အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသသို့ အကြမ်းဖက် သောင်း ကျန်းသူများ မဝင်ရောက်နိုင်ရေး၊ နယ်စပ်ပြဿနာများ ထပ်မံမပေါ်ပေါက် စေရေးတို့အတွက် အလံတင် အစည်းအဝေး တစ်ရပ်ကို ရက်ပိုင်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
Monday, 2 June 2014
ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပမည်

အရှေ့တောင်အာရှ တက္ကသိုလ်များ ကွန်ရက်ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကြီး၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး စိတ်ပါ ဝင်စားသူ ကျောင်းသား ဟောင်းများ အလှူငွေ ထည့်ဝင်နိုင်ကြောင်း အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။
အင်အားပြင်းထန်သည့် နေရောင်ခြည်စက်ဝန်း ပေါက်ကွဲ
အင်မတန် အင်အား ကြီးမားပြင်းထန်တဲ့ နေရောင်ခြည်စက်ဝန်း ပေါက်ကွဲမှုတရပ် နေရဲ့ဘေးကနေ ပန်းထွက်လာပုံကို အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)ရဲ့ နေနဲ့ နက္ခတာရာ လေ့လာရေးမျှော်စင် (အိုင်အာအိုင်အက်စ်)က ဖြန့်ချိလိုက်ပါတယ်။
ရွှံ့မီးတောင်တွေ့၍ ကျောက်ဖြူ အထူးစီးပွားရေးဇုန် နေရာပြောင်းမည်
ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်ရန် လျာထားသည့် နေရာ အနီးတွင် ရွှံ့မီးတောင်တစ်ခု ရှိသည်ဟု အကြံပေး ကုမ္ပဏီက တင်ပြလာသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို နေရာရွှေ့ပြောင်းရန် စီစဉ်နေပြီဟု တင်ဒါရွေးချယ်ရေးအဖွဲ့က အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ဇွန် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
စပါးကြီး မြွေလေးကောင်က လူကိုနှိပ်နယ်ပေး

ဆီဘူး- ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့ရဲ့အပန်းဖြေတိရစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေအတွက် ထူးခြားတဲ့ အနားယူနိုင်စရာ အခွင့်အရေးအနေနဲ့ စပါးကြီးလေးကောင်က အညောင်းပြေ နှိပ်နယ်ပေးနေတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြထားပါတယ်။
ကျောင်းဖွင့်ချိန် ရောက်သော်လည်း အခြေခံပညာကျောင်းအချို့ ပြဋ္ဌာန်းစာအုပ် မလုံလောက်သေး

၂၀၁၄-၂၀၁၅ ပညာသင်နှစ် စတင်ပြီဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်း အခြေခံ ပညာ ကျောင်းအချို့တွင် ပြဋ္ဌာန်းစာအုပ်များလုံလောက်စွာ မပေးနိုင်သေးကြောင်း ပညာရေးအသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။
အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပမည်

အရှေ့တောင်အာရှ တက္ကသိုလ်များ ကွန်ရက်ဝင် ရန်ကုန်စီးပွားရေး တက္ကသိုလ်ကြီး၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားပြီး စိတ်ပါဝင်စားသူ ကျောင်းသားဟောင်း များ အလှူငွေထည့်ဝင်နိုင်ကြောင်း အဆိုပါတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်နိုင်ဦးကပြောကြားသည်။
တပ်အင်အားဖြည့်ထားဖို့လိုရင် နိုင်ငံတော်ကလိုအပ်သလိုစီမံသွားမှာပါ

၂၀၁၁ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် အမျိုးသမီးငယ်တစ်ဦးအဓ်္ဓမပြုကျင့်ခံ၍ အသတ်ခံရမှုကို အခြေခံကာရခိုင်ပြည်နယ် အတွင်း မတူညီသည့်လူ့အဖွဲ့အစည်းနှစ် ခုအတွင်းပဋိပက္ခများနှင့် ခြေအနေတင်း မာမှုများ ပြင်းထန်လာခဲ့ပြီး ဒေသခံ ထောင်ချီ၍ဒုက်္ခရောက်ခဲ့ကြရသည်။ ဖြစ်စဉ်ဖြစ်ရပ်များတွင်း သေဆုံးသူအရေ အတွက်မှာလည်းများစွာရှိခဲ့သည့်အပြင် ယခုနှစ်မတ်လတွင် ယူအန်အဖွဲ့အစည်း တစ်ခုမှ အမျိုးသမီးဝန်ထမ်းတစ်ဦး၏ လုပ်ရပ်ပေါ်အခြေခံ၍ အဆိုပါအမျိုးသမီး တာဝန်ထမ်းဆောင်သည့်အဖွဲ့အစည်းရုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက်နိုင်ငံတော်မှ အရေးပေါ်အခြေ အနေပေါင်းစပ်ညှိနှိုင်းစင်တာကိုဖွဲ့စည်း ပေးခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၄ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် ဒေသတွင်RSO ရိုဟင်ဂျာသောင်းကြမ်း သူအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များ အခြေအနေတင်းမာမှု ဖြစ်ပေါ်လျက်ရှိရာအရေးပေါ်အခြေအနေ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဒုတိယဥက်္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် လက်ရှိရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသည့်အခြေအနေ များနှင့် ပကတိအခြေအနေများကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။
ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေး ရှင်း သွားရောက်ဆေးကု
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်အတွင်း ပျံ့နှံ့ ရောက်ရှိနေသော စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားရောက် ဆေးကု သပေးနေကြောင်း ရွှေပါရမီ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။
နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။
လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆)မျိုး

လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ်ပါတယ်။
အာရှပစိဖိတ် အလှမယ်ဆု ရရှိခဲ့သည့် မေမြတ်နိုး

ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်အလှမယ်ပြိုင်ပွဲမှာ အဓိက Tital ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားအသင့် အတင့်ရှိနေ ပါတယ်။ ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ုတိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
အီရန်တွင် Facebook အသုံးပြုသူ ရှစ်ဦး စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်ခြင်းခံရ

အီရန်နိုင်ငံတွင် ဆိုရှယ်မီဒီယာ Website တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ပြုလုပ်သည် ဆိုကာ လူရှစ်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ပီလီ၏သား မူးယစ်ဆေးမှု ငွေမည်း ခ၀ါချမှု များဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ်ခံရ
ဘရာဇီးဂန္တ၀င် ဘောလုံးသမားကြီး ပီလီ၏သားဖြစ်သူ အီဒင်ဟို သည် မူးယစ်ဆေး ရောင်းဝယ်မှုမှ ရရှိသော ငွေမည်းများကို ခ၀ါချ ခဲ့မှုဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ် ခံရကြောင်း သိရသည်။
နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။
ကျောင်းအပ်ချိန် ပခုက္ကူ အထက်တန်းကျောင်းများ အပိုကြေး ကောက်ခံဟု ကျောင်းသားမိဘဆို
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ် လက်ခံလျက်ရှိရာ မကွေးတိုင်းဒေ သကြီး၊ ပခုက္ကူမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၄)၊ အ.ထ.က (၅) အပါအဝင် မြစ်ခြေတိုက်နယ်ရှိ အထက်တန်း ကျောင်းများအနေနှင့် ကျောင်းအပ် လက်ခံရာတွင် အပိုကြေးများ ကောက်ခံလျက် ရှိကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထား၍ မရပါက ကော်မတီသို့ တင်ပြနိုင်ဟုဆို

နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခက်အခဲများ ရှိပါက လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံသို့ တင်ပြအကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကော်မတီဝင်များထံမှ သိရသည်။
Subscribe to:
Posts (Atom)