွင် လည်း ဈေးခြင်းတောင်းအား ဂုဏ်ယူကျေနပ်စွာ သယ်ပေးသည်။

တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင်အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်နှာချင်းဆိုင် တွေ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင်ကြည့်နောက်မှ ဈေးခြင်းတောင်းဆွဲပြီး လိုက်လာသော ရဲဘော်လေးကိုမြင်သည်နှင့် စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။

"ဒါဘာလုပ်တာလဲ၊ ဒီရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ ရဲဘော်၊ ငါတို့ အိမ်က အစေခံမဟုတ် ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့ ဒေါ်ခင်ကြည်အား ဆူပါတော့သည်။

(PHOTO:Myanmar Indepence Father General Aung San & His wife Daw Khin Kyi).
နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment