လတ်တလော ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေ ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့
ရခိုင်တိုင်းရင်း သား တွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက သတ်မှတ်ထားပေမဲ့
ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီ အစစ် မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင် စစ်တကောင်း သားတွေ
ဖြစ်ပါတယ်။
ဘင်္ဂါလီလူမျိုးတွေဟာ
အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အဓိက
နေကြပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဒီနှစ်နယ်ကို တပေါင်းတည်း
ဘင်္ဂလားပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခု အိန္ဒိယလွတ်လပ် ရေးကြေညာတော့မှ
ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများတဲ့ အနောက် ဘင်္ဂလားနဲ့ တြိပူရတို့ဟာ အိန္ဒိယဘက်ခြမ်းက
ပြည်နယ် နှစ်ခု ဖြစ်သွားပြီး အစ္စလမ်ဘာသာဝင်များတဲ့ အရှေ့ဘင်္ဂလား က
အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ်။ အရှေ့ပါကစ္စ တန် ဟာ ၁၉၇၁ ခုမှာ လွတ်လပ်တဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာပါတယ်။
တစ်ကမ္ဘာလုံးမှာ
ဘင်္ဂါလီလူမျိုးဦးရေ သန်း ၃၀၀ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅၆ သန်း၊
အိန္ဒိယနိုင်ငံမှာ သန်း ၇၀၊ ပါကစ္စ တန်၊ ဗြိတိန်၊ မလေးရှားနဲ့
အာရပ်နိုင်ငံတွေမှာလဲ အတော်များများရှိကြပါတယ်။ ဟန်တရုတ် လူမျိုးပြီးရင်
ဘင်္ဂါလီ လူမျိုး ဟာ ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။
ဘင်္ဂါလီလူမျိုးအားလုံးရဲ့ ၅၀% ဟာ မွတ်ဆလင်တွေ ဖြစ်ပြီး ၄၈% ကတော့ ဟိန္ဒူတွေ
ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်လက်ထက်နဲ့ အသောကမင်းကြီးလက်ထက်မှာ ဘင်္ဂလားဒေသဟာ
မဂဓတိုင်းထဲ ပါခဲ့ပါတယ်။
ဘင်္ဂါလီလူမျိုးတွေထဲက
ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ သိပ္ပံပညာ ရှင်တွေ
တော်တော်များများ ထွက်ခဲ့ပြီး အဓိကအားဖြင့် ဟိန္ဒူဘာသာဝင် ဘင်္ဂါလီတွေ
ဖြစ်ကြပါတယ်။ အာရှတိုက်က ပထမဆုံးနိုဘယ်ဆုရတဲ့ ကဗျာ ဆရာကြီး
ရာဘင်ဒြာနတ်သ်တဂိုး၊ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာ ဆတ္တယာဂျစ်ရေး၊
အိန္ဒိယလွတ်လပ်ရေး တော်လှန်ရေး ခေါင်းဆောင် ဆူဘတ်စ်ချန္ဒရာ ဘို့စ်၊
ကမ္ဘာကျော်သိပ္ပံပညာရှင် ဆာတယင်ဒြာနတ်သ်ဘို့စ်၊ နိုဘယ်ဆုရ စီးပွားရေးပညာ ရှင်
အမာရ်တီယာဆင်း၊ စာရေးဆရာမ အရွန်ဒါတိရွိုင်း၊ ဘီးတဲလ်စ်ဂီတသစ်အဖွဲ့ရဲ့ဆရာ
ဂီတပညာရှင်ကြီး ရာဗီရှန်ကာ တို့ဟာ ဘင်္ဂါလီဟိန္ဒူတွေဖြစ်ပြီး
အသေးစားငွေချေးလုပ်ငန်း တီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်
ယူနွတ်စ် ကတော့ ဘင်္ဂါလီမွတ်ဆလင် ဖြစ်ပါတယ်။
မြန်မာပြည်
လွတ်လပ်ရေးတိုက်ပွဲနဲ့ လွတ်လပ်ရေးခေတ် နိုင်ငံရေးသမိုင်းမှာပါဝင်ခဲ့တဲ့
ဘင်္ဂါလီတွေလဲ ထင်ထင်ရှားရှားရှိ ပါတယ်။ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲမှာ
ပါဝင်လှုပ်ရှားခဲ့လို့ ဗမာပြည်ကို နယ်နှင်ဒဏ်ပေးခံရတဲ့ မစ္စတာရာရှစ်ဟာ ဗိုလ်
ချုပ်အောင်ဆန်းတို့နဲ့ တစ်ခေတ်ထဲ ရန်ကုန် တက္ကသိုလ်ကို ရောက်လာပြီး ၁၉၃၆
ခုမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ကျောင်း သားသပိတ် ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဘင်္ဂါလီ
နိုင်ငံရေးသမားတွေဖြစ်တဲ့ မစ္စတာရာရှစ်နဲ့ ဦးခင်မောင်လတ်တို့ဟာ လွတ်
လပ်ရေးရပြီး နောက်မှာလဲ ဖဆပလအစိုးရထဲမှာ ဝန်ကြီးတွေအဖြစ်
ရွေးကောက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ
အတိုက်အခံဘက်မှာလဲ ဘင်္ဂါလီတွေ အရေးကြီးနေရာတွေက ပါခဲ့ဖူးပါတယ်။ ဗမာပြည်
ကွန်မြူနစ်ပါတီက ရဲဘော်ဂိုရှယ်၊ ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာလဲ အင်္ဂလိပ်က
နယ်နှင်ဒဏ်ပေးလို့ ဗမာပြည်ရောက်လာတဲ့ ဘင်္ဂါလီ တော်လှန်ရေးသမားတွေ ဖြစ်ပါတယ်။
ဗမာပြည်ကိုရောက်လာကြတဲ့
အဲဒီ ဘင်္ဂါလီတွေဟာ နယ်စပ်က ကူးဝင်လာတာတွေ မဟုတ်ဘဲ ကိုလိုနီခေတ်မှာ သင်္ဘောနဲ့
ရောက်လာတဲ့ ဘင်္ဂါလီဟိန္ဒူတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်၊
ဆရာမောင်သော်ကတို့က တော့ အဲဒီထက်စောပြီး မျိုးရိုးစဉ်ဆက်
ဗမာပြည်မှာနေခဲ့တဲ့ မွတ်ဆလင်တွေ ဖြစ်ပါတယ်။
စစ်တကောင်းစကားဟာ
ဘင်္ဂါလီစကားရဲ့ ဒေသိယစကား dialect ဖြစ်ပြီး ဘာသာဗေဒမှတ်တမ်း Ethnologue မှာ
သီး သန့်သင်္ကေတ cit လို့ပေးခဲ့ပါတယ်။ ရွင်ဂျာ အပါအဝင် စစ်တကောင်းစကားပြောသူ
၁၄ သန်းကျော်ရှိပါတယ်။ စစ်တ ကောင်းကို ဘင်္ဂါလီတွေက ချော့တော်ကလမ်း
သို့မဟုတ် ခေါ့တော် ကလမ်း chottogram လို့ ခေါ်ရာကနေ စစ်တ
ကောင်းသားဘင်္ဂါလီတွေကို ခေါ့တ် သို့မဟုတ် ခေါ့တော ကုလား လို့
နာမယ်တွင်သွားပါတယ်။ စစ်တကောင်း ဒေသဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့
နတ်မြစ်ပဲခြားတဲ့အတွက် နယ်စပ်ကျော်ခိုးဝင်သူတွေဟာ အဓိကအားဖြင့်
စစ်တကောင်းသား ဘင်္ဂါလီ (ခေါ့တ်) တွေ ဖြစ်နေပါတယ်။
ဒီကနေ့
ရွင်ဂျာလို့ခံယူနေသူတွေကို ဘာသာဗေဒမှတ်တမ်း Ethnologue မှာ ၂၀၀၇ ခုနှစ်အထိ
စစ်တကောင်းသား တောင်ပိုင်း လေယူလေသိမ်းလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇
ဒီဘက်မှာတော့ စစ်တကောင်းသား ဘာသာစကားကို ctg ၊ ရွင်ဂျာကို rhg
လို့ခွဲပေးလိုက်ပြီး ရွင်ဂျာ နဲ့ စစ်တကောင်းသား မတူသလိုလို
လုပ်ပြပေးခဲ့ရပါတယ်။ ဘာသာဗေဒ မှတ်တမ်း Ethnologue မှာ ဘင်္ဂါလီဘာသာစကားကို
ben လို့ သင်္ကေတသတ်မှတ်ထားပါတယ်။ စစ်တကောင်း စကားနဲ့ ဘင်္ဂါလီစကားဟာ ၄၃% ကနေ
၆၄% အထိပဲ တူညီတယ်လို့ ဆိုပါတယ်။ တောရွာတွေက စစ်တကောင်းသူမတွေဟာ မြို့ပေါ်က
ဘင်္ဂါလီစကားကို နားမလည်ဘဲ ရွင်ဂျာဆိုသူတွေနဲ့တော့ ရာနှုန်းပြည့်
ဆက်ဆံပြောဆိုလို့ ရပါတယ်။ သဘော ကတော့ စစ်တကောင်းစကားနဲ့ ရွင်ဂျာစကား၊
စစ်တကောင်းသားနဲ့ ရွင်ဂျာ လုံးဝတထပ်တည်း ဖြစ်ပါတယ်။
၁၈၂၄
ခု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးတဲ့အချိန်ကစခဲ့တဲ့ ဒီနယ်မြေချဲ့ထွင်မှုဟာ
အာရေဗျကျွန်းဆွယ်မှာ ၁၈ ရာစု အ တွင်း ပေါ်ပေါက်ခဲ့တဲ့ ဝါဟာဘီအခြေခံဝါဒနဲ့
ပေါင်းစပ်သွားရင် ဘာသာရေး အစွန်းရောက်ဝါဒအဖြစ် ပိုပြီးဆုတ်ယုတ်
ဖောက်ပြန်သွားမယ့် အလားအလာ ရှိနေပါတယ်။
ဥရောပတိုက်မှာ
ခရစ်ယန်အခြေခံ ဝါဒီတွေလွှမ်းမိုးလို့ အမှောင်ခေတ်ဖြစ်နေတဲ့အချိန်မှာ
အစ္စလာမ် နိုင်ငံတွေမှာတော့ သိပ္ပံ ပညာတွေ အနုပညာတွေ
ထွန်းကားပွင့်လန်းခဲ့ပြီး အစ္စလာမ်ရွှေခေတ်အဖြစ် ကမ္ဘာ့လူသားတွေကို
ဧရာမအကျိုးပြု ခဲ့ပါတယ်။ အဲဒီကာလမှာ မွတ်ဆလင် သိပ္ပံပညာရှင်တွေဟာ
အက္ခရာသင်္ချာနဲ့ တြိဂိုနိုမက်ထရီကို တီထွင်နိုင်ခဲ့ပါတယ်။ နယူတန်ခေတ်
မတိုင်ခင်မှာ ကဲလ်ကုလသင်္ချာရဲ့ အခြေခံတွေကို ချပေးနိုင်ခဲ့ပါတယ်။
ဆေးပညာနယ်ပယ်မှာ ခွဲစိတ်ကု ပညာကို တိုးတက်အောင်လုပ်ခဲ့ပြီး မေ့ဆေးသုံးတာလဲ
စလုပ်ခဲ့ပါတယ်။ လူ့ကိုယ်ခန္ဓာရဲ့ သွေးလည် ပတ်မှုစနစ်ကိုလဲ ပထမဆုံး ဖော်ထုတ်
နိုင်ခဲ့သလို အနာတွေမှာ ပိုးသတ်ဆေးသုံးတာကိုလဲ စလုပ်ခဲ့ပါတယ်။ ဒီခေတ်အတွင်း
ကဗျာဆရာ ကြီး အိုမာခယမ် ထွက်ပေါ်ခဲ့သလို တထောင့်တညပုံပြင်လို
ကြီးကျယ်တဲ့အနုပညာလက်ရာတွေလဲ မွတ်ဆလင် ကမ္ဘာမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီဘက်ခေတ်မှာလဲ
၂၀ ရာစုထဲမှာ ပေါ်ပေါက်ခဲ့တဲ့ တူရကီနိုင်ငံက ကီမဲလ်အတားတာ့က်လို
အမျိုးသားရေး ခေတ်မီရေး ခေါင်းဆောင်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
အားကျအတုယူခဲ့ရပါတယ်။ အိဂျစ်နိုင်ငံက နာဆာကိုလဲ နယ်ချဲ့စနစ် လက်အောက်က
လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ ကိုလိုနီနိုင်ငံတွေက အဖိနှိပ်ခံပြည်သူတွေ
အတုယူခဲ့ရပါတယ်။ အဲဒီတုန်းက ဆော်ဒီအာရေဗျနဲ့ တချို့အာရပ် ပဒေသရာဇ်
နိုင်ငံငယ် အနည်းစုကလွဲရင် ဝါဟာဘီဝါဒ ဘယ်လိုမှခေါင်းမထောင် နိုင်ခဲ့ပါဘူး။
ဒါပေမဲ့
အခုတော့ ဝါဟာဘီဝါဒ ကစလိုက်တဲ့ အစ္စလာမ် အစွန်းရောက်ဝါဒဟာ
အစ္စလာမ်ကမ္ဘာကိုရော၊ တခြားဘာသာဝင် နိုင်ငံတွေကိုပါ
အမှောင်ခေတ်ကြီးထဲဆွဲသွင်းဖို့ ခြိမ်းခြောက်နေပါပြီ။ အတားတာ့က် နဲ့ နာဆာ
တို့ရဲ့ ခေတ်သစ် အစ္စလာမ် ဝါဒကြောင့် အနောက်နိုင်ငံတွေရဲ့
အခြေခံအကျိုးစီးပွားတွေ အထိနာခဲ့လို့ လက်စားချေတဲ့အနေနဲ့ အစ္စလာမ်
အခြေခံဝါဒီ တွေကို အကန့်အသတ် နဲ့ မြှောက်ပေးနေ သလိုမျိုး တွေ့နေရပါတယ်။
ဒါပေမဲ့ ဝါဟာဘီမူရင်းစွဲဝါဒဟာ လမ်းမယူဘူး ဆို တာကို ၉/၁၁ မှာ ပြခဲ့ပြီး
ဖြစ်ပါတယ်။
ဘင်္ဂါလီတွေရဲ့ကျော်နင်းမှုကကော
ဘယ်လမ်းကိုသွားနေပြီး ဘယ်သူတွေက အားပေးအားမြှောက် လုပ်နေသလဲ။ လက်စ
လက်နတွေကတော့ တစတစပေါ်လာပါပြီ။ ဝါဟာဘီတွေက ပံ့ပိုးမှုမျိုးစုံနဲ့တွန်း၊
မွတ်ဆလင်မဟုတ်တဲ့ အနောက်တိုင်း ကလဲ အမျိုးမျိုးသော
အကျိုးစီးပွားမျှော်မှန်းပြီး အဖက်ဖက်က အားပေး။ ဘယ်လိုဘဲဖြစ်ဖြစ် ပြည်တွင်း
အာဏာပိုင်မပါရင်လဲ ကျော်နင်းသူတွေ ရှေ့တိုးလို့မရနိုင်တာ ထင်ရှားနေပါပြီ။
ဆောင်းပါးရှင် - ဂါမဏိ
No comments:
Post a Comment