ရန်ကုန်မြို့လယ်ကုန်သည်ကြီးများ ဟိုတယ်တိုးချဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို နေ့ည အဆက်မပြတ် လည်ပတ်နေခြင်းကြောင့် အနီးဝန်းကျင်ရှိ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်း အပေါ်ဘလောက် အတွင်းနေ ထိုင်နေသူများ အဆင်မပြေမှုများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလက စတင်ခဲ့သည့် ယင်းဆောက်လုပ်ရေး လုပ်ငန်းခွင်သည် မြေ တူးဖော်ခြင်း ၊ ဖောင်ဒေး ရှင်းတိုင်များ စိုက်ထူခြင်းလုပ်ငန်းများကို ပြုလုပ်လျက်ရှိခြင်းကြောင့်သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ အိပ်ချိန်ကို ထိခိုက်ခြင်းများ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ
“ကျနော်တို့ကလည်း သူများစီးပွားရေးကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်နဲ့လုပ်စေချင် တယ်။ အခုက မနက် ၆ နာရီကတည်းက စလုပ် လိုက်တာ နောက်နေ့ မနက် ၅ နာရီလောက်မှာ ခဏနားပြီး၊ ဆက်လုပ်တယ်။ ကျနော်မှာ ဗီဒီယိုရိုက်ထားတာရှိပါတယ်။
ထို့ပြင် အသက် ၆၀ ၀န်းကျင်အမျိုးသမီးကြီးတစ်ဦ
ဆောက်လုပ်ရေးလုပ်ငန်းများကိ
ပတ်ဝန်းကျင် လက်မခံနိုင်သောကိစ္စများ ပြုလုပ်ပါက ဋ္ဌာနသို့တိုင်ကြားနိုင်ပြီး၊ ယင်းကုမ္ပဏီအား ခေါ်ယူကာ သတိပေးခြင်း၊ စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ အရေးယူခြင်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးနေ၀င်းက ပြောသည်။
ဦးနေ၀င်းက ဆက်လက်၍ “ ကျနော်တို့ဆီကိုတော့ ခုထိတိုင်စာရောက်လာတာမရှိသေးပါဘူး။ ကျနော်တို့ ကလည်း မတိုင်ပဲ အရေးယူလို့ မရပါဘူး” ဟုပြောသည်။
ယင်းဆောက်လက်စလုပ်ငန်းခွင်တ
“လုပ်ငန်းခွင်ထဲမှာ ကရိန်းကြိုးတွေ ပြတ်ကျတာမျိုး ဖြစ်တယ်။ ကျနော်တို့ လမ်းဘက်ကိုပြုတ်ကျရင် ဘယ်လို တာဝန်ယူ ဖြေရှင်းပေးမှာလဲ။ သူတို့ စဆောက်တုန်းကလည်း ကျနော်တို့နဲ့ ညှိခဲ့တာမျိုး မရှိဘူး။ သူတို့မှာ ဆက်လုပ်ရမယ့် အချိန်တွေက အများကြီး ကျန်သေးတယ်။ နောက် ကြာလာရင် ဒီထက်ပိုဆိုးလာတော့မှာ” ဟု ဆိုသည်။
ကုန်သည်ကြီးများ ဟိုတယ်ဘေးတွင် စတင်တည်ဆောက်လျက်ရှိသည့် ယင်းအဆောက်အအုံသစ်ကို တာဝန်ယူဆောက်လုပ်ပေးနေသည့်ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီ
ကုန်သည်ကြီးများ ဟိုတယ်သို့ ဧရာဝတီမှ မေးမြန်းမှုကို ဖြေဆိုခြင်း မပြုပါ။
ဧရာဝတီ
No comments:
Post a Comment