အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေး ဦး ကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပက္ခတွေဟာ အင်ဒို နီးရှားနိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့ အမျိုးသားလေးဦးဟာ မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရ သူတွေ ဖြစ်ကြောင်း ရဲ တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။
မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံး သယ်ဆောင် လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှား ရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းကို မွတ်စလင် စစ်သွေးကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦး အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ABC
No comments:
Post a Comment