ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၂၀.၈.၂၀၁၃ ရက်နေ့၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ကျိုက္ကဆံ
လမ်းတွင်
ခိုးမှုများကျူးလွန်ထားကြောင်းသတင်းရရှိသူ
လှသိန်း(ခ)နွားကြီး၊(ဘ)ဦးသိန်းလွင်၊ ရွာသာ ကြီးကျေးရွာ၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူအား Panasonic
တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ FTELE တံဆိပ်ပါ ဖုန်းအထိုင်စက်(၁)လုံး၊
GAOXINQI တံဆိပ်ပါဖုန်းအထိုင်စက်(၁)လုံး၊ ORIENTEL တံဆိပ်ပါ ဖုန်းအထိုင်စက်(၁)လုံး၊ CALLER-ID (၃)လုံး၊ တယ်လီဖုန်းကြိုး (၆)ချောင်းတို့နှင့် အတူတွေ့ရှိ ခဲ့ပါသည်။
အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စစ်မေးရာ ၎င်းသည် ၂၀.၈.၂၀၁၃ ရက်နေ့ ၀၀၃၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ အများသုံး တယ်လီဖုန်းရုံအတွင်းမှ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သိမ်းဆည်းပြီး မင်္ဂလာတောင် ညွန့်မြို့မ ရဲစခန်း (ပ)၅၈၅/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

No comments:
Post a Comment