၂၂.၈.၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊တိုင်းအကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင် များသည် လှိုင်သာယာမြို့နယ်
(၅)ထိပ်မှတ်တိုင်၌ ခါးပိုက်နှိုက်ဖမ်း ဆီရေးအတွက် စုံစမ်းဆောင်ရွက်စဉ် အမှတ်(၇၉) ယာဉ်လိုင်းပေါ်မှဆင်းလာသော
ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ ခင်သိန်း(ခ)အငယ်လေး၊(ဘ)ဦးလှတင်၊ (၁/၁၃)
ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူအားတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ
ငွေကျပ်(၂၈၀၀၀)အားတွေ့ရှိခဲ့ပါသည်။
အဆိုပါငွေများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းယာဉ်ပေါ်ပါသက်(၄၅)နှစ်ခန့်ရှိအမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူရရှိ ခဲ့သော ငွေများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် သိမ်းဆည်းပြီး လှိုင်သာယာမြို့မရဲစခန်း(ပ) ၉၄၅/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/ ၅၄ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment