မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Monday, 3 November 2014
တာချီလိတ်ခရိုင်ရှိ မြို့နှစ်မြို့တွင် အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံး
တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)တွင် အသက်(၂၇)နှစ်ရှိ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သတ်သေသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက် (၁၁)နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဟောင်ကောင်တွင် တိုက်ခန်းတစ်ခု၌ အမျိုးသမီးနှစ်ဦးအား သတ်ခဲ့သူကို ဖမ်းဆီးရမိ
(ဝမ်ချိုင်း)၏ တိုက်ခန်း တစ်ခု အတွင်းမှာ သေဆုံး နေသည့် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့သူ အသက်(၂၉)နှစ်အရွယ် အမေရိက(မာရေး-လိုင်းန်) ဘဏ်၏ အလုပ်သမား ဖြစ်သူ ဗြိတိန်လူမျိုး တစ်ဦးအား ဟောင် ကောင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကော်တောင်ကျွန်း လူသတ်မှု DSI ကိုယ်တွယ်ဖို့ စာတင်
ထိုင်း တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး စက်တင်ဘာ လလယ်က သတ်ဖြတ် ခံရမှုနဲ့ စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ၂ ဦး အမှုကို ထိုင်း အထူး မှုခင်း ဌာန DSI က ကိုယ်တွယ်ဖို့ စာတင် လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ဧည့်မထ စပါးတင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူမည်
ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ်စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေအရှုံး မပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူသွားမယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်းက ကြေညာလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အိုဘားမားနှင့် ဒေါ်စုတွေ့မည့်ရက် အခြေခံဥပဒေ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေ
၂၀၁၂ နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့aဆုံပြီး သတင်းစာရှင်း လင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ- အီးပီအေ)
နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး လာရောက် တက် မည့် အမေရိကန် သမ္မတ အိုဘားမားသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နိုဝင်ဘာ ၁၃ ရက်သည် အခြေခံဥပဒေအစီရင်ခံစာ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေသည်။
ဆက်လက်ဖတ်ရှုပါရန် »
ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြားမှ အပိုင်းပိုင်းပြတ်နေသော လူသေအလောင်းတွေ့ရှိ
ရေမဆေးကျောက် ရှာဖွေနေကြသူများ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
လစ်ဗျားအစိုးရလိုလားသော တပ်ဖွဲ့များက ဘင်ဂါဇီမြို့ အစိတ် အပိုင်းအချို့ကို ပြန်လည်သိမ်းပိုက်
စစ်တပ်က တပ်စွဲထားသည့် နေရာများအပါအဝင် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် ဘင်ဂါဇီ၏ နယ်မြေအစိတ်အပိုင်းအချို့ကို အစိုးရလိုလားသော လစ်ဗျားတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်၌ ပြန်လည် သိမ်းပိုက်ကြောင်း စစ်ဘက် သတင်းများက ဆိုသည်။ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးသည်ဟု ဆရာဝန်များက ဆိုသည်။
ဆက်လက်ဖတ်ရှုပါရန် »
စပါးဈေး ကျပ် သုံးသိန်းငါးသောင်းဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး ၎င်းဈေးထက် လျှော့မရောင်းရန် အသိပေး
နေပြည်တော်ရှိ လယ်ယာတစ်ခုမှ ထွက်ရှိလာသော စပါးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မိုးစပါး ဧက ၁၆ သန်းမှ စပါးများ ရိတ်သိမ်းတော့မည် ဖြစ်သည်။
ဧည့်မထ စပါး တင်း ၁၀၀ (တစ်တင်း ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုပါရန် »
အကြွေစေ့ ဂိမ်းဆိုင်များတွင် လောင်းကစားမှုရှိ
အကြွေစေ့ဖြင့် ကစားရသော တီဗီဂိမ်းဆိုင်များကို ငွေကြေးဖြင့် လောင်းကြေးထပ် ကစားခွင့် မပြုထား သော်လည်း မန္တလေးခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အချို့တွင် လောင်းကြေးထပ်ကစားခြင်းများ ရှိကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
စင်ကာပူသုံး အဆင့်မြင့် စက်သုံးဆီ တင်သွင်းရန် စီစဉ်
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စင်ကာပူနိုင်ငံသုံး အဆင့်မြင့် စက်သုံးဆီများ သုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် အရည်အသွေး ကန့်သတ်ချက်များကိုလည်း ပြင်ဆင်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ အသင်း အတွင်းရေးမှူးက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် »
မင်းပြားမြို့နယ် ဒေသအချို့တွင် ဆားငံရေ၀င်၍ လယ်ဧက ထောင်ချီ ပျက်စီး
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်စု (၃) ခုဖြစ်သော ကျွဲတက်၊ မညင်းပြင်နှင့် အိုင်ဝမ်း တို့တွင် ရာသီဥတု ဖေါက်ပြန်ပြီး ဒီရေများ ၀င်ရောက်ရာမှ စပါးမသီးဘဲ လယ်ဧက ထောင်နှင့် ချီပြီး ပျက်စီးသွားခဲ့ သည်ဟု သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
CR 7 အတွင်းခံ တစ်နှစ်ပြည့် အောင်ပွဲခံခဲ့တဲ့ ခရစ္စတီယာနို
စပိန်၊ စက်တင်ဘာ ၃။ ဘောလုံးကွင်းထဲမှာ ဂိုးတွေတဒိုင်းဒိုင်း သွင်းယူပြီးအောင်မြင်မှုတွေရရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကွင်းပြင်ပမှာလည်း စီးပွားရေးအရ အောင်မြင်မှုတွေ စိုက်ထူထားနိုင်ပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကျိုး၊ ငါးမိုင်ခန့်အထိ လမ်းများပိတ်ဆို့၊ လမ်းလွှဲတစ်ခု အမြန်လုပ်ကာ လမ်းရှင်းပေးနေရ
ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် တံတားတစ်စင်း ကျိုးပျက်မှုကြောင့် ငါးမိုင်ခန့်အထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးသို့သွားသည့် ကားများ ပုံမှန်ပြေးဆွဲ သည် ထက် ထက်ဝက်ခန့် လျှော့ချခဲ့ရပြီး လမ်းလွှဲကိုပြုလုပ်ကာ သွားလာနေကြရကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
CDMA 800 MHz ၇၃ ဖုန်းများ ပြန်သိမ်းဖွယ်ရှိနေ ပြန်သိမ်းပါက နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟုဆို
ပြောင်းလဲ လာသော နည်းပညာအပြောင်းအ လဲအရ ၇၃ ဖြင့်စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းက ပြန်လည်သိမ်းဆည်း သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေး နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အာရှ နားမကြားလူငယ်ဖိုရိမ် မြန်မာကိုယ်စားလှယ်များ တက်ရောက်
ကမ္ဘာ့နားမကြားအဖွဲချုပ်ရဲ့ ၇ ကြိမ်မြောက် အာရှနားမကြားလူငယ်ဖိုရမ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမိုရာ ဟိုတယ် မှာ ကျင်းပပြုလုပ်နေပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ရုပ်ရှင် အစည်းအရုံး ရွေးကောက် ပွဲတွင် ပါဝင် ရွေးချယ် ခံလို သူများ နိုဝင်ဘာ ၄ ရက်မှ စတင် လျှောက်ထား နိုင်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ် ရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ရာအမှု ဆောင်အသစ်အဖြစ် ပါဝင်ရွေးချယ်လိုသူများ နိုဝင်ဘာ ၄ ရက်မှ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သို့ လျှောက်ထား နိုင် ကြောင်းသိရသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အသစ် ရွေးချယ်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပမည်ဖြစ် သော်လည်း မူလက ကျင်းပရမည့် ဧပြီလတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ မှသာ ပြောင်းရွှေ့ ကျင်းပနိုင် ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထားသော်လည်း ၂ဝ၂ဝ ပြည့်နှစ် မှသာ ပြီးစီးနိုင်မည်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထား ခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ် ရောက်မှသာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း၏ ပြောကြားချက် အရ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
ယူ-၂၀ ကမ္ဘာ့ ဖ လား ၀င် ခွင့် ရ မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းတို့အား ဂုဏ်ပြုပွဲ ကျင်းပ
၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သော တတိယအကြိမ် မြောက် အရှေ့ တောင် အာရှ ဗိုဗီနမ်ချန်ပီယံ ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းနှင့် ၂ဝ၁၅ ခုနှစ် ဖီဖာ ယူ -၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာ ယူ-၁၉လက်ရွေးစင်ဘော လုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး ဦးတင့်ဆန်း တက်ရောက် ဂုဏ်ပြုခဲ့သည်။
ဆက်လက်ဖတ်ရှုပါရန် »
လူနာများလာ၍ ပင်လုံဆေးရုံတွင် ဓာတ်ကင်စက် ထပ်တိုး
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများအနက် ပထမဆုံး ကင်ဆာဓာတ်ကင်စက် တပ်ဆင်ထားသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပင်လုံဆေးရုံကြီးတွင် ကင်ဆာလူနာဦးရေ များလာသောကြောင့် ဓာတ်ကင်စက် တစ်လုံး နှင့် အခြားကင်ဆာရောဂါကု ဆေးပစ္စည်းတို့ကို နိုဝင်ဘာလ ၁ ရက်က စတင် ထပ်တိုးတပ်ဆင် ထားကြောင်း ယင်းဆေးရုံမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာဦးဝင်းမောင်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
တောင်ယာလုပ်နေသော ဒေသခံ ၁၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီး ချုပ်နှောင်
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၁၃ ဦးသည် အောက်တိုဘာ ၂၈ ရက် နေ့၌ တောင်ယာလုပ်ကိုင်နေစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)