တစ်နေ့တစ်လုံးသောက်ရမယ့် ဆေးတစ်မျိုးဟာ ယမကာသမားတွေ ပြဿနာတက်နေတဲ့ နေ့စဉ်သောက် သုံးတဲ့ ပမာဏကို လျှော့ချပေးနိုင် တယ်လို့ အင်္ဂလန်နိုင်ငံမှာ သတင်း ထုတ်ပြန်ထားပါတယ် ။ထုတ်လုပ်သူ များက အဆိုပါဆေးရဲ့ အမည်ဟာ nalmefen ဖြစ်ပြီး ယမကာသမားတွေကို သောက်သုံးမှုပမာဏ ၆၁%လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။
ဆေးဝါးဟာ အင်္ဂလန်နိုင်ငံ FDA ရဲ့ ထောက်ခံချက်ရရှိပြီးဖြစ်ကာ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ သုံးစွဲနိုင် တော့ မှာဖြစ်ပါတယ်။ ဆေးဝါးရဲ့အာ နိသင်တွေက ယမကာမှီဝဲမှုကို လျှော့ ချပေးနိုင်ခြင်း၊ ယင်းထခြင်း လက္ခဏာ များကို လျော့ပါးစေခြင်း၊ ရုတ်တ ရက်အရက်မဖြတ်ရခြင်း စသည်ဖြင့် ဖော်ပြထားပါတယ်။
လက်ရှိဆေးဝါး တွေဟာ ယမကာကိုတိကနဲဖြတ်စေဖို့ ရည်ရွယ်ထားကြပေမယ့် nalmefen ကတော့ ပမာဏ ကိုသာလျော့ ပါးစေမှာဖြစ်ပါတယ်။
ဆေးဝါးဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပေးခြင်းအားဖြင့် ယခုအာနိသင်ရရှိစေတာဖြစ်ပြီး စမ်းသပ်မှုတွေအရ ဆေးမှီဝဲသူတွေဟာ တစ်နေ့ကို ယမကာသောက်သုံးမှု ၁၂.၇၅ယူနစ်ကနေ ငါးယူနစ်အထိ ကို ကျဆင်းသွားစေပါတယ်။
အလွန် အကျွံသောက်သုံးမှုတွေကိုလည်း တစ်လကို ၂၃ရက်ကနေ ၆ရက်အထိ ကျဆင်းစေတယ်လို့လန်ဒန် School of Medicine မှသုတေသီ Dr. David Collier က ပြောကြားခဲ့ပါတယ်။
ဒီဆေးဝါးဟာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနဲ့အတူ သောက်သုံးစေမယ်ဆိုရင် ယမကာစွဲနေသူတွေကို တဖြည်းဖြည်းချင်းဖြတ်ရာမှာ အသုံးဝင်လာနိုင်တယ်လို့ Dr. David Collier ကသုံးသပ်ထားပါတယ်။
ငြိမ်းအေး
Ref: PTI
Health Updates Journal
No comments:
Post a Comment