စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်း နီကယ်စက်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျောက်မီးသွေး အမှုန့်ကြိတ်စက်ရုံ အဆောက်အအုံအချို့ မီးလောင်ကျွမ်းခဲ့သည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ၀န်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
Tuesday, 31 December 2013
ငါး၊ ပုစွန်မွေးသူများ ပိုင်ဆိုင်မှု ပြနိုင်ရေး ညှိနှိုင်းပေးမည်ဟု လယ်/ဆည်ဝန်ကြီး ကတိပြု
ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေရယူရေးအတွက် အထောက်အထား တင်ပြ နိုင် ရန် ၀န်ကြီးဌာနအနေဖြင့် ညိှနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကတိပြုပြောလိုက်သည်။
ရဲဘက်ပြေးနှင့် ဇနီးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီး
အလုံမြို့နယ်တွင်
ရဲဘက်ပြေးနှင့် သူ၏ဇနီးတို့ကို မူးယစ်ဆေးဝါးရောင်းချနေမှုဖြင့်
ရန်ကုန်တိုင်း ရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက
ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို
ပြည်တွင်းလေဆိပ် ၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အား လုံးကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင်များ ဘက်မှ တင်ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေ ဆိပ် အား ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှ န်ကြားရေးမှူး ဦးဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။
ရပ်ကျေးမှူးနှင့် မြေစာရင်းဦးစီးဝန်ထမ်းများ လယ်ယာမြေမှတ်ပုံတင်ချပေးမှု မသမာမှုရှိဟုဆို
ဧရာဝတီတိုင်းရှိ ကျေးရွာအချို့တွင် လက်ရှိ လယ်ယာမြေမှတ်ပုံတင် ထုတ်ပေးထားသည့် လယ်သမား များကို မူလလယ်ပိုင်ရှင်များက ကန့်ကွက်ထားပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦး စီးဌာနစာရေးများကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ တိုင်စာများပေးပို့ထားကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက မဇ္ဈိမကို ပြောသည်။
အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်
လုပ်ငန်းအထောက်အကူပြုအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ် |
အာဆီယံအသိုင်းအ၀ိုင်းတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရ ရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြ ဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။
ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) ပြည်ခိုင်ဖြိုး ပြင်ရန်ဆုံးဖြတ်
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ပါ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် ဒီဇင်ဘာ ၃၀ တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီ ဒုတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်ဦးလှဆွေက အဆိုပါနေ့ ညဦးပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
ဖမ်းဆီးခံရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေး တွေ့ဆုံဆွေးနွေးရန် PCG အသင့်ဟုဆို
ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် PCG မှ ကူညီင်္ရန်အသင့် ရှိနေကြောင်း ကေအိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလမိုင် ဂွန်ဂျာက ပြောသည်။
စွန်ပလွံသီး၏ ကျန်းမာရေးစွမ်းပကား
စွန်ပလွံသီး အခြောက်ရော၊ လတ်လတ်ဆတ်ဆတ် စွန်ပလွံသီးမှာပါ အာဟာရဓာတ်အပြည့် ပါဝင်ပါတယ်။
နိုင်ငံရေးကြွေးကြော်သံများအဖြစ် တစ်ဖန်ပြန်မကျော့သင့်သည့် ၂၀၁၄
နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်အောက်
ဆက်တိုက်နေခဲ့ရသည့် မြန် မာ နိုင်ငံ သည် ယခင် စစ်အစိုးရ၀န်ကြီးချုပ်ဟောင်း
သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ် အနေဖြင့် ၂၀၁၁ ခုနှစ်၊ မတ် လ ၃၀
ရက်က အာဏာရလာပြီးနောက် ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်း လဲရေး များ
ဆက်တိုက် လုပ်လာသဖြင့် ပြည်တွင်းနှင့်
နိုင်ငံတကာအသိုင်းအ၀န်းက ၀မ်းသာအားရ ကြိုဆိုခဲ့ကြ သည်။
အားပေးထောက်ခံခဲ့ကြသည်။ ပြည်သူများ၏ဘ၀ ဖူလုံစိတ်ချ၊ လုံခြုံမှုအတွက်
မျှော် လင့်ချက် များ တစ်ဖန်ပေါ်ထွန်းလာခဲ့သည်။
ခရီးသည်များ အိပ်မောကျနေစဉ် ရထားတွဲ မီးစွဲလောင်သဖြင့် အများအပြား သေဆုံး
ဒီဇင်ဘာ ၂၉ရက်က အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ် အန်န်တာပူရမ်ခရိုင်တွင် နန်ဒက်နှင့် ဘင်္ဂလော သို့ ပြေးဆွဲ နေသည့်ရထားတွင် မီးစွဲလောင်ခဲ့သဖြင့် အနည်းဆုံး ၂၆ဦးသေဆုံးပြီး၊ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ မီးလောင်စဉ် ခရီးသည် အများစုမှာ အိပ်ပျော်နေကြပြီး နိုးလာချိန်တွင် ရထားတစ်တွဲလုံး မီးခိုးလုံးများ ပိတ်မှောင်နေသည့်အတွက် အဖိတ်အဆင် မျာ ပြားရခြင်း ဖြစ်သည်။
မရမ်းကုန်း၌ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား
မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားကြောင်း သိရသည်။
ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာ အကြောင်း
ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီး မိန်းကလေး တွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။
တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား
စက်မှုဇုန်လုပ်သားများ |
၂ဝ၁၃ ခုနှစ်၏
အပြောင်းအလဲကို များစွာမျှော်လင့်ထားခဲ့သော စက်မှုဇုန်အလုပ်သမားများအတွက် ယခုနှစ် သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ်သည်။ ဥပဒေသစ်များ ထွက်ပေါ်လာပြီး အလုပ်သမားအဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့်
နှစ်လည်း ဖြစ်သည်။
ကလေးငယ်များ တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သောက်သုံးပါက ဦးနှောက် ဖွံ့ဖြိုးမှုကို ထောက်ပံ့ ပေးကြောင်း ဆေးပညာ ရှင်များ အကြံပြု
အသက်နှစ်နှစ်မှ ငါးနှစ်အရွယ် အကြားရှိ ကလေးငယ်များသည် တစ်နေ့လျှင် နွားနို့ လီတာဝက်ခန့် သို့မ ဟုတ် ရှစ်အောင်စ ရှိသော နို့နှစ်ခွက်ကို သောက်သုံး သင့်ကြောင်း လေ့လာမှု တစ်ရပ်တွင် အကြံပြုထား သည်။
အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်း အဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အား လုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ် ချခံ ထားရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြပါတယ်။
Monday, 30 December 2013
Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ
စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။
ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ
Happy
New Year Grand Royal 2013ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင်
ကျိုက္ကဆံမြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ
လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်းချ ပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က
မဇ္ဈိမကိုပြောသည်။ ယင်းဖျော်ဖြေရေးအစီစဉ်ကို ညနေ၆နာရီတွင် စတင်
ကျင်းပမည်ဖြစ်သည်။
တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား
စက်မှုဇုန်လုပ်သားများ |
၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။
မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ၃ လကြာ ယာယီရပ်ဆိုင်း သွား သော်လည် နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူ များနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။
ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကား တပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား
ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေ သည့် အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆို တိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။
ကမ္ဘောဒီးယားစစ်တပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်
နိုင်ငံ၏အချုပ်အချာအာဏာကို ကာကွယ်ရာတွင် အရေးပါသည့် Royal Cambodian Armed
Forces ၏ စစ်ရေး စွမ်းရည်ကိုမြှင့်တင်နိုင်ရေး တနင်္လာနေ့က
စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း ကမ္ဘောဒီးယား စစ်တပ် အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်သည်။
“ရန်ကုန်မြက်ခင်းစိမ်းများကို ကြည်လင်း စွန့်ခွာတော့မည်လော”
၂၀၁၄ ဘောလုံးရာသီတွင် AFC Cup ၀င်ခွင့်ရရှိထားသော မြန်မာနေရှင်နယ်လိဂ်ကလပ်
နေပြည်တော် အက်ဖ်စီအသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက်
တိုက်စစ်မှူးကြည်လင်းကို ခေါ်ယူနိုင်ရန် ကိုးဆယ် ရာခိုင်နှုန်း သေချာနေပြီဟု
အသင်းဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။
၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
အမျိုးသမီးအသင်းနည်းပြကုမာဒါကို စာချုပ်သက်တမ်းတိုးမည် Monday, December 30, 2013
ဆီးဂိမ်းတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ကြေးတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ဂျပန်လူမျိုးနည်းပြ ကုမာဒါကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆို မည်ဖြစ်သည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အခမဲ့ဝိုင်ဖိုင်ဇုန် ဇန်န၀ါရီ အပြီးတပ်ဆင်မည်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) တွင် ၀ိုင်ဖိုင်အင်တာနက်စနစ်အခမဲ့အသုံးပြုနိုင်ရန်အတွက် Redlink ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် လုပ်ငန်း များပြီး စီးအောင် ဆောင်ရွက်သွားမည်ဟု ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ဒီဇင်ဘာ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
နာရေးကူညီမှုအသင်း၏ ပရဟိတလုပ်ငန်းများအသုံးစရိတ် တစ်လကျပ်သိန်း ၁၀၀၀ ခန့်ရှိ
ရခိုင်ပြည်နယ်တွင် မွေးဖွားလာသော ကမန်တိုင်းရင်းသား လူဦးရေစာရင်းကို တိကျမှန်ကန်စွာ သိရှိနိုင် ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ယူမှုကို ယခုလ ၁၆ ရက်တွင် စတင်နေပြီဟု ကမန် လူဦးရေစာရင်းကောက်ခံရေးတွင် ပါဝင်သူ ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီ ဒု-ဥက္ကဋ္ဌ၊ ဦးလှတိုးက ဒီဇင်ဘာ ၂၉ တွင် မဇ္ဈိမကို ပြောသည်။
မိုးကောင်းမြို့နယ်တွင် ဒေသခံရွာသားများ မိုင်းများကြောင့် သွာလာရေး အခက်အခဲကြုံ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ၏ အရှေ့တောင်ဘက် ကပ်ကျော်တောင်ခြေ၊ မှန်ဘိန်းကွင်း၊ ဘန်ကောက်ကွင်းရှိ ဒေသခံတောင်သူများသည် ဒီဇင်ဘာတတိယပတ်မှစ၍ ကပ်ကျော်တောင်ဖြတ် လမ်းအနီး တစ်ဝိုက် တွင် KIA အဖွဲ့၏ မိုင်းထောင်မှုကြောင့် သွားလာရေး အခက် အခဲကြုံနေ ရကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်
မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု
အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော်
နေထိုင်မှုများကို တားဆီး ရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန်
အတွက် နိုင်ငံတော် သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့်
တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များ ကွန်ရက် မင်း
ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။
တောင်သူအကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေမူကြမ်း ဖေဖော်ဝါရီလကုန် အစိုးရအဖွဲ့ထံ တင်မည်
တောင်သူလယ်သမားအခွင့်အရေးနှင့်
အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းပြီး သုံးလကျော်ကြာသည် အထိ
ထွက်ရှိလာခြင်း မရှိသေးသည့် နည်းဥပဒေမူကြမ်းကို လာမည့်ဖေဖော်ဝါရီလကုန်တွင်
အစိုးရအဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်း က ဒီဇင်ဘာ ၂၈ တွင်
ပြောသည်။
အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို
၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော
အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆
ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့
ပြောသည်။
DKBA နယ်မြေအတွင်း ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိနေ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့
အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA ပိုင်
တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဧရာဝတီတိုင်းမှ
လာရောက်လုပ် ကိုင် နေ သူရွှေ့ပြောင်း လုပ်သား ၂၀၀ ကျော်ရှိသည်ဟု
အဆိုပါလုပ်ငန်း တာဝန်ယူလုပ်ကိုင်နေသူ အထူး တပ် ကြောင်းမှ
ဗိုလ်မှူးစောအေ၀မ်းက မဇ္ဈိမကို ပြောသည်။
ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ မြေမြုပ်မိုင်း တွေ့
မြန်မာ-ဘင်္ဂလား နယ်စပ်မှာ မြန်မာဘက်က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့က ရှာဖွေတွေ့ရှိပြီး ဖယ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပီပီပြင်ပြင်ဖြစ်လာဖို့
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ရေးကို ကတိပြု ခဲ့သည်နှင့်အညီ အုပ်ချုပ်ရေးယန္တရားအတွင်း အဂတိလိုက်စားခဲ့သော ၀န်ထမ်းများကို ထုတ်ပယ်ပစ်သကဲ့ သို့တာဝန်ရှိသော ပြည်ထောင်စုအဆင့်ဝန်ကြီးများကိုပင် ရာထူးမှဖယ်ရှားခဲ့သည်များကို တွေ့ရှိရပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ (၈)ရက်တွင် ပြည်ထောင်စု လွှတ် တော်က ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ (၈)ရက်တွင် ပြည်ထောင်စု လွှတ် တော်က ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်သည်။
၂၀၁၄အတွင်း တပြည်လုံး အပစ် ရပ်နိုင်မယ်လို့ မျှော်လင့်ရ
ဆွေးနွေးပွဲမှာ အဓိကအားဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကို တိုင်း ရင်းသား တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အလုပ် အမှုေ ဆာင် ကော်မီတီတို့ ချင်းမိုင်မှာ ဆွေးနွေးကြပြီး အချက် တော်တော် များများ သဘောတူညီ ခဲ့ကြပါတယ်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဗုဒ္ဓရုပ်ပွားတော် တစ်ထောင် - အကောက်တောင်သို့
ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပြည်မြို့ အနီးရှိ အကောက်တောင်ကို အထူးစိတ်ဝင်စား လျက်ရှိပြီး သွားရောက်လည်ပတ်မှုရှိလာကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်မင်းလှိုင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
၂၀၁၃ အတွင်း လက်ဆင့်ကမ်း အများဆုံးသတင်းတွေ
၂၀၁၃ ခုနှစ်အတွင်း ဘီဘီစီ သတင်းဝက်ဆိုဒ် ကနေ လူတွေ စိတ်ဝင်စားကြလို့ ဆိုရှယ် မီဒီယာတွေ ကနေတဆင့် ရှယ်ကြတာ အများဆုံး သတင်းတွေ ထဲက သတင်းတချို့ ကိုရွေးပြီး တင်ပြရရင်တော့ နှစ်စ ဇန်နဝါရီလ ထဲမှာ ရှယ်တာ အများဆုံးသတင်း တခုကတော့ ဟာဝိုင်ယီ ဘက်မှာ ငါးဖမ်းပိုက်တန်း တခုနဲ့ ငြိနေတဲ့ လပိုင်ငါး တကောင် က ရေငုပ်သမား တယောက်ဆီကို ကြိုးစား ချဉ်းကပ်ကူးလာပြီး သူ့ လွတ်မြောက်ရေး အတွက်အကူအညီတောင်းတဲ့ ပုံ လုပ်ပြတဲ့အတွက် ရေငုပ်သမား ကလည်း ပိုက်ကို ကြိုးစားဖြတ်ပေးလို့ လပိုင်ငါး လွတ်မြောက်သွားနိုင်တဲ့ သတင်းပါ။
အသက် ၁၈ နှစ်ပြည့်မှ သာဖတ်ပါရန်
မေးခွန်း။ ၃ လခံ တားဆေးက ကလေးရအောင် အနည်းဆုံး တစ်နှစ်လောက် ပြန်စောင့်ရတယ်လို့ ဆရာပြန်ထားတဲ့ စာထဲမှာ တွေ့ရပါတယ်။ အမျိုးသားက နယ်ကို မသွားခင် ကလေး လိုချင်ပါတယ်။ တားဆေးကို တစ်ခါထိုးပြီး ဆက်မထိုးတာ ၂ လရှိပါပြီ။ ရာသီလည်း ပြန်မပေါ်သေးပါဘူးဆရာ။ ဆီးစစ်တာလည်းမပေါ်ပါဘူး။ ကေသီပန် သောက်ပြီး ရာသီ ပြန်ပေါ်အောင်လုပ်ရင် ကလေးရ ဖို့မြန်နိုင်မယ် ထင်လို့ပါ။ အဲဒါလေးသိချင်ပါတယ်။ အတူနေရင် အတွင်း အဝ အစပ်က ပူပြီး နာနေပါတယ်။ အဲဒါ ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။
မေးခွန်း။ ၃ လခံ တားဆေးက ကလေးရအောင် အနည်းဆုံး တစ်နှစ်လောက် ပြန်စောင့်ရတယ်လို့ ဆရာပြန်ထားတဲ့ စာထဲမှာ တွေ့ရပါတယ်။ အမျိုးသားက နယ်ကို မသွားခင် ကလေး လိုချင်ပါတယ်။ တားဆေးကို တစ်ခါထိုးပြီး ဆက်မထိုးတာ ၂ လရှိပါပြီ။ ရာသီလည်း ပြန်မပေါ်သေးပါဘူးဆရာ။ ဆီးစစ်တာလည်းမပေါ်ပါဘူး။ ကေသီပန် သောက်ပြီး ရာသီ ပြန်ပေါ်အောင်လုပ်ရင် ကလေးရ ဖို့မြန်နိုင်မယ် ထင်လို့ပါ။ အဲဒါလေးသိချင်ပါတယ်။ အတူနေရင် အတွင်း အဝ အစပ်က ပူပြီး နာနေပါတယ်။ အဲဒါ ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။
ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ
မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။
မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။
အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပမည်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၃၁ ရက်မှ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ထိ စီစဉ်ကျင်းပ ဆောင်ရွက်ကြမည် ဖြစ်သည်။
အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပမည်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၃၁ ရက်မှ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ထိ စီစဉ်ကျင်းပ ဆောင်ရွက်ကြမည် ဖြစ်သည်။
ရှမ်းမြောက် နမ့်ခမ်းတွင် မူးယစ်ဆေးဝါး (၁၁၈)သိန်းကျော်ဖိုးဖမ်းဆီးရမိ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း မူးယစ်ဆေးဝါး တာဆီးနှိမ်နှင်းမှုများ
အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသောကြောင့် ယခုရက်ပိုင်းတွင်
မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမှောင်ထဲမှာလင်းတဲ့ ၀က်တွေ တရုတ်ဖန်တီး
ဝက်သားပေါက်တွေကို ဂျယ်လီငါး DNA ထိုးထည်းပြီးတဲ့နောက် အမှောင်ထဲမှာ လင်းတဲ့ ၀က်တွေအဖြစ် သိပ္ပံပညာရှင်တွေက ပြောင်းလဲပေးလိုက်ပါတယ်။
၂၀၁၈ တွင် တစ်ကမ္ဘာလုံးကားဈေးကွက်၌ အစီးရေ သန်း၁၀၀ ရောင်း ချနိုင်မည်လား
တစ်ကမ္ဘာလုံးရှိ ကားထုတ်လုပ်ရေးများစွာက ထုတ်လုပ်လိုက်သော ကားအစီးရေ ၈၂ သန်းကိုယခုနှစ်အ တွင်းရောင်းချနိုင်ပြီးဖြစ်ကြောင်းသိရသည်။ လာမည့် ၂၀၁၈ ခုနှစ်အတွက် ကားအစီးရေ သန်း ၁၀၀ ကိုရောင်းချ သွားနိုင်မည်ဟု ထုတ်လုပ်ရေးတို့က ခန့်မှန်းထားကြ ကြောင်း ဒက်ထရွိုက်စ်ပရက်စ် က ဖော်ပြထားသည်။
အင်းတော်မြို့နယ် တာဖလားရွာအနီး လူတစ်ဦး ဆင်နင်း၍ သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် တာဖလားရွာအနီး သစ်ထုတ်ရေးစခန်းတွင် လူတစ်ဦး ဆင်နင်း၍ သေဆုံးသွားကြောင်း သိရသည်။
ချစ်သူ မိန်းကလေးကို သ၀န်တိုပြီး ဓား ၄ ချောင်းတိတိနှင့် အချက်ပေါင်း ၈၃ ချက် ထိုးပြီး သတ်ခဲ့သည့် အချစ်ကြီး၍ အမျက်ကြီးခဲ့သူ တစ်ယောက်
အင်္ဂလန် နိုင်ငံ၊ ဒါဘီ ရှိုင်းယား အရပ် ဒေသ မှာ ဖြစ်ပွား ခဲ့တဲ့ လူသတ် မှုနဲ့ ပတ် သက် ပြီး တရား ရုံး က စီရင် ချက်ချ မှတ် လိုက် ပြီဖြစ် ပါတယ်။
ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲအနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပြီးအဝတ်ဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင်တစ်ပါးမှ ကောက်ယူသဖြင့် အဖော်ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန်ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့
မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေ ထိုင်နို င်ပြီဖြစ်ေ ကြာင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို
ရန်ကုန်- သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက် ကို ပြင်ဆင် မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရပြီး Touch Screen နှစ်ဖက်ပါရှိသည့် Grippity Tablet
လူအများစု ဟာ Touch Screen Device တွေကို အသုံးပြုတဲ့အခါမှာ လက်မ နှစ်ချောင်းကို အများဆုံး အသုံးပြုကြရပါတယ်။ Grippity က အဲဒီ အသုံးပြုပုံကို ပထမဆုံး ပြောင်းလဲ ပေးနိုင်တဲ့ Tablet ဖြစ်ပါတယ်။
Saturday, 28 December 2013
လယ်သမားဆင်းရဲမွဲတေမှု ဖြေရှင်းဖို့ ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်း ရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာ စိုက် ပျိုးရေနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း
နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက် လှူဒါန်းသွားခဲ့ကြောင်း သိရသည်။
ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး
အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်း သိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။
Friday, 27 December 2013
ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်
ရန်ကုန်မြို့တွင်း
ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်
ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့်
ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။
ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် သာရှိကြသည့်
ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့်
အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က သတင်းထုတ်ပြန်ထားသည်။
အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်
မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။
Thursday, 26 December 2013
KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော
KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက
ရှမ်းတိုင်းရင်းသား အများ စုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA
အင်ဘာပါတပ်စခန်းမှာ သင်တန်း တက်နေ ရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက
ပြောဆိုသည်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့
၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော
အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း
ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က
ထုတ်ပြန်သည်။ ဇန်နဝါရီလနှင့်
နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ
၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း
အစီရင်ခံစာက ဆိုသည်။
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း များနှင့်
ဆွေးနွေးပွဲပြု လုပ် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်
လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက် ရှိ သည့် နိုင်ငံရေးပါတီများနှင့်
တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ပြောကြားသည်။
မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်
မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ
ကိုင်ဆောင် အသုံးပြု သည့် သေနတ် မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့် ထံမှ
ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား
ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ
အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့် အသုံးပြု ခဲ့ပြီး တင်ဆက်ပြသမှုများအား
တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့်
ကူညီ ခဲ့ခြင်း သာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက် တွင် ပြောကြား ခဲ့သည်။
Wednesday, 25 December 2013
မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင်
ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ
ဝင်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ
ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင်
သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း
စိုးရိမ်စရာမရှိကြောင်း သိရသည်။
ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရ မိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင် အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် . . . |
Subscribe to:
Posts (Atom)