ချယ်လ်ဆီး အသင်းကို ဟိုဆေးမော်ရင်ဟို တစ်ကျော့ပြန် ရောက်ရှိလာပါက ပထမဆုံး ရှင်းထုတ် ခံရမည့် ကစားသမားသည် ဒေးဗစ်လုဇ် ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာတော့မည့် မော်ရင်ဟိုသည် တစ်ချိန်က ၎င်းအောင်မြင်မှုများ ရယူခဲ့ဖူး သည့် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ တစ်ကျော့ပြန် ခြေချလာရန် အသင့် ရှိနေပြီး အသင်းတွင် အပြောင်းအလဲ များအတွက် ကြိုတင်စိတ်ကူးထားသည်။ ပေါ်တူဂီသား နည်းပြ မော်ရင်ဟိုသည် အသက်(၂၆)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် လုဇ်၏ ခံစစ်ကစားပုံ အရည်အသွေး အပေါ် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးသည် (၂၀၁၁)ခုနှစ်က လုဇ်ကို ပေါင်စတာလင် (၂၁)သန်းဖြင့် ပေါ်တူဂီကလပ် ဘင်ဖီကာထံမှ ဝယ်ယူ ထားခဲ့သည်။
မော်ရင်ဟိုသည် ချယ်လ်ဆီးကို ပြန်လည် ကိုင်တွယ်ချိန်တွင် ဗဟို နောက်ခံလူ တစ်ဦး၊ ကွင်းလယ် ခံစစ် သမား တစ်ဦးနှင့် တိုက်စစ်မှူး တစ်ဦးမျှကို မဖြစ်မနေ ဝယ်ယူဖွယ် ရှိနေသည်။ လုဇ်သည် ချယ်လ်ဆီး ယာယီ မန်နေဂျာ ရာဖာဘင်နီတက်ဇ် လက်ထက်တွင် ကွင်းလယ်ခံစစ်ကို တာဝန်ယူ ပြောင်းရွှေ့ ကစား ခဲ့သော် လည်း ၎င်း၏အဖျက်ကစားပုံနှင့်ပတ်သက်၍ အမှားအယွင်းများ ရှိနေဆဲ ဖြစ်ခဲ့သည်။ မော်ရင်ဟိုသည် လီဗာပူးလ်ကလည်း စိတ်ဝင်စားနေသည့် ရှော်လ်ကေး အသင်းမှ အသက်(၂၁)နှစ်အရွယ် ခံစစ်မှူး ကရိုင်ဂျီယာကော့စ် ပါပါဒိုပူးလော့စ်ကို စောင့်ကြည့်လျှက် ရှိသော်လည်း ဈေးနှုန်း မြင့်မားမှုကြောင့် အတန် ငယ် တွန့်ဆုတ်နေသည်။
ရီးယဲလ်တွင် မော်ရင်ဟိုနှင့်အတွဲညီခဲ့သည့် ပြင်သစ်လူငယ်ရာဖာရဲလ်ဗာရာနီကို စတမ်းဖို့ဒ် ဘရစ်ဂ်ျ ခေါ်ယူရေး မှာ မော်ရင်ဟို၏ ဆန္ဒတစ်ခု ဖြစ်သည့်တိုင် စပိန် ကလပ်က ၎င်းတို့၏ အနာဂတ် တောက် ပသော လူငယ်လေးကို လက်လွှတ်ရန် စိတ်ကူးမရှိချေ။ မော်ရင်ဟို လက်အောက်တွင် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်မှာ လက်ရှိဗဟိုခံစစ်နေရာမှ ညာခြမ်းသို့ ပြန်လည်ပြောင်းရွှေ့ ကစားရဖွယ် ရှိနေသည်။ လတ်တလောတွင် လုဇ်ကို ဘာစီလိုနာနှင့် ရီးယဲလ်အသင်းများက စိတ်ဝင်တစား ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
soccermyanmar
No comments:
Post a Comment