ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲအနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပြီးအဝတ်ဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင်တစ်ပါးမှ ကောက်ယူသဖြင့် အဖော်ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန်ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသော ကိုရင် ရှင်စိဏ္ဏာသည် မုံးစီးတိုက်နယ် ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသ လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်ဖြစ်ပွား ရသည့် အခြေအနေ အသေးစိတ်အား စုံစမ်းဖော်ထုတ် လျက် ရှိကြောင်း သတင်းရ ရှိသည်။
မြ၀တီ
No comments:
Post a Comment