နိုင်ငံတကာမှာ နှစ်စဉ်အောက်တိုဘာလ တတိယပတ် စနေနေ့တိုင်း ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ(၁၈)ရက်က ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ရန်ကုန် မြို့မှာသာမက မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှိတဲ့ နေရာအချို့မှာ တပြိုင်တည်းပြုလုပ် ခဲ့တယ်လို့ လည်း သိရပါတယ်။အမေရိကန်နိုင်ငံရှိ ရှေးဟောင်းသုတေသနပညာနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက နှစ်စဉ် အောက်တိုဘာလအတွင်းမှာ ရှေးဟောင်းသုတေသနပညာနေ့ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရာက (၂၀၁၁) ခုနှစ်မှာ စတင်ကာ အောက်တိုဘာလ တတိယပတ်အတွင်း ကျရောက်တဲ့ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
MRTV
Tuesday, 21 October 2014
အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိရန် မြ၀တီကုန်သည်ကြီးများ အသင်းစီစဉ်
ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ လွယ်ကူဖို့အတွက် မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ပြည်တွင်းမှ ကုန်သေတ္တာလုပ်ငန်းရှင်များအသင်းအပြင် high
way association အသင်းတို့ ပူးပေါင်းပြီး အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိသွားရန် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Trade Fair ကျင်းပခဲ့ရာ O Top စင်တာမှာ ကျင်းပခဲ့ပါတယ်။
မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းနေနဲ့ ဒေသတာဝန်ရှိသူတွေကို တင်ပြကာဦးစွာ အဝေးပြေး ယာယီအဖွဲ့ကို ထားရှိပြီး ထိုအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအဝေးပြေးသယ်ယူ ပို့ဆောင်ရေး အသင်းကို ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြ၀တီနဲ့ မဲဆောက်ကုန်သွယ်ရာမှာ ပို့ကုန်သွင်းကုန်မှန်သမျှကို ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်သယ်ယူနေတယ်လို့ သိရပါတယ်။

စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော
“တောင်သူများကို ငွေချေးပေးရာမှာ အချိန်စေ့ ပေးဆပ်ရန် ငွေကျေပြီးသူ ဖြစ်ရမည် ဟူသော စည်းကမ်းချက် ရှိပါသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရက်ကို ဖြေလျှော့ပေးရန် မဆောင်ရွက်နိုင်ပါ” ဟု စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နယ်အမတ် ဒေါက်တာ အောင်သန်း၏ အမေးကို တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတို့အား အောက်တိုဘာမှ ဇန်န၀ါရီအတွင်း ဘဏ်က ထုတ်ချေးပြီး တောင်သူက ဇန်န၀ါရီလအကုန်တွင် အကျေပြန်ဆပ်ရသည်။ ထိုသို့ချေးငွေ အကျေပြန်ဆပ်သည့် တောင်သူကိုသာ ဘဏ်က မိုးစပါးအတွက် စိုက်စရီတ်ချေးငွေ ထုတ်ချေးပေးသည့် စနစ်အား ဖြေလျှော့ပေးရန် ရှိပါသလားဟု ဒေါက်တာ အောင်သန်းက မေးခဲ့ခြင်းဖြစ်သည်။

ဒေါ်လာသန်းရာချီ ယူဆောင်ထွက်ပြေးသူ တရုတ်အရာရှိများ ဖမ်းမိရေး အကူညီတောင်း
တရုတ်အစိုးရက ဥပဒေအရ ခွင့်မပြုတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ရာချီတဲ့ ငွေတွေနဲ့ အတူ ထွက်ပြေးခဲ့တဲ့ တရုတ်အရာရှိ တွေကို လိုက်ဖမ်းရာမှာ တခြားနိုင်ငံတွေရဲ့ အကူအညီ တွေကို တောင်းခံ နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။
DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အစိုးရတပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူးကြီးစောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ်များရေချပွဲကျင်းပ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ် နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အနီး ဆိပ်ခံတံတား၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေယာဉ် လုပ်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ကြောင်း၊
သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။

အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
၂၀၁၅ တွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မပြုဟု ဦးတင်အေးပြော
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီးယင်းပြင်တင်ချက်အရ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ယခင် ခွင့်ပြုထားသည့် အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

လူသတ်မှု၊ လုယက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
၃.၈.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရဲဘော်ဟောင်းလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးရှိ စိုက်ခင်းတဲ အတွင်း အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါတဲတွင်နေထိုင်သော ဦးမောင်မောင်၊ (၆၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲ့နိုင်သေး
ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်ချိန်အထိ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ရမည့် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုဖွဲ့စည်းမှု လုပ်ငန်း အဆုံးမသတ်နိုင်သေးဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်၏ ဖြေကြားချက်က ဆိုသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ဇွန်လ ၄ရက်တွင် အတည်ပြုပြီးဖြစ်၍ ဗဟိုအဆင့် အဖွဲ့ ဖွဲ့ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတာဝန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။
"ဗဟိုအဖွဲ့ဖွဲ့ဖို့ အစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ထားပြီးပါပြီ။ အပြီးသတ်ဖွဲ့ဖို့က မကြာတော့ပါဘူး။ အဲဒီအချိန်ကျမှ ဆက်စပ် ကော်မတီတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထပ်ဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်လုပ်မှာပါ"ဟု ရဲမှုးချုပ် စိုးမြိုင်က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ သတ်မှတ်ချိန်တွင် မဖြစ်မနေကျင်းပပေးရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်ရုံ သာမက ရွေးကောက်ပွဲကျင်းပရန် သတ်မှတ် ထားသည့်အချိန်အ တိုင်း မဖြစ်မနေ ကျင်းပပေးရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။
ရုံးပတီသီးမှ သင်ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ရုံးပတီသီးကို (အင်္ဂလိပ်လို Okra, Gumbo ၊ Lady Lady’s Finger )လို့ သိရပြီး အဓိကအားဖြင့် နွေရာသီ အချိန်မှာ ရရှိနိုင်တဲ့ ရာသီပေါ်အသီးအရွက် တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးကို အာဟာရတွေနဲ့ ဗင်တာမင်မြောက် များ စွာပါဝင်တဲ့ စွမ်းအင်သိုလှောင်ရာ နေရာလို့တောင် ခေါ်ဝေါ်ပြောဆိုကြပါတယ်။
ထိုင်းနှင့် မလေးရှားတွင်လည်း မြန်မာများ မဲပေးနိုင်တော့မည်
ထိုင်း နှင့် မလေးရှားနိုင်ငံများတွင် တရား ဝင်ရောက်ရှိနေသူအရေအတွက် များပါက ထိုသူများ မဲပေးနိုင်ရန် ယင်းနိုင်ငံများတွင် မဲရုံများ သွား ရောက် ဖွင့်လှစ်ပေးမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ

နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ် ခံရဖြစ် ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ် ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည် မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီ တုန်းက မရွေးဘူး ဆိုတော့လည်း ၀မ်းမနည်းပါဘူး။ ကိုယ့်ရဲ့ အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကို ထိခိုက်စေ တဲ့ ပုံစံမျိုးဆိုရင် ဘယ်လိုမက်လုံးပေးပေးလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်လာပြီး မြေတောင်မြှော က်ပေး မယ့်လူဆိုရင် မကောင်းတာလုပ်ခိုင်းမှာ မဟုတ်ဘူး။ ကောင်းတာပဲခိုင်းမှာ။ ကောင်းသောအမည်နဲ့ ကောင်းသော ကျော်ကြားခြင်းကို ပဲ ဖြစ်အောင်လုပ်ခိုင်းမှာပါ==လို့ ဆိုပါတယ်။
အိမ်ထောင်ပြုမယ့် ယနေ့ခေတ်လူငယ်တွေအတွက် မှတ်သားစရာ

အမျိုးသားအတော်များများက မိန်းမတွေကို လက်ထပ်လိုက်ပြီဆိုရင် သူတို့ပျော်ရွှင်မှုအတွက် အသုံးတော်ခံ အဖြစ်သာ ထင်မှတ်ထားတတ်ကြများပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စဉ်းစားဆင်ခြင်ကြည့်စေ လိုပါတယ်…
မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို တယ်လီနောက ဈေးနှုန်းမြှင့်ရောင်းချမည်

နိုင်ငံတကာတွင်ရောင်းချနေသည့် ပုံစံအတိုင်း မိုဘိုင်းဖုန်းနံပါတ်အလှနှင့် အပူးဂဏန်းများကို ဈေးနှုန်းမြှင့် ကာ သီးသန့်ရောင်းချရန် စီစဉ်ထားကြောင်း တယ်လီနော(မြန်မာ)မှ သိရသည်။
"အတုယူစရာ ဖင်လန်နိုင်ငံ ပညာရေးစနစ်"
မြန်မာနိုင်ငံပညာရေးစနစ်ဟာ အချိန်ကာလတစ်ခုအထိ စနစ်တကျဖျက်ဆီးခြင်းခံခဲ့ရတာ လူတိုင်း အသိပါပဲ။ အခုတော့ ဒီမိုကရေစီစနစ်အရ ပွင့်လင်းမြင်သာမှုနဲ့အတူ အခြေခံ အကျဆုံး ပြုပြင်ပြောင်းလဲမှု စတင်ပြုလုပ် ရမှာ ပညာရေးစနစ်ဆိုတာ သဘောပေါက်ခဲ့ကြပါတယ်။
မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး
မြန်မာယူ-၁၉အသင်း ကာတာအသင်းကို ရှုံးနိမ်ခဲ့သော်လည်း အသင်း၏ပြိုင်ပွဲဝင်စိတ် ဓာတ်နှင့်ခြေစွမ်း အပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။
လေယာဉ် မတော်တဆမှုကြောင့် Total ရေနံကုမ္ပဏီ၏ အမှုဆောင်ချုပ် သေဆုံး

Photo - CNBC
ပြင်သစ်ရေနံကုမ္ပဏီကြီး Total ၏ အမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျရီသည် ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ် မတော်တဆမှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။
Subscribe to:
Posts (Atom)