နိုင်ငံတကာရှိ မြန်မာသံရုံးများမှ ဗီဇာထုတ်ပေးရာမှ ကောက်ခံရရှိငွေတစ်နှစ်လျှင် ကန်ဒေါ်လာ ၁၃ သန်းကျော် ရရှိနေကြောင်း သိရ သည်။
ဩဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ၂၃ရက် မြောက် အစည်းအဝေးတွင် ရေ ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းဦး ၏မေးမြန်းချက်ကို ဒုတိယဝန်ကြီး က ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးဝင်းဦးက ''နိုင်ငံခြားက နေလာကြတဲ့ နိုင်ငံခြားသားတွေ နဲ့ တိုးရစ်တွေရဲ့ ဝင်တဲ့အပေါ်မှာ ကျွန်တော် တို့ကခန့်မှန်းပြီးတော့ တစ်နှစ်ကိုနိုင်ငံခြားဝင်ငွေ ဘယ် လောက်ရနိုင်လဲဆိုတာကို ခန့်မှန်း ကြည့်ပါတယ်။ နိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ ရသုံးဘတ်ဂျက်မှာကြည့် တဲ့အခါကျတော့ အဲဒီဝင်ငွေတွေ ဖော်ပြထားတာ မတွေ့ရပါဘူး''ဟုလွှတ်တော်မှတစ်ဆင့် မေးမြန်း ရခြင်းဖြစ်ကြောင်း ပြောသည်။
နိုင်ငံခြားရေးဒုတိယဝန်ကြီး က ကောက်ခံရရှိသော နိုင်ငံခြား ငွေများအား သက်ဆိုင်ရာရုံးများ မှ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှု ဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေ ဖြင့် လွှဲပြောင်းပေးပို့ပြီး ယင်းယူ ရိုငွေဖြင့်ညီမျှသည့် ကျပ်ငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ဆက်လက်၍ လွှဲပြောင်းပေး ရကြောင်း၊ ကောက်ခံရရှိငွေအားလုံးအား သက်ဆိုင်ရာရုံးများမှ မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ်သို့ ပုံမှန် လွှဲ ပြောင်းပေးပို့ပြီး ထိုသို့လက်ခံရရှိပါက ညီမျှသည့်ကျပ်ငွေဖြင့် ဝင် ငွေခွန်မှကောက်ခံရရှိငွေအတွက် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေစာရင်းသို့လည်းကောင်း၊ ထောက်ခံ စာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေ အတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနငွေစာရင်းသို့လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အသစ်ထုတ်ခြင်းမှ ကောက် ခံရရှိငွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန ငွေစာရင်းသို့လည်း ကောင်း ဆက် လက်လွှဲပြောင်းပေး သွားလျက်ရှိကြောင်း ဖြေဆိုခဲ့သည်။
လာမည့်ဘဏ္ဍာနှစ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကူးသန်းသွား လာရာတွင် သံတမန် နိုင်ငံကူးလက် မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ကို အာဆီယံ နိုင်ငံ များနှင့် သဘောတူလက်မှတ်ထိုးထားပြီးဖြစ် ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။
Yangon Media Group
No comments:
Post a Comment