Wednesday, 23 July 2014

လုပ်ကြံထားသည့် MH17 လေယာဉ်ဖြစ်ရပ် ဇာတ်လမ်းများကို ရုရှားပြည်သူများ ယုံကြည်နေကြ

မလေးရှားလေကြောင်းလိုင်း ပိုင် MH-17 လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံသားများကို ရုရှားအာဏာပိုင်များက မီဒီယာမှ တစ်ဆင့် သတင်းမှားများပေးကာ အယုံသွင်းနေသည်ဟု အေပီသတင်း ဌာနတွင် ဖော်ပြထားသည်။လေယာဉ်ပေါ်ပါ လူစုစုပေါင်း ၂၉၈ ဦးလုံးသေဆုံးခဲ့ရသည့် MH-17 လေယာဉ်အဖြစ်ဆိုးနှင့် ပတ်သက် ၍ ရုရှားမီဒီယာများက ကြေညာ ချက်အမျိုးမျိုး ထုတ်ပြန်နေသော် လည်း ထိုထုတ်လွှင့်မှုများအားလုံး သည် ယူကရိန်းနိုင်ငံကိုသာ အပြစ် တင်ထားသည်။၎င်းတို့တွင် လေယာဉ်ဖြစ်ရပ် ဆိုး၌ ရုရှားနိုင်ငံပါဝင်နိုင်ဖွယ်ရှိ သည်ဟူ၍ပင် မထုတ်လွှင့်ကြပေ။လေယာဉ်ဖြစ်ရပ်နှင့်ပတ်သက် ၍ အနောက်နိုင်ငံများအားလုံးနီးပါး တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည့် MH-17 လေယာဉ်အား ယူကရိန်းသူပုန်များက ရုရှားနိုင်ငံမှ လက်နက်ဖြင့် ပစ်ချခဲ့ သည်ဟူသော ပြောစကားကိုယုံကြည် နေကြသော်လည်း ရုရှားနိုင်ငံသား အများစုကမူ ထိုဖြစ်ရပ်ကို ယူကရိန်းစစ်တပ်အပေါ် အပြစ်တင်ထား သည့် လုပ်ကြံဇာတ်လမ်းများကို ယုံကြည်နေကြသည်ဟု အေပီသတင်း အရသိရသည်။လေယာဉ်ပျက်ကျခဲ့သည်ဟူသော သတင်းပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ရုရှားနိုင်ငံ၏ ထင်ရှားသော ရုပ်သံတင်ဆက်သူ တစ်ဦးက ယင်းသည် ဘရာဇီးမှပြန် လာသော ရုရှားသမ္မတပူတင်အား လုပ်ကြံရန် ကြိုးပမ်းမှုဟု ဆိုသည်။

မျက်ကန်း တစ္ဆေ ငြိမ်းချမ်းရေးမဖြစ်စေလို

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ယခုအခါမှာ အဓိကထားဆောင်ရွက်နေတာတွေကို မြင်တွေ့ရပါတယ်။နိုင်ငံတော်သမ္မတရဲ့ ဦးစားပေးဆောင်ရွက်မှုဟာလဲ ပြည်တွင်းစစ်ငြိမ်းချမ်းခြင်းဘဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုအဓိကထား ဦးစားပေးဆောင်ရွက်လာသည့်အတွက် တဘက်မှ နိုင်ငံတော်တိုးတက်ရေးအတွက် များစွာနောက်ကျမှုတွေရှိလာပါတယ်။တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲရလဒ်များ၏ အခြေခံအချက်ကိုကြည့်မယ်ဆိုရင် ဒေသခံတိုင်းရင်းသားပြည်သူလူထု၏ အကျိုးအမြတ်ကို မကြည့်ဘဲ မိမိအဖွဲ့အစည်းလုပ်ပိုင်ခွင့်ရရှိရေး၊ နယ်မြေစည်းမျဉ်းများ သတ်မှတ်ရေး၊ ဖက်ဒရယ်တပ်မတော်၊ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး စသည်တို့ကိုသာအဓိကထားတောင်းဆိုလာကြတာကိုတွေ့ရှိရပါတယ်။ခေါင်းစဉ်ကဒေသခံတိုင်းရင်းသားများလွတ်မြောက်ရေး သို့ပေမယ့်လည်း ခုအချိန်အထိဒေသခံတိုင်းရင်းသားတို့အတွက်ငြိမ်းချမ်းရေးကိုမဆောင်ရွက်နိုင်သေးပါဘူး။ယခု ကချင်ပြည်နယ်၊လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှစတင်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပါဝင်သည့် ထိပ်သီးညီလာခံကို ကျင်းပပြုလုပ်ရန် တိုင်းရင်းသားခေါင်းဆောင်များဦးဆောင်ကာ လိုင်ဇာသို့သွားရောက်နေကြပါပြီ။ လိုင်ဇာဆွေးနွေးပွဲအပြီး သြဂုတ်လ လဆန်းပိုင်းလောက်မှာလည်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်လို့သိရှိရပါတယ်။ ဆွေးနွေးပွဲတွေသာ အကြိမ်ကြိမ်တွေ့ဆုံလာသော်လည်း ငြိမ်းချမ်းရေးလက်မှတ် မရေးထိုးနိုင်သေးတဲ့အတွက် ကျွန်တော်များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု စစ်ဘေးဒဏ်ကြောင့် အမိတကွဲ၊အဖတကွဲ ဘဝကနေ ဘယ်တော့များမှ လွှတ်မြောက်ကြရမှာလဲ။

တရုတ် ပတ်စ်ပို့အတုထုတ်ပေးသူဟု စွပ်စွဲခံရသူက ငြင်းဆို

တရုတ်နိုင်ငံသို့ သွားသူ သုံးရာကျော်အား ယာယီနိုင်ငံကူး လက်မှတ်အတုထုတ်ပေးခဲ့သူဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ စွပ်စွဲခံရ သော ကိုဇေယျာအောင်က ၎င်းမှာ ပတ်စ်ပို့အတု ပြုလုပ်ပေးသူမ ဟုတ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် ငြင်းဆိုသည်။
ကိုဇေယျာအောင်က ၎င်း သည် တရုတ်နိုင်ငံကြယ်ခေါင်မြို့ တွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်  ထားပြီးကြယ်ခေါင်ရှိ မြန်မာနိုင်ငံ အလုပ်သမားများကို လွယ်ဂျယ် နယ်စပ်ရှိ မြန်မာလ၀ကမှ ယာယီပတ်စ်ပို့ရရှိရန် ကြားပွဲစားအဖြစ် ၀န်ဆောင်မှုပေးနေသူဖြစ်ပြီး အတုလုပ်သူ မဟုတ်ကြောင်း 7Day Daily အား ပြောသည်။
ထိုသို့ ပတ်စ်ပို့ကြားပွဲစားအ ဖြစ် ဆောင်ရွက်ပေးသည့်အတွက် တစ်ဦးလျှင် ၀န်ဆောင်ခကျပ်တစ် သောင်းသာယူကြောင်း ၎င်းက ပြောသည်။‘‘ကျွန်တော်က အတုလုပ် ပေးတဲ့သူမဟုတ်ပါဘူး။ အခုကျွန် တော်မူဆယ်လည်းဈေးဝယ်သွား တယ်။ ကြယ်ခေါင်မှာလည်းနေ တယ်။ သံသယရှိတယ်ဆိုပြီးဖမ်း စီးစစ်ဆေးတာတွေလည်းအခုထိ မရှိသေးပါဘူး။ ဒီကိစ္စကို လ၀က ကိုရှင်းပြချင်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာအားလုံးက လွယ်ဂျယ် က လ၀ကနဲ့လုပ်ခဲ့တာပါ။ သူတို့ အားလုံးကပြောင်းသွားတာကြာ ပြီ။ သက်သေဆိုလို့ သူတို့နဲ့လုပ်ခဲ့ တာတွေကိုပြောပြရမှာပါပဲ။ အ စစ်ပဲ လုပ်ခဲ့တာပါ’’ဟု ကြားပွဲ စားအဖြစ် လေးနှစ်ကျော်လုပ်ကိုင် ပေးခဲ့သူ ကိုဇေယျာအောင်က ပြောသည်။

ဖွတ်မရ ဓားမဆုံးသည့် ကန့်ဘလူမှ တောင်သူများ

“ဟေ့ … လက်ထိပ်ခတ်ဖို့ မလိုဘူးကွ၊ ဒါ ရာဇ၀တ်မှု မဟုတ်ဘူး၊ ငါ့မြေငါ့ယာမှာ ငါ့လုပ်ငန်း ငါလုပ်တာကို မတရား ဖမ်းဆီးထောင်ချတာ။ လက်ထိပ် မခတ်နဲ့၊ အခတ်မခံနိုင်ဘူး” ဆိုသော အသံသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တရားရုံးခန်း အတွင်းမှ ဟိန်းထွက်လာသည့် အသံများထဲမှ တခု ဖြစ်သည်။
ထောင်ဒဏ် စီရင်ခြင်းခံရသော လယ်သိမ်းခံ တောင်သူများနှင့် ရဲများအကြား တွန်းထိုးလှုပ်ရှားမှု အနည်းငယ် ဖြစ်ပွားသွားသည်။ တရားရုံး ပြင်ပမှ စီရင်ချက်ကို စောင့်နားထောင်နေသော မြေသိမ်းခံ တောင်သူများထံမှ တောက်ခေါက်သံများ၊ မတရား မလုပ်ကြရန် ၀ိုင်းဝန်း အော်ဟစ်သံများ ပေါ်ထွက်လာသည်။ဇူလိုင်လ ၁၇ ရက်နေ့တွင် ကန့်ဘလူ မြို့နယ်အတွင်း ကျေးရွာများမှ လယ်မြေအသိမ်းခံ မူလလယ်မြေ ပိုင်ရှင်များကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲကာ ထောင်ဒဏ် ချမှတ်နေခြင်း ဖြစ်သည်။ ယင်းတောင်သူများသည် စစ်တပ်က သိမ်းယူထားသော ၎င်းတို့၏ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယခုနှစ်ဆန်ပိုင်းမှ စတင်ပြီး ထွန်တုံးတိုက်ပွဲဝင်ခဲ့ရာမှ ပြစ်ဒဏ်စီရင် ချမှတ်ခံရခြင်း ဖြစ်သည်။

လွတ်မြောက်နေဆဲ တရားခံများ

ညနေခင်းကတည်းက လမ်းလျှောက်ထွက်သွားသော အသက်(၇၀)ကျော် ဖခင်ဖြစ်သူသည် ည ၈ နာရီကျော် အမှောင်ကျသည်အထိ အိမ်သို့ပြန်ရောက်မလာနိုင်သဖြင့် ဒေါက်တာသန့်ဇင်ထွန်းတစ်ယောက် ရတက်မအေးဖြစ်ကာ လိုက်လံရှာဖွေခဲ့သည်။ဖခင်ဖြစ်သူ လမ်းလျှောက်ထွက်လေ့ရှိသည့် ကမ်းနားလမ်းတစ်လျှောက် မော်တင်၊ ပန်းဆိုးတန်း စသော နေရာများတွင် လိုက်လံရှာဖွေခဲ့သော်လည်း ဖခင်၏အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ဖခင်ဖြစ်သူကို နီးစပ်ရာ လိုက်လံမေးမြန်းရင်း သန်းခေါင်ယံတိုင်လာချိန်တွင် ရဲစခန်းများကိုစုံစမ်း၊ ရန်ကုန်ဆေးရုံကြီးကို စုံစမ်းခဲ့ရာ ရန်ကုန်ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်း ရောက်နေသည်ဟု ကြားမိသောကြောင့် ဖခင်မဟုတ်ပါစေနှင့်ဟု ဆုတောင်းကာ သွားကြည့်မိခဲ့လေသည်။ဒေါက်တာသန့်ဇင်ထွန်း၏ ဆုတောင်းမပြည့်ခဲ့ပါ။
ဖခင်ဖြစ်သူ ၀တ်လေ့ဝတ်ထရှိသော တီရှပ်အင်္ကျီအဖြူရောင်နှင့် ဘောင်းဘီတိုတို့က ဖခင်ဖြစ်ကြောင်း သက်သေထူနေသည်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း၏မြေးများဖြစ်ကြသည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်း ဘဏ် လုပ်ငန်း အတွင်းဝင်ရောက်လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင်ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ် သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ တူဒေးတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
မေး-စီးပွားရေးလုပ်ငန်းတွေ အများကြီးထဲက မှ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ဖို့ ဘာလို့ရွေး ချယ်ခဲ့ပါသလဲ။

ဖြေ-ကျွန်တော်တို့ ထောင်ကနေလွတ်လာပြီး နောက်ပိုင်းမှာ လုပ်ကိုင်ဖို့သင့်တော်တဲ့လုပ် ငန်းတွေကိုလေ့လာခဲ့ကြပါတယ်။ အဲဒီအထဲ မှာ ကိုကျော်နေဝင်းက နိုင်ငံတော် သမ္မတရဲ့ ရည်ရွယ် ချက် တွေထဲမှာပါတဲ့ ဆင်းရဲမွဲတေ မှုပပျောက်ရေးကို အထောက်အကူပြုနိုင်မယ် လို့ ယူဆရတဲ့ လျှပ်စစ်မီးပေးရေးတို့ လမ်း ပန်းဆက်သွယ်ရေး ပိတ်ဆို့ကျပ်တောက် မှု လျော့ပါး ရေး တို့စတာ တွေအပါအဝင် အခြား လုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ဘဏ်တစ်ခုရှိနေရင် ပိုကောင်းမယ်ဆိုတာကို တွေ့လာတာကြောင့် ဘဏ် လုပ်ငန်း ကိုလုပ် ကိုင်ဖို့ ပါ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့စစ် တပ်က မိသားစုတွေဆိုရင် အခွင့်အရေးယူပြီး ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ မှတ်ထင် နေကြပါ တယ်။ တကယ် တော့ တာဝန် သိတဲ့ လုပ်ငန်းဆောင်တာတွေကို အများအကျိုးပြု အောင် လုပ်တတ်ကိုင် တတ်ကြတယ်ဆိုတာ ကိုပြချင်ပါတယ်။ အဲဒီလိုဆန္ဒမျိုးလည်းအခြား သော တပ်မိသားစု တွေမှာ လည်းရှိ နေကြ တာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

အမ်ပီတီနှင့်ဂျပန် ဆက်သွယ်ရေးပူးပေါင်းဆောင်ရွက် ဒဗလျူစီဒီအမ်အေဆင်းမ်ကတ် အဓိကချပေးမည်|

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းနှင့် တယ်လီဖုန်းဝန်ဆောင်မူများ အဆင့် မြှင့်တင်ပြီးနောက်ပိုင်းတွင် ဒဗလျူစီဒီအမ်အေအမျိုးအစားဆင်းမ်ကတ်များကို အဓိကချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းနှင့် တယ်လီဖုန်းဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ပြီး နောက်ပိုင်းတွင် အမျိုးအစားစုံ ဆင်းမ်ကတ်များကိုအရေအတွက် အကန့်အသတ်မရှိချထားပေးရန် စီစဉ်ထားကြောင်း သိရသည်။
" မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ပြိုင်ဘက်အော်ပရေတာတွေထက်နောက်မကျစေဘဲ ဖုန်းဝန်ဆောင်မှုတွေကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပြီး သရီးဂျီဆင်းမ်ကတ်ရောင်းချမှုနဲ့ အချို့ ပြည်နယ်တွေမှာသာ တူးဂျီအမျိုးအစား ဆင်းမ်ကတ်တွေကို ချထားပေးမှာ ဖြစ်တယ်" ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ယူနွတ်စ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်


လူမှုစီးပွားစွန့်ဦးတီထွင်သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ပါ မောက္ခမိုဟာမက်ယူနွတ်စ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ အစိုးရအဖွဲ့မှ ပြည် ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ သည်။ဗြိတိသျှကောင်စီ(မြန်မာ) ၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင် ၁၉ ရက်နှင့် ၂၂ ရက်ထိ လာရောက်ခဲ့ သော ပါမောက္ခယူနွတ်စ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ အိမ်တွင် သွားရောက်တွေ့ဆုံခဲ့ သည်။ ထို့အပြင် နေပြည်တော်၌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ပြုလုပ်သောပွဲတွင် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသေးစား ငွေချေးခြင်းလုပ်ငန်း ကို ၁၉၇၀ ခုနှစ်နောက်ပိုင်း အ ကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဂရန်းမန်း ဘဏ် ကို ထူ ထောင်နိုင်ခဲ့သော စွန့်ဦးတီထွင် ပညာရှင်သည် ဇူလိုင် ၂၀ ရက်က ဗြိတိသျှကောင်စီတွင် စီးပွားရေး၊ လူမှုရေးအဖွဲ့အစည်းကိုယ်စား လှယ်များနှင့်လည်းတွေ့ဆုံခဲ့ သည်။ပါမောက္ခယူနွတ်စ်က မြန် မာနိုင်ငံ၏ လူမှုစီးပွားရေးလုပ်ငန်း များ အနာဂတ်အလားအလာအ ကြောင်း ပြောကြားရန် ဖိတ်ကြား ခဲ့မှု အတွက် ၀မ်းမြောက်ကြောင်း နှင့် အစိုးရ၊ ကုမ္ပဏီများနှင့် အဖွဲ့ အစည်းများသာမက လူတစ်ဦး ချင်းစီအ နေဖြင့်လည်း လူမှုစီးပွား ရေးလုပ်ငန်းများကို စတင်ဆောင် ရွက်ပြီးလူမှုအခက်အခဲများကို ပါဝင်ဖြေရှင်း နိုင်ကြောင်း ပြောဆို ခဲ့သည်။

ငြိမ်းချမ်းရေးကို မလိုလားသော SSPP/SSA အဖွဲ့ တိုက်ပွဲများဖြစ်အောင် ဖန်တီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးဒုက္ခသင့်ခဲ့သော်လည်း ၎င်းနယ်မြေတွင် SSPP/SSA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ၍ တိုက်ပွဲများဖြစ်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြသည်။အဆိုပါ မြို့နယ် ပန်စယ်ကျေးရွာအုပ်စု၊ ပန်စယ်ကျေးရွာအနီးရှိ ဟွေတဖန်တောင်ကုန်းတွင် ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှစ၍ SSPP/SSA အဖွဲ့များ လာရောက်နေထိုင်မှုကြောင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။“ ၀မ်ဝပ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေ အိမ်မပြန်ရသေးဘူး၊ ၀မ်ဟိုင်းအဖွဲ့က ငါတို့ရွာနားက တောင်ကုန်းမှာ လာနေကြပြန်ပြီ၊ အစိုးရတပ်နဲ့တွေ့ရင် တိုက်ပွဲဖြစ်မှာ စိုးရိမ်တယ်၊ ငါတို့ပါ ရွာထဲမှာ မနေရဲဘဲ ထွက်ပြေးနေရမှာ၊ သူတို့ကိုက ရန်ရှာနေတာ၊ တိုက်ပွဲဖြစ်အောင် လုပ်နေတာ ” ဟု ပန်စယ် ရွာသား တစ်ဦးက ပြောသည်။SSPP/SSA အဖွဲ့ နေရာယူထားသော ဟွေတဖန်တောင်ကုန်းသည် ပန်စယ်ရွာနှင့် တစ်မိုင်ခန့်သာဝေးပြီး ယခင်က စခန်းဟောင်းဖြစ်ကြောင်း၊ ၎င်းစခန်းအား SSPP/SSA အဖွဲ့မှ ပြန်လည်နေ ထိုင် ကာ အစိုးရတပ်များ အား စိန်ခေါ်သည့် အသွင်ဆောင်နေ၍ ဖာဆောင်ကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှာကို ဒေသခံများ မလိုလား ကြောင်း သိရသည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ရီးယဲလ်မက်ဒရစ် (၆)နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရီးယဲလ်မက်ဒရစ်အသင်းသည် မိုနာကိုအသင်းမှ ကိုလံဘီယာလူငယ်ကြယ်ပွင့် ဂျိမ်းရိုဒရီဂွက်ဇ်ကို (၆)နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ကြောင်း သိရသည်။ရီးယဲလ်အသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင် ဂျိမ်းရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၈၀)အထိ ပေးချေခဲ့ရကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
ပြောင်းရွှေ့ကြေှးနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးမှ အတည်ပြုကြေညာခဲ့ခြင်းမရှိသော်လည်း မိုနာကိုအသင်းက ဘောလုံး သမိုင်း၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးစာရင်းတွင် တစ်ခုအပါအ၀င် ဖြစ်ခဲ့ကြောင်းသာ ကြေညာခဲ့ သည်။ အ ပြောင်းအရွှေ့ကိစ္စများ အပြီးသတ်ခဲ့ပြီးနောက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ၎င်း၏ အိပ်မက်များ အမှန်တကယ်ဖြစ် လာခဲ့ကြောင်း Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။
Photo: ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ရီးယဲလ်မက်ဒရစ် (၆)နှစ်စာချုပ်ဖြင့် ခေါ်ယူ
Wednesday, July 23, 2014

ရီးယဲလ်မက်ဒရစ်အသင်းသည် မိုနာကိုအသင်းမှ ကိုလံဘီယာလူငယ်ကြယ်ပွင့် ဂျိမ်းရိုဒရီဂွက်ဇ်ကို (၆)နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင် ဂျိမ်းရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၈၀)အထိ ပေးချေခဲ့ရကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
ပြောင်းရွှေ့ကြေှးနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးမှ အတည်ပြုကြေညာခဲ့ခြင်းမရှိသော်လည်း မိုနာကိုအသင်းက ဘောလုံးသမိုင်း၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးစာရင်းတွင် တစ်ခုအပါအ၀င် ဖြစ်ခဲ့ကြောင်းသာ ကြေညာခဲ့သည်။

အပြောင်းအရွှေ့ကိစ္စများ အပြီးသတ်ခဲ့ပြီးနောက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ၎င်း၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာခဲ့ကြောင်း Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ဂျိမ်းရိုဒရီဂွက်ဇ် (Photo-AFP)
Eleven Media Group
ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ဂျိမ်းရိုဒရီဂွက်ဇ် (Photo-AFP)
Eleven Media Group

Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာသုံးဦးအား ရုံးထုတ်သည့်နေ့တွင် ရဲသတင်းတပ်ဖွဲ့က စစ်ဆေးရန်ရှိသည်ဟုဆိုကာ ချုပ်ရက်ရမန် နောက်တစ်ကြိမ်ထပ်ယူပြီး သြဂုတ် ၄ ရက်မှသာ စစ်ဆေးမည်

Bi မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ အပါအ၀င် အယ်ဒီတာသုံးဦးအား ဇူလိုင် ၂၂ ရက် နံနက်ပိုင်း က ပန်းဘဲတန်းတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရဲသတင်းတပ်ဖွဲ့မှ ထပ်မံစစ်ဆေးရန် ရှိသည်ဟုဆိုကာ ချုပ်ရက် ရမန် နောက်တစ်ကြိမ်ထပ်ယူခဲ့သည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ထံမှ သိရသည်။ စတင်ဖမ်းဆီးစဉ် ဇူလိုင် ၈ ရက်ကလည်း ချုပ်ရက်ရမန် နှစ်ပတ်ယူ ထားပြီး ယခုနောက်တစ်ကြိမ် ချုပ်ရက်ရမန်နှစ်ပတ် ထပ်ယူသောကြောင့် သြဂုတ် ၄ ရက်မှသာ ဖမ်းဆီး ခံရသော အယ်ဒီတာသုံးဦးကို ရုံးထုတ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဦးရောဘတ်ဆန်းအောင်က ပြောကြား သည်။ရဲသတင်းတပ်ဖွဲ့၏ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ)/(ည)ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးခြင်းခံရသော Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာသုံးဦးဖြစ်သည့် တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်း အောင် (ခ) ကိုအောင်သန့်၊ အယ်ဒီတာကိုဝင်းတင်နှင့် အယ်ဒီတာကိုရဲမင်းအောင်တို့ကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က အချုပ်ကားမဟုတ်ဘဲ ဟွန်ဒိုင်းအမျိုးအစား Street GRX ကားနံပါတ် ၇ (ခ) ၈၅၄၅ ဖြင့် သယ်ဆောင်လာခဲ့သည်။ ရမန်ယူရုံးထုတ်ချိန်မှာလည်း မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးခံရသော အယ်ဒီတာများကို ရမန်ယူပြီးပြီးချင်း ပြန်လည် ခေါ်ဆောင်သွားသော ကြောင့် တွေ့ဆုံမေးမြန်းခွင့်လည်း မရရှိခဲ့ပေ။

ဆင်းမ်ကတ်ချထားပေးရန် ပျက်ကွက်ပါ အရေးယူမည်

အော်ပရေတာများအနေဖြင့် ဆင်းမ်ကတ်များကို ပေးအပ်ထားသည့် ကတိအတိုင်း သတ်မှတ်ရက် အမီချ ထားပေးရမည်ဖြစ်ပြီး ချထားပေးနိုင်ခဲ့ခြင်းမရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသန်းထွန်းအောင်က ပြောသည်။ ဖေဖော်ဝါရီလဆန်းပိုင်းက လိုင်စင်ရရှိခဲ့သည့် Ooredoo ကုမ္ပဏီသည် လိုင်စင်ရရှိပြီး ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးမည်ဟု ပြည်သူများကို ကတိပြုခဲ့သော်လည်း ချထားပေးနိုင်ခဲ့ခြင်း မရှိကြောင်း လေ့လာတွေ့ ရှိရသည်။ အော်ပရေတာများ၏ စည်းကမ်းဖောက်ဖျက်မှု ၊ ကတိမတည်မှုများကို လေ့လာစောင့် ကြည့်၍ အရေးယူဆောင်ရွက်ရသည်ကို လက်ရှိအချိန်၌ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တာဝန်ဆောင်ရွက်သည်။“ခြောက်လအတွင်းဆိုတာက သူတို့စလုပ်မယ်ဆိုတာကိုပြောတာပါ။ Commitment ကိုပြောတာမဟုတ်ပါဘူး။ သူတို့ Commitment က Ooredoo က သြဂုတ်၊ Telenor က စက်တင်ဘာပါ။ သူတို့ဒါကို လုပ်ကြပါလိမ့်မယ်။ Commitment ဆိုတာက လိုင်စင်စယူတုန်းက ဘယ်အချိန် မှာ အပြီးသတ်လုပ်ရမယ်ဆိုတာ Date တစ်ခုရှိပါတယ်။ ဒါကိုမလုပ်နိုင်ဘူးဆိုရင်တော့ အရေးယူဖို့ရှိပါတယ်” ဟု ဦးသန်းထွန်းအောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးကာ မြေပြိုသဖြင့် ဂျေယန်းဒုက္ခသည်စခန်းတွင် လေးနှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် ငါးဦးသေဆုံး

ကချင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းတွင် ရေကြီး၍ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၂ ရက်က လေးနှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် လူငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမော်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာနေသည့် ကုလအထူးကိုယ်စားလှယ်၏ယာဉ်တန်း တောင်ပြိုမှုကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် ပိတ်မိ

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ရာ ဗန်းမော်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်းလ်ဟီးလီ၏ ယာဉ်တန်း လမ်းတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ

Photo: လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ
Wednesday, July 23, 2014

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်းအငှားယာဉ်တစ်စီးသည် ချောင်းဝဆိပ်ကမ်းအနီးလမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာမရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။လင်မယားနှစ်ယောက်လို့တော့ သိထားတယ်။ ဒဏ်ရာအပြင်းအထန် မရကြဘူးလို့ အနီးကလူတွေပြောပြချက်အရ သိရတယ်။ ယာဉ်မောင်း ဘယ်သူဆိုတာ စုံစမ်းပြီး ဥပဒေအရ အရေးယူသွားမှာပါ” ဟု ယာဉ်မှုစစ်ရဲအုပ်နိုင်ထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။     

Eleven Media Group  

ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား အငှားယာဉ် အရှိန်လွန်ကာ ထိုးကျစဉ်(ဓာတ်ပုံ-တင့်ဇော်ထူး)
ချောင်းဝဆိပ်ကမ်းအနီးလမ်းဘေးချောက်ထဲရှိသစ်ပင်နှစ်ပင်ကြားအငှားယာဉ်အရှိန်လွန်ကာထိုးကျစဉ်
(ဓာတ်ပုံ-တင့်ဇော်ထူး)
လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေး ချောက် ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

Tuesday, 22 July 2014

မြန်မာဘောလုံး အာရှကလပ်ထဲဝင်ဖို့ အဆင့်သတ်မှတ်ချက် ဘယ်လောက်ရှိလဲ

အာရှတိုက် ကလပ်အသင်းတွေရဲ့အမြင့်ဆုံးပြိုင်ပွဲ ACL အာရှချန်ပီယံအသင်းထဲ ဝင်ရောက်ဖို့ ကြိုးစား နေပြီလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၂၁ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဘာဖြစ်လို့ အာရှ အဆင့် ကို ခြေလှမ်းပြင်တာလဲ။

ဆေးဖက်ဝင်တဲ့ ရွက်ကျပင်ပေါက်

Photo: ဆေးဖက်ဝင်တဲ့ ရွက်ကျပင်ပေါက်~
Tuesday, July 22, 2014

ရွက်ကျပင်ပေါက်တွေဟာ ဥတုရာသီမရွေး အမြဲစိမ်းလန်းနေသော အပင်မျိုးဖြစ်ပြီး၊ စိုစွတ်တဲ့ေ နရာများမှာ အလေ့ကျပေါက် ရောက်လေ့ရှိပါတယ်။ ရုက္ခဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်၍၊ Life Plant (သို့မဟုတ်)Air Plant ဟု လည်း ခေါ်ပါတယ်။ အရွက် ရှည်နှင့် အရွက်ဝိုင်းဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါတယ်။ ၄င်းအပင်၏ ထူးခြားချက်က အချိန်အပိုင်း အခြားပေါ်မူတည်ပြီး အရသာပြောင်းလဲသွားလေ့ရှိပါတယ်။ နံက်ပိုင်းမှ နေ့ မွန်းတည့်ချိန်အထိ “ချို” သောအရသာရှိပြီး၊ မွန်းလွဲ ပိုင်းမှ ညနေအထိ “ချဉ်” သောအရသာဖြစ်ပါတယ်။ အချိန်ကာ လပေါ်မူတည်၍ အရသာပြောင်းလဲသွားလေ့ရှိသော်လည်း၊ ဆေး ဖက်ဝင်အာနိသင်ကတော့ အတူတူပါဘဲ။

(၁) ရွက်ကျပင်ပေါက် သတ္တုရည်(အရွက်ကိုညှစ်၍ ရသောအရည်)ကို စတီးဇွန်း ၁-ဇွန်းထဲထဲ့၍ မီးနွေးနွေးဖြင့်ချက်ပါ။ ထို့ နောက် အအေးခံ၍ ကလေး၏၀မ်းဗိုက်ကို လိမ်းပေးပါ က ၀မ်း ချုပ်၊ လေထိုးလေအောင့် နှင့် လေဆန်နာ ရောဂါများကို သက်သာပျောက် ကင်းစေပါတယ်။

(၂) လူကြီးများ လေထိုး၊ လေအောင့်၊ လေနာရောဂါများအတွက် ရွက်ကျပင်ပေါက် သတ္တုရည် ကို ရေနံဆီဖြင့်ရောစပ်၍ ၀မ်းဗိုက် ပေါ် လိမ်းပေး(သပ်ချပေး)ပါ။

(၃) သွေးဖျဉ်း၊ လေဖျဉ်းရောဂါများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်ကို ရေနံဆီ၊ မုန်ညင်း ဆီတို့ နှင့် ဆတူရောစပ်ပြီး ၀မ်းဗိုက် ပေါ်သို့  တစ်နေ့  ၂-ကြိမ် လိမ်းကျံပေးပါ။ (ပိုလျှံသောေ ဆးရည်ကို ပုလင်းထဲထဲ့သိမ်းထားနိုင်ပါတယ်၊ လိမ်းခါနီးပုလင်းကို လှုပ်၍ လိမ်းပေးပါ)

(၄) အသည်းရောင်၊ အသည်းကြီးဝေဒနာများအတွက် ရွက်ကျပင်ပေါက် သတ္တုရည်၊ ရှောက် ရည် နှင့် နှမ်းဆီ ထို ၃-မျိုးကို ဆတူရောစပ်၍ အသည်းရှိသည့်နေရာပေါ် လိမ်းကျံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၅) မြန်မာ့ဆေးကျမ်းများအဆိုအရ၊ “ ရွက်ကျပင်ပေါက်ဟာ အနာများကိုစင်ကြယ်စေ၏၊ အနာပေါ က်များကို အသားနု တက်စေ၏၊ သွေးယိုစီးကျနေသောသော အနာများကို သွေးရပ် တန့် ချုပ် တည်း ရာမှာ နတ်ဆေးသဖွယ်ဖြစ်၏ ” လို့ ဆိုထားပါတယ်။ ဒါကြောင့် သွေးစိမ်းရှင်ရှင်ထွက်ေ သာ ထိခိုက်ရှနာများအတွက် ရွက်ကျပင်ပေါက်ကို မီးကင်၍ ကပ်ပေးခြင်းဖြင့် သွေးထွက်ရပ်ပြီး အနာ ကျက်မြန်စေပါတယ်။

(၆) သွေးကြောငယ်များ ကျုံ့ သွားစေသော အာနိသင်ရှိတာကြောင့် ဝမ်းသွားစဉ် သွေးပါခြင်းအ တွက်ကိုလည်း ရွက်ကျပင် သတ္တုရည်သောက်သုံး၍လည်းကောင်း၊ ရုတ်တရက် နှာခေါင်း၊ ပါးစ ပ်၊ မျက်စိ အတွင်းမှ သွေးယိုခြင်းအတွက် ရွက်ကျပင်သတ္တု ရည် ထဲ့ပေး၍သော်လည်းကောင်း၊ ပြ ည်တည်ေ နသော အနာများ၊ သွေးပုပ်များ နှင့် မန်းရည်များအတွက် အရွက်သတ္တုရည်ကို ဖန်ရည် အဖြစ်ဆေးကြောနိုင်ပါတယ်။

(၇) အရွက်ကို ကျိတ်ညှစ်၍ ရလာသောအရည်ကိုလိမ်းပေးပါက၊ မွှေးကျွတ်နာများ ကို ပျောက် ကင်းေ စပါတယ်။

(၈) မီးလောင်ဖုကဲ့သို့  အနာလေးများစဖြစ်ပြီး၊ တဖြည်းဖြည်းပွားလာတတ်သော အနာမီး၊ အနာ စက်များအတွက် ရွက်ကျပင် ပေါက် ဆေးရည်ဖော်စပ်၍ လိမ်းပါ။ ဆေးဖော်စပ်နည်းမှာ ရွက်ကျပ င်ပေါက်များကို ဒန်အိုးအဖုံးပေါ်တင်ပြီး မီးဖိုပေါ်မှာ ပြာဖြစ် သည် အထိလှော်ပါ။ ထိုပြာများကို အုန်းဆီနှင့် ခပ်ပျစ်ပျစ်ဖျော်ပြီး အနာပေါ်ကို တစ်နေ့  ၃-ကြိမ်လိမ်းပေးပါ။ နေ့ စဉ်မှန်မှန် လိမ်း ပေး ပါက ၁၀-ရက်ခန့် အကြာတွင် ပျောက်ကင်းသွားပါလိမ့်မယ်။ (ရောဂါမပျောက်ခင် ဆပ်ပြာရည်နှင့် အနာကို မထိပါစေနှင့်။ ထိုအနာက ဆပ်ပြာရည် နှင့် (လုံးဝ) ဓာတ်မတည့်ပါ)

(၉) အပူလွန်ကဲ၍ မျက်စိနာခြင်းအတွက် ရွက်ကျပင်ပေါက်အရွက်အနည်းငယ်ကို ကြိတ်ကာ နနွ င်း တက်မှုန့်အစစ် အနည်း ငယ်နှင့်ရောစပ်၍ မျက်ခွံပေါ်မှာ အုံပေးထားနိုင်ပါတယ်။ အအေးလွန် ကဲ ၍ မျက်စိနာခြင်းအတွက် လတ်ဆတ်သော ရွက်ကျပင် ပေါက်ကို သေချာစွာဆေးကြော၍ ညက်စွာကြိတ်ပြီး မျက်ခွံပေါ်တွင်အုံပေးနိုင်ပါတယ်။

(၁၀) ဆီးရောဂါအမျိုးမျိုးအတွက် ရွက်ကျပင်ပေါက်ကြိတ်ရည်(သတ္တုရည်) ဟင်းစား စတီးဇွန်းထက် ဝက်ကို သကြားအညို အနည်းငယ် နှင့်ရောစပ်ကာ ရေအနည်းငယ်နှင့်သောက်ပေးပါ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ (သွေးဝမ်းကျရော ဂါ အတွက်ကိုလည်း ထိုဆေး ရည် သောက်သုံးနိုင်ပါတယ်)

22-07-2014 နေ့ ထုတ် ကြေးမုံသတင်းစာ (စာမျက်နှာ ၁၆) မှာ ပါတဲ့ ဆောင်းပါးလေးပါ။ ယခု လို ရွေး ချယ်ေ ဖ်ါပြပေးပါသော ကြေးမုံသတင်းစာ မှ အယ်ဒီတာ အဖွဲ့  ၀င်များနှ င့် ကျေးဇူး တင် ထိုက်သူများ (အားလုံး)ကိုကျေးဇူးတင်ပါတယ်ရှင်။ (ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

credit to promise.pauk
နှင်းဆီဖူးလေးများ-Love BUDS
ရွက်ကျပင်ပေါက်တွေဟာ ဥတုရာသီမရွေး အမြဲစိမ်းလန်းနေသော အပင်မျိုးဖြစ်ပြီး၊ စိုစွတ်တဲ့ေ နရာများမှာ အလေ့ကျပေါက် ရောက်လေ့ရှိပါ တယ်။ ရုက္ခဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်၍၊ Life Plant (သို့မဟုတ်)Air Plant ဟု လည်း ခေါ်ပါတယ်။ အရွက် ရှည်နှင့် အရွက်ဝိုင်းဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါတယ်။ ၄င်းအပင်၏ ထူးခြားချက်က အချိန်အပိုင်း အခြားပေါ်မူတည်ပြီး အရသာပြောင်းလဲ သွားလေ့ရှိပါတယ်။ နံက်ပိုင်းမှ နေ့ မွန်းတည့်ချိန်အထိ “ချို” သောအရသာရှိပြီး၊ မွန်းလွဲ ပိုင်းမှ ညနေအထိ “ချဉ်” သောအရသာဖြစ်ပါတယ်။ အချိန်ကာ လပေါ်မူတည်၍ အရသာပြောင်းလဲသွားလေ့ရှိသော်လည်း၊ ဆေး ဖက်ဝင်အာနိသင်ကတော့ အတူတူပါဘဲ။

နိုင်ငံ့ဂုဏ်ကို ပညာရေးနဲ့ဆောင်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်

Photo: နိုင်ငံ့ဂုဏ်ကို ပညာရေးနဲ့ဆောင်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ် – မေးမြန်းချက်
Tuesday, July 22, 2014

 မွေးရာပါ မသန်စွမ်း ဖြစ်ပေမယ့် ပညာထူးချွန်သူ မစုပုံချစ်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က နယူးဆောက်သ်ဝေးလ် တက္ကသိုလ်မှာ မဟာဘွဲ့ ပညာသင်ဆုရပြီး ၁ နှစ်ခွဲကြာ ပညာသင်ကြားပြီး ဘာသာရပ်ဆိုင်ရာ ဂုဏ်ထူးတွေ ရပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး ဖြစ်ပါတယ်။

မစုပုံချစ်ဟာ မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့ပေ မယ့် ခြေထောက်ကို အသုံးပြုပြီး ပညာကို အထူးကြိုးစား သင်ယူခဲ့သူ လည်း ဖြစ်ပါတယ်။

ပြည်ပပညာတော်သင် အတွေ့အကြုံတွေ နဲ့အတူ ရှေ့ဆက်မယ့် အားမာန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံ့ဂုဏ်ကို ပညာရေးနဲ့ဆောင်ခဲ့တဲ့ မသန်စွမ်းအမျိုးသမီးငယ်လေး မစုပုံချစ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မိုးမြင့်ဇင် (ဒီဗွီဘီ)
မွေးရာပါ မသန်စွမ်း ဖြစ်ပေမယ့် ပညာထူးချွန်သူ မစုပုံချစ်ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က နယူးဆောက်သ်ဝေးလ် တက္ကသိုလ်မှာ မဟာဘွဲ့ ပညာသင်ဆုရပြီး ၁ နှစ်ခွဲကြာ ပညာသင်ကြားပြီး ဘာသာ ရပ် ဆိုင်ရာ ဂုဏ်ထူးတွေ ရပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး ဖြစ်ပါတယ်။

လူ့အခွင့်အရေးကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်းသွား

Photo: လူ့အခွင့်အရေးကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်းသွား
Tuesday, July 22, 2014 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီကို ဆက်လက် သွားရောက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံတချို့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို ဖော်ထုတ်တဲ့ ဆန္ဒထုတ်ဖော်မှုနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အပြီးမှာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ မန္တလေးမြို့ကို  သွားရောက်ဖို့လည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

ကချင်ပြည်နယ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ဗန်းမော်မြို့က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေဆီကို သွားရောက်ခဲ့ပါတယ်။ မနေ့က မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ၀ိုင်းမော်မြို့က ဒုက္ခသည် စခန်းတွေကို သွားခဲ့ပြီးနောက် ဒီနေ့တော့ ဗန်းမော်မြို့ကို ဆက်လက် သွားရောက်ခဲ့ကြောင်း ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့  ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“မနေ့က မြစ်ကြီးနားမြို့ကို ရောက်ပါတယ်။ ရောက်ပြီးတော့ မြစ်ကြီးနားက ပြည်နယ်အစိုးရနဲ့တွေ့တယ်။ ပြည်နည်ဝန်ကြီးချုပ်နဲ့လည်း တွေ့ပါတယ်။ ပြီးတော့ ဗန်းမော်ကို ဆက်လာပါတယ်။ ဗန်းမော်ကို ဆက်လာတော့ လမ်းမှာ ၀ိုင်းမော်ဒုက္ခသည်စခန်း ၂ ခုပေါ့ အဲ့ဒီကို ၀င်ပြီးတော့ ကျနော်တို့ ဗန်းမော်ကို ရောက်နေတာပေါ့။ ဗန်းမော်မှာတော့ ဒီမနက်ကတော့ ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ ဗန်းမော်မှာတော့ ဒီမနက်ကတော့ ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ အဲ့ဒီ AD-2000 ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် Robert Church ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် ရွှေကြီးနားဒုက္ခသည်စခန်းရယ်၊ အဲ့ဒီ ၃ ခုပေါ့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ဗန်းမော်မြို့က အကျဉ်းထောင် ကျနော်တို့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ဗန်းမော်မြို့နယ်ပေါ့နော် အုပ်ချုပ်ရေးအဖွဲ့နဲ့တွေ့တယ်။ ဒီ ဗန်းမော်မြို့နယ်အတွင်းပေါ့ အဲ့ဒါနဲ့ပတ်သက်လို့ နည်းနည်းပါးပါး ရှင်းပြတယ်။နောက် ဒီ ဗန်းမော်မြို့နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တွေ့ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဗန်းမော်မြို့ခရီးစဉ်ထဲ ဗန်းမော် အကျဉ်းထောင်ကိုပါ ရောက်ရှိခဲ့ပါတယ်။ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့တယ်လို့ အကျဉ်းထောင် တာဝန်ကျ အရာရှိက အတည်ပြု ပြောကြားပါတယ်။ အကျဉ်းသား မည်သူမည်ဝါ ဆိုတာကိုတော့  နှစ်ဘက်စလုံးက ပြောဆိုခြင်း မရှိပါဘူး။  အခု မြန်မာပြည် ခရီးစဉ်တလျှောက် မြန်မာပြည်ရဲ့ ပကတိ အခြေအနေတွေကို သိရှိအောင် ကြိုးစားသွားမယ်လို့ Ms. Yanghee Lee က ပြောဆိုကြောင်း ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံတွေရဲ့ တောင်းဆို ဆန္ဒထုတ်ဖော်တာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းစေရေးအတွက် အဓိကထား ရည်ရွယ်တာဖြစ်တယ်လို့  ဦးအေးဝင်းက ပြောပါတယ်။

“လမ်းမှာတော့ ဟိုဒင်းပေါ့ ဖြတ်ကနည်းတော့ ကျနော်တို့ တွေ့လိုက်တယ်ပေါ့။ သေချာကြီးတော့ မဟုတ်ပါဘူး။ ဒီကလူစုတွေပေါ့ သူတို့ ငြိမ်းချမ်းရေး လိုချင်ကြောင်းပေါ့ နည်းနည်းလေးပါ။ လာပြီး ဟိုဘက် ဒီဘက်ပေါ့လေ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်တာလေးတွေတော့ ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဖြတ်သွားဖြတ်လာဆိုတော့ ကျနော်တို့ သေချာကြီးတော့ မတွေ့လိုက်ပါဘူး။ ဟိုဒင်းအနေနဲ့ပါ သူတို့ဆန္ဒအနေနဲ့ပဲ သူတို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကို ဆန္ဒထုတ်ဖော်တဲ့ သဘောပါပဲ။ ဘာမှ အထွေအထူးတော့ မရှိပါဘူး။”

ထာဝရငြိမ်းချမ်းရေး လတ်မှတ်ထိုးနိုင်ရန် ကူညီပေးစေလိုကြောင်း၊ လက်နက်ကိုင်အဖွဲ့များရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ပေးစေလိုကြောင်း စတဲ့ စာသားတွေ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ယာဉ်တန်း ဖြတ်သန်းသွားစဉ် ဒေသခံတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Ms. Yanghee Lee ဟာ ဗန်းမော်မြို့ကနေ ဒီကနေ့ ညနေမှာ မြစ်ကြီးနားမြို့ကို ခရီးဆက်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ မကြာသေးခင်က ပဋိပက္ခဖြစ်ပွားခဲ့လို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့ကို သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ပြီးတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဇူလိုင်လ ၁၇ ရက်က စတင်ခဲ့တဲ့ Ms. Yanghee Lee ရဲ့ ခရီးစဉ်တွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာအပြင် အင်းစိန်ထောင်နဲ့ ရခိုင်ပြည်နယ်တို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ ၁၀ ရက်တာခရီးစဉ် အဆုံးသတ်မယ့် ဇူလိုင်လ ၂၆  ရက်နေ့မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။

VOA
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီကို ဆက်လက် သွားရောက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား တဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံတချို့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို ဖော်ထုတ်တဲ့ ဆန္ဒ ထုတ်ဖော်မှု နဲ့ လည်း တွေ့ဆုံခဲ့ရပါတယ်။

ကိုရီးယားကူးတို့ရေယာဉ် နစ်မြုပ်မှုအတွက် ရဲက အလိုရှိနေသော သူဌေးကြီး၏ အလောင်းရှာတွေ့

Photo: ကိုရီးယားကူးတို့ရေယာဉ် နစ်မြုပ်မှုအတွက် ရဲက အလိုရှိနေသော သူဌေးကြီး၏ အလောင်းရှာတွေ့
Tuesday, July 22, 2014 

ပြီးခဲ့သည့်လက ကွင်းပြင်တစ်ခုတွင် တွေ့ရှိခဲ့ရသည့် ရုပ်အလေင်းသည် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လုပ်ငန်းရှင်သူဌေး ယူဗြောင်အွန်ဖြစ်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က

အတည်ပြု ကြေညာခဲ့သည်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဇွန်(၁၂)ရက်က တွေ့ရှိထားသည့် ရုပ်အလောင်းသည် မိမိတို့ လိုက်လံရှာဖွေနေသည့် လုပ်ငန်းရှင်သူဌေး ယူ၏ အလောင်းဖြစ်သည်ဟု ဇူလိုင်(၂၂)ရက်တွင် အတည်ပြုခဲ့သည်။ ဧပြီလက ယူ၏ မိသားစုက

ပိုင်ဆိုင်သော Sewol ကူးတို့ရေယာဉ် နစ်မြုပ်ရာ ကျောင်းသူကျောင်းသား လူငယ်အများစု အပါအဝင် လူ(၃၀၀)မျှ အသက်ဆုံးရှုံးခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ယူကို ရဲတပ်ဖွဲ့နှင့် စစ်တပ်များက စစ်ဆေးရေးဂိတ်များတွင် ပိုက်စိပ်တိုက် စောင့်ကြည့် ရှာဖွေနေပြီး ၎င်းပိုင်ဆိုင်သည့် အိမ်ရာများကို စီးနင်းခဲ့သော်လည်း လွတ်မြောက်နေခဲ့သည်။ သို့သော်လည်း ယခုအခါ

ဘီလျံနာသူဌေးကြီး ယူသည် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ရဲများက ရှာဖွေတွေ့ရှိခဲ့သည်။ ဆိုးလ်မြို့တော်မှ တောင်ဘက် ကီလိုမီတာ (၃၀၀)မျှအကွာ ဆန်ချီယွန်းမြို့ အပြင်ဘက် ကွင်းပြင်တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့သည့် အလောင်းသည်

ယူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

အလောင်းကို မြို့ခံများက တွေ့ရှိချိန်တွင် ဆိုးဆိုးရွားရွား ပုပ်ပွနေပြီဖြစ်ပြီး မည်သူမည်ဝါ မမှတ်မိခဲ့ချေ။ DNA စစ်ဆေးမှု ရလဒ်များ ထွက်ပေါ်လာမှသာ ယူဖြစ်ကြောင်း အတည်ပြုချက် ရယူနိုင်ခဲ့ခြင်းဟု သိရသည်။

မှုခင်းဆေးပညာရှင်များသည် အလောင်း၏ လက်ဗွေတစ်ခုကို တိုက်ဆိုင်စစ်ဆေးပြီးနောက် အလောင်းသည် ယူပင်ဖြစ်ကြောင်း ရဲများထံ အသိပေးခဲ့သည်။

ဆန်ချီယွန်း ရဲတပ်ဖွဲ့မှ အကြီးအကဲ ဝူဟောင်ဟိုက ယူသေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆိုသည်။ “လူသတ်မှုလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသလား ဆိုတာကိုတော့ ကျွန်တော်တို့

ကွဲကွဲပြားပြား မသိရသေးဘူး။ မှုခင်း ဆေးပညာရှင်တွေ အနေနဲ့ ဒီထက်ပိုပြီး အသေးစိတ်ကျကျ စုံစမ်းမှု အဖြေတွေ ထုတ်ပေးနိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်”ဟု ဝူက ပြောကြားခဲ့သည်။ လတ်တလောတွင် အလောင်း၌ အဆိပ်သင့်မှု

လက္ခဏာများ ရှိမရှိ စစ်ဆေးနေပြီး မည်သည့်အချိန်က သေဆုံးသည်ကို အဖြေရှာနိုင်ရန်လည်း ကြိုးစားနေဆဲ ဖြစ်သည်။

Sewol ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် ယနေ့အချိန်ထိ သေဆုံးသူ အရေအတွက် (၂၉၄)ဦးကို အတည်ပြုနိုင်ခဲ့ပြီး (၁၀)ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ယူသည် သင်္ဘောနစ်မြုပ်မှုအပြီး တရားရုံး၏ သမ္မန်စာထုတ် ဆင့်ခေါ်မှုကို

ငြင်းပယ်ကာ ပုန်းရှောင်နေသည့်နောက် အစိုးရက ၎င်းကို ဝမ်သန်း(၅၀၀) ဆုငွေထုတ်ထားခဲ့သည်။ ယူသည် Sewol ကို ကွပ်ကဲသည့် Chonghaejin Marine ကုမ္ပဏီကို တိုက်ရိုက် မပိုင်ဆိုင်သော်လည်း ၎င်း၏ သားသမီးများနှင့်

ဩဇာခံများက ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်များ ဖြစ်နေကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY 

ရေယာဉ်နစ်မြုပ်မှုနှင့် စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူများကို ကြေညာထားစဉ် (Photo - BBC)
ရေယာဉ်နစ်မြုပ်မှုနှင့် စပ်လျဉ်းပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူများကို ကြေညာထားစဉ် (Photo - BBC)
ပြီးခဲ့သည့်လက ကွင်းပြင်တစ်ခုတွင် တွေ့ရှိခဲ့ရသည့် ရုပ်အလေင်းသည် Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လုပ်ငန်းရှင်သူဌေး ယူဗြောင်အွန်ဖြစ်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။