Wednesday, 22 August 2012

သာကေတ တံတားသစ် တစ်စင်း ထပ်မံ ဆောက်လုပ်မည်

ငမိုးရိပ်ချောင်းကို ဖြတ်ကျော်၍ ပုဇွန်တောင် မြို့နယ်နှင့်ဒေါပုံမြို့နယ်တို့ကို ဆက်သွယ် ဆောက်လုပ် ထားသည့် သာကေတ သံပေါင်တံတား အစား တံတားတစ်စင်း ထပ်မံ အစားထိုးသွားရန် အစီအစဉ် ရှိကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေး မှူး ဦးကျော်လင်းက ယနေ့ပြုလုပ်သော လမ်းတံတား အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ တံတားအသစ်ကို အထက် ပုဇွန်တောင် လမ်းမကြီးနှင့် သုမန လမ်းမကြီးနှင့် ဇင်္ဂမ လမ်းမကြီး အကြားတွင် အူကြောင်း လျာထား ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ယင်း ဝန်ကြီးဌာန၏ မြေပုံ အရ သိရသည်။ယင်း သာကေတ တံတားကို ပြည်ပမှ ပေးသည့် အကူအညီဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး တံတားအလျား ပေ ၉၀၀ ခန့်ရှိမည် ဖြစ်ကြောင်း ၎င်း ဝန်ကြီးဌာန၏ ကြိုတင် ခန့်မှန်းချက် အရ သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ပြည်ပ အကူအညီ ရယူ၍ ဆောက်လုပ်မည့် တံတားများမှာ သာကေတ တံတားအ အပါအဝင် ခုနှစ် ခုရှိပြီး ရန်ကုန်မြို့  အတွင်း တံတား လေးစင်း ရှိကြောင်း ၎င်း အလုပ်ရုံ ဆွေးနွေးပွဲ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

No comments:

Post a Comment