Wednesday 23 July 2014

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ယူနွတ်စ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်


လူမှုစီးပွားစွန့်ဦးတီထွင်သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ပါ မောက္ခမိုဟာမက်ယူနွတ်စ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ အစိုးရအဖွဲ့မှ ပြည် ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ သည်။ဗြိတိသျှကောင်စီ(မြန်မာ) ၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင် ၁၉ ရက်နှင့် ၂၂ ရက်ထိ လာရောက်ခဲ့ သော ပါမောက္ခယူနွတ်စ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ အိမ်တွင် သွားရောက်တွေ့ဆုံခဲ့ သည်။ ထို့အပြင် နေပြည်တော်၌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ပြုလုပ်သောပွဲတွင် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသေးစား ငွေချေးခြင်းလုပ်ငန်း ကို ၁၉၇၀ ခုနှစ်နောက်ပိုင်း အ ကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဂရန်းမန်း ဘဏ် ကို ထူ ထောင်နိုင်ခဲ့သော စွန့်ဦးတီထွင် ပညာရှင်သည် ဇူလိုင် ၂၀ ရက်က ဗြိတိသျှကောင်စီတွင် စီးပွားရေး၊ လူမှုရေးအဖွဲ့အစည်းကိုယ်စား လှယ်များနှင့်လည်းတွေ့ဆုံခဲ့ သည်။ပါမောက္ခယူနွတ်စ်က မြန် မာနိုင်ငံ၏ လူမှုစီးပွားရေးလုပ်ငန်း များ အနာဂတ်အလားအလာအ ကြောင်း ပြောကြားရန် ဖိတ်ကြား ခဲ့မှု အတွက် ၀မ်းမြောက်ကြောင်း နှင့် အစိုးရ၊ ကုမ္ပဏီများနှင့် အဖွဲ့ အစည်းများသာမက လူတစ်ဦး ချင်းစီအ နေဖြင့်လည်း လူမှုစီးပွား ရေးလုပ်ငန်းများကို စတင်ဆောင် ရွက်ပြီးလူမှုအခက်အခဲများကို ပါဝင်ဖြေရှင်း နိုင်ကြောင်း ပြောဆို ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် စီး ပွားရေးလုပ်ငန်းများ၏ အဓိက အခန်း ကဏ္ဍမှ အရေးပါမှုကို မီး မောင်းထိုးပြရန် လူမှုစီးပွားပညာ ရှင်ပါမောက္ခယူနွတ်စ်၏ ခရီးစဉ် က ရည်ရွယ်ကြောင်း ဗြိတိသျှ ကောင်စီ၏ ထုတ်ပြချက်တွင် ဖော်ပြထားသည်။ပါမောက္ခယူနွတ်စ်က လက် ရှိအရင်းရှင်းစနစ်သည် လူသားတို့၏ စာနာစိတ်နှင့် ပူးပေါင်းဆောင် ရွက်မှုကို ပြည့်စုံစွာ အကောင် အထည်ဖော်နိုင်ခြင်းမရှိကြောင်း အမြဲဝေဖန်လျက်ရှိပြီး ဆင်းရဲမှုကို ဆင်းရဲသားများက ဖန်တီးထား ခြင်းမဟုတ်ဘဲ လက်ရှိစီးပွားရေး နှင့် လူမှုရေးစနစ်များကသာ ဆင်းရဲမွဲတေမှုကို သက်ဆိုးရှည်အောင် ဖန်တီးထားခြင်းဖြစ်ကြောင်း ပြော ဆိုထားသည်။ကမ္ဘာတစ်ဝန်းဆင်းရဲမွဲတေ မှုတိုက်ဖျက်ရေးနှင့် အမျိုးသမီး များ၏ အခန်းကဏ္ဍမြင့်တင်ရေး အတွက် အသေးစားငွေချေးလုပ် ငန်းက အဓိကလက်နက်ဖြစ်ခဲ့ ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပါမောက္ခ ယူနွတ်စ်သည် ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့သည်။
Photo: ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ယူနွတ်စ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်
Wednesday, July 23, 2014

လူမှုစီးပွားစွန့်ဦးတီထွင် သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ပါ မောက္ခမိုဟာမက်ယူနွတ်စ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ အစိုးရအဖွဲ့မှ ပြည် ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့ သည်။

ဗြိတိသျှကောင်စီ(မြန်မာ) ၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင် ၁၉ ရက်နှင့် ၂၂ ရက်ထိ လာရောက်ခဲ့ သော ပါမောက္ခယူနွတ်စ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ အိမ်တွင် သွားရောက်တွေ့ဆုံခဲ့ သည်။ ထို့အပြင် နေပြည်တော်၌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြုလုပ်သောပွဲတွင် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသေးစားငွေချေးခြင်းလုပ်ငန်း ကို ၁၉၇၀ ခုနှစ်နောက်ပိုင်း အ ကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဂရန်းမန်းဘဏ်ကို ထူ ထောင်နိုင်ခဲ့သော စွန့်ဦးတီထွင် ပညာရှင်သည် ဇူလိုင် ၂၀ ရက်က ဗြိတိသျှကောင်စီတွင် စီးပွားရေး၊ လူမှုရေးအဖွဲ့အစည်းကိုယ်စား လှယ်များနှင့်လည်းတွေ့ဆုံခဲ့ သည်။

ပါမောက္ခယူနွတ်စ်က မြန် မာနိုင်ငံ၏ လူမှုစီးပွားရေးလုပ်ငန်း များ အနာဂတ်အလားအလာအ ကြောင်း ပြောကြားရန် ဖိတ်ကြား ခဲ့မှုအတွက် ၀မ်းမြောက်ကြောင်း နှင့် အစိုးရ၊ ကုမ္ပဏီများနှင့် အဖွဲ့ အစည်းများသာမက လူတစ်ဦး ချင်းစီအနေဖြင့်လည်း လူမှုစီးပွား ရေးလုပ်ငန်းများကို စတင်ဆောင် ရွက်ပြီးလူမှုအခက်အခဲများကို ပါဝင်ဖြေရှင်းနိုင်ကြောင်း ပြောဆို ခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲ တေမှုပပျောက်ရေးအတွက် စီး ပွားရေးလုပ်ငန်းများ၏ အဓိက အခန်းကဏ္ဍမှအရေးပါမှုကို မီး မောင်းထိုးပြရန် လူမှုစီးပွားပညာ ရှင်ပါမောက္ခယူနွတ်စ်၏ ခရီးစဉ် က ရည်ရွယ်ကြောင်း ဗြိတိသျှ ကောင်စီ၏ ထုတ်ပြချက်တွင် ဖော်ပြထားသည်။

ပါမောက္ခယူနွတ်စ်က လက် ရှိအရင်းရှင်းစနစ်သည် လူသားတို့၏ စာနာစိတ်နှင့် ပူးပေါင်းဆောင် ရွက်မှုကို ပြည့်စုံစွာ အကောင် အထည်ဖော်နိုင်ခြင်းမရှိကြောင်း အမြဲဝေဖန်လျက်ရှိပြီး ဆင်းရဲမှုကို  ဆင်းရဲသားများက  ဖန်တီးထား ခြင်းမဟုတ်ဘဲ လက်ရှိစီးပွားရေး နှင့် လူမှုရေးစနစ်များကသာ ဆင်းရဲမွဲတေမှုကို သက်ဆိုးရှည်အောင် ဖန်တီးထားခြင်းဖြစ်ကြောင်း ပြော ဆိုထားသည်။

ကမ္ဘာတစ်ဝန်းဆင်းရဲမွဲတေ မှုတိုက်ဖျက်ရေးနှင့် အမျိုးသမီး များ၏ အခန်းကဏ္ဍမြင့်တင်ရေး အတွက် အသေးစားငွေချေးလုပ် ငန်းက အဓိကလက်နက်ဖြစ်ခဲ့ ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပါမောက္ခ ယူနွတ်စ်သည် ၂၀၀၆ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု   ရရှိခဲ့သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နှစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် မိုဟာမက်ယူနွတ်တို့ကိုတွေ့ရစဉ်(ဓာတ်ပုံ− British Council Myanmar)
7Day Daily
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နှစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် မိုဟာမက်ယူနွတ်တို့ကိုတွေ့ရစဉ်(ဓာတ်ပုံ− British Council Myanmar)
7Day Daily

No comments:

Post a Comment