Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts
Saturday, 17 October 2015
ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်ငွေစက္ကူအတုတွေ့ရှိမှု များလာ
အောက်တိုဘာလ ဆန်းမှစတင်၍ ရခိုင်ပြည်နယ်အ တွင်း မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူအတု တွေ့ရှိရမှုများပြားနေကြောင်း သ တင်းရရှိသည်။‘‘ဘဏ်ကို ငွေသွင်းလာတဲ့ လူတွေမှာ အများဆုံးတွေ့လာရ တာ ဖြစ်ပါတယ်။ အပြင်မှာတော့ ဘယ်လောက်ထိ ပြန့်နေမလဲဆို တာကို မပြောတတ်တော့ပါဘူး။ အရင်ကလည်း ပျောက်နေပြီးတော့အခုအောက်တိုဘာလဆန်းပိုင်း ကစပြီး အများဆုံးတွေ့လာရတာ ဖြစ်ပါတယ်’’ဟု မင်းပြားမြို့နယ်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြော သည်။ ရခိုင်ပြည်နယ်တွင် တစ် သောင်းတန်ငွေစက္ကူအတုပျံ့နှံ့ နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အများစုသည် ငွေအတု၊ အစစ်ခွဲ ခြားမသိ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ငွေအတုများကို အစစ်နှင့် ရောနှောလက်ခံမိကြောင်း မြောက်ဦးမြို့မဈေးတွင် ကုန်မျိုးစုံရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။
Thursday, 22 January 2015
ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို
ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍ ဒေသတွင်းအခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများရှိနေသော်လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သားတစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိ ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ဆေးစာလည်း ထွက်လာပါပြီ။ အဓမ္မပြုကျင့်တာ မြောက်၊ မမြောက် သေချာသိဖို့ ဓာတုဗေဒရုံးကို ဆက်ပို့ထားတယ်’’ဟု ပြည်နယ်အဆင့်ရဲအရာရှိတစ်ဦးကပြောသည်။
Tuesday, 21 October 2014
အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
Thursday, 16 October 2014
မော်ဒယ်အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့ နှစ်ဦးသဘောတူ လက်ထပ်လုနီးပါး ဖြစ်ခဲ့ဟု တရားခံ ရှေ့နေတင်ပြ
သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်း အဖြစ် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။
Tuesday, 15 April 2014
စကားများရန်ဖြစ်ရာမှ ဓါးနှင့်ထိုးခဲ့၍ သေဆုံး
ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ
ရပ်ကွက်နေ မလွင်လွင်ငြိမ်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ
အောင်ဇော်မိုးမှာ အေးရွာရပ်ကွက်၊ သီတာအေးဘုန်းကြီးကျောင်းအနောက်
လမ်း၌ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
မောင်ဖြစ်သူအား ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို
တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ မောင်ဖြစ်သူ အောင်ဇော်မိုးနှင့် တစ်ရပ်ကွက်တည်းနေ
အောင်မျိုး၊ (၃၀)နှစ်၊ အေးရွာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူတို့သည် ကလေးများရန်ဖြစ်သည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်စဉ် အောင်မျိုးမှ
အသင့်ပါလာသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Subscribe to:
Posts (Atom)