ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတွင် ဧပြီလ ၃ ရက်နေ့က အသက် ၁၃ နှစ်အရွယ် ညီမဖြစ်သူကို အစ်ကိုဖြစ်သူက ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဘိုကလေးမြို့မ ရဲစခန်းထံမှ သိရသည်။
Tuesday, 7 April 2015
သေတ္တာများထဲ ထည့်ပြီး ပန်းခြံအတွင်း လာပစ်သွားသည့် အလောင်းများကိစ္စ အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများကို သေတ္တာထဲထည့်ပြီး လူစည်ကားရာ ပန်းခြံ ထဲသို့ လာပစ်သွားသည့် ဖြစ်ရပ်အတွက် အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရှိရသည်။
သင်္ကြန်အထူးရထားခရီးစဉ်များ ဧပြီ ၁၀ ရက်တွင် စတင်ပြေးဆွဲမည်
ရန်ကုန်-နေပြည်တော်-မန္တလေးသင်္ကြန်အထူးရထား ခရီးစဉ်များကို ဧပြီ ၁၀ ရက်မှ စတင် ပြေးဆွဲမည်ဖြစ် ကြောင်း သတင်းရရှိသည်။ နေပြည်တော် မှ ရန်ကုန် ခရီးစဉ်ကို အစုန် (၁) နှင့် အစုန် (၂) ဟူ၍ ဧပြီ ၁၀ ရက်ည ၇ နာရီ ခွဲနှင့် ၉ နာရီတွင်လည်း ကောင်း၊ ရန်ကုန်မှ မန္တလေးသို့ အဆန်အထူး (၁)၊ (၂) ခရီးစဉ် များကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက် များတွင် ညနေ ၄ နာရီ၌လည်း ကောင်း၊ မန္တလေးမှ ရန်ကုန်သို့ အစုန်အထူး (၁)၊ (၂) ကို ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်များ၌ ညနေ ၄ နာရီတွင် လည်းကောင်း၊ ရန်ကုန်-နေပြည်တော်အဆန် အထူး (၁) (၂) ခရီးစဉ်များအား ဧပြီ ၂၁ ရက် ည ၇ နာရီခွဲနှင့် ၈ နာရီတွင် လည်းကောင်း၊ အထူးရထား ခရီးစဉ် ရှစ်ခုပြေးဆွဲပေးမည်ဖြစ် ကြောင်း အထက်မြန်မာပြည် မြန်မာ့ မီးရထားလုပ်ငန်း သွား လာရေးဌာနမှ တာဝန်ရှိသူက ပြောသည်။
နစ်မြုပ် ရုရှား ငါးဖမ်းသင်္ဘောသို့ မြန်မာ ၄၂ ဦး စေလွှတ်သည့် ကုမ္ပဏီ ၅ ခု အရေးယူခံရ
ရုရှားအရှေ့ဖျားဒေသ Okhotsh Sea အတွင်း ဧပြီလ၂ ရက်နေ့ က နစ်မြုပ်သွားသည့် ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၄၂ ဦး ပါရှိ အလုပ်လုပ်ကိုင်ခဲ့ရာ ယင်းသင်္ဘောတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံသား များကို တရားမ၀င် စေလွှတ်ခဲ့သည့် ပြည်တွင်း သင်္ဘောသားအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ ၅ ခုကို လုပ်ငန်း လုပ် ကိုင် ခွင့် အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
မယ်မြန်မာ ဖြစ်ဖို့ ကျမ ကြိုးစားမည်
ဖက်ရှင်ရှိုးပွဲ တခု၏ စင်မြင့်နောက်တွင် အမျိုးသမီး ငယ်လေးများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မော်ဒယ်လ်များက အဝတ်လဲခန်း အတွင်းမှ မှန်ထဲကို ကြည့်ရင်း သူတို့၏ မျက်နှာများကို စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင် ခြယ်သနေကြ သည်။
မြန်မာနိုင်ငံမှ ထိပ်တန်း ဒီဇိုင်နာများ ချုပ်လုပ် ပေးထားသည့် ဂါဝန်များကို ဝတ်ဆင်ပြီး လျှောက်လမ်းပေါ်သို့ မတက်မီ နောက်ဆုံး ပြင်ဆင်မှု ပြုလုပ်နေ ကြခြင်း ဖြစ်သည်။ ပြည်တွင်း ဒီဇိုင်နာများ စုပေါင်းပြုလုပ်သည့် ယခုရှိုးပွဲတွင် တကြိမ် လျှောက်လျှင် သူတို့ ကျပ် ၁ သိန်းခန့် ရပါသည်။ ပျမ်းမျှ တလ လုပ်အားခ ကျပ် ၁ သိန်းခွဲကျော်ခန့်သာ ရရှိသည့် နိုင်ငံတနိုင်ငံတွင် နည်းပါးသည့် ပမာဏတော့ မဟုတ်ပါ။ သို့သော်လည်း သူတို့က ငွေကြေး အတွက် သက်သက် လုပ်နေကြခြင်း မဟုတ်ပါ။ သူတို့ကို လူသိများစေဖို့ လုပ်နေကြခြင်း ဖြစ်ပါသည်။

လွှတ်တော်အမတ်များ နေထိုင်ရေးကိစ္စ စီစဉ်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုတင်မည်
လွှတ်တော်အမတ်များ နေထိုင်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စ စီစဉ်ပေးရန်ကို လွှတ်တော်တွင် အရေးကြီးအဆိုတင်မည် ဖြစ်ကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံ အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေး ထိုးနိုင် ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်တွင် ဧပြီ(၆)ရက် နံနက်(၉)နာရီက ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ကြောင်းသိရသည်။
ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ
လုံခြုံရေးဆိုင်ရာတိုး မြှင့်ပြီး ထုတ်လုပ်ထားသည့် ငွေ စက္ကူကျပ် ငါးထောင် တန်အသစ် သုံးစွဲရာတွင် ပြဿနာများရှိနေ၍ လူအများပိုမိုသိရှိရန် ဗဟိုဘဏ်က ထပ်မံကြေညာပေးသင့်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် များက ပြောကြားသည်။
ချယ်ရီဦးမှတင်သွင်းသည့်နာရီများ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူခွင့်ပေးသည့် လေဆိပ်ကုန်လှောင်ရုံတာဝန်ခံအား အရေးယူမည်
ချယ်ရီဦးကုမ္ပဏီမှတင် သွင်းလာသည့်နာရီများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့ခြင်း မရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူ ခွင့်ပေးခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံတာဝန်ခံကို ဝန်ထမ်း စည်းမျဉ်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာ ဝန်ရှိသူများထံမှသိရသည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ပြင်ဆင်လျှောက်ထားချက် တရားလွှတ်တော်ချုပ်က လက်ခံ
ယုံကြည်မှု အလွဲသုံးစားလုပ်မှု အပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှုအတွက် ပြင်ဆင်မှု လျှောက်ထားချက်ကို တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ယနေ့ နံနက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်ပြီး The Voice သို့လည်း ထပ်မံအတည်ပြု ပြောဆိုသည်။

လွှတ်တော်အမတ်တွေ အတွက် သီးသန့် အဆောက်အဦ ဆောက်မယ်
နေပြည်တော်ကို လွှတ်တော် လာတက်ရတဲ့ လွှတ်တော်အမတ်တွေ နေထိုင်ဖို့ လွှတ်တော်ဝင်း တနေရာမှာ သီးသန့် အဆောက်အဦကို လွှတ်တော်က ရရှိထားတဲ့ ငွေကြေးတွေထဲက သုံးစွဲ တည်ဆောက်မယ်ဆိုပြီး လွှတ်တော် ၂ ရပ်ပေါင်းရဲ့ အလှည့်ကျ နာယကဖြစ်တဲ့ သူရ ဦးရွှေမန်းက ပြောပါတယ်။
တနင်္လာနေ့က လွှတ်တော်တွင်း နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်းမှာ သူရ ဦးရွှေမန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ချက် ကျောင်းသားများ၏ လိုလားချက်နှင့် ကွဲလွဲမှု ကြီးမားလျှင် တိုက်ပွဲအသစ်များ ထပ်ဖြစ်မည်ဟုဆို
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း နောက်ဆုံးအတည်ပြု ပြင်ဆင်ပြီး၍ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အခြေခံတောင်းဆိုချက်များနှင့် ကွဲလွဲမှု ကြီးမားပါက တိုက်ပွဲအသစ်များ ထပ်မံဖြစ်လာနိုင်သည်ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
“ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ကွဲလွဲမှုများနေတယ် ဆိုရင် အလကားဖြစ်သွားပြီ။ တိုက်ပွဲတွေလည်း ထပ်ဖြစ်နိုင်တယ်။ ကော်မတီရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်သေးဘူး။ ပုံစံမျိုးစုံ ဖြစ်နိုင်တယ်” ဟု ကိုပိုင်ရဲသူက ပြောဆိုသည်။

တရုတ်-မြန်မာနယ်နိမိတ်အား နိုင်ငံတော်အဆင့် တတိယအကြိမ်ပူးတွဲ စစ်ဆေးပြီး ရေရှည်ပြဿနာမဖြစ်ပွားရေးဆောင်ရွက်မည့်အပြင် လက်ရှိအငြင်း ပွားမှုများပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့်ပူးတွဲစစ်ဆေးခြင်း ကို ရေတိုနည်း အဖြစ် ဦးစွာဆောင်ရွက်မည်ဟုဆို
တရုတ်-မြန်မာနှစ် နိုင်ငံနယ်စပ် အငြင်းပွားမှုပြဿ နာ များကြောင့် တရုတ်-မြန်မာ နယ်နိ မိတ်အား နိုင်ငံတော် အဆင့် တတိယ အကြိမ် ပူး တွဲစစ်ဆေးပြီး ရေရှည် ပြဿ နာမဖြစ်ပွားရေး ဆောင်ရွက် မည့်အပြင် လက်ရှိအငြင်းပွားမှုများ ပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့် ပူးတွဲ စစ်ဆေးခြင်းကို ရေတိုနည်းအ ဖြစ် ဦးစွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
Monday, 6 April 2015
ဧ၇ာဝတီတိုင်း မော်ကျွန်းမှာ သီချင်းသွားဆိုဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါ
ခင်ဝင့်ဝါက မတ်လထဲမှာ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့က စေတီရန်ပုံ ငွေပွဲမှာ သီချင်းသွားဆိုဖြစ်ခဲ့ကြောင်းသိရပြီး ဒီရန်ပုံငွေပွဲမှာ အောင်ရဲလင်းနဲ့ ကောင်းပြည့်တို့လည်း ပါဝင်သီဆိုဖျော်ဖြေကြောင်း သိရပါတယ်။ ပထမဦးဆုံး သီချင်းဆိုဖြစ်တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု တွေလည်းရရှိခဲ့ကြောင်း ကို ခင်ဝင့်ဝါက "ဧရာဝတီ တိုင်းမော်ကျွန်းက ကမ်းပါးမှာတည်ထားတဲ့ စေတီ က ကမ်းပါးပြိုကျတော့မယ့်အတွက် ပြုပြင်ဖို့ ရန်ပုံငွေပွဲပါ။
''ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်...ဟော တစ်ရုံ ဟောတစ်ရုံ ပန်းမျိုးစုံတဲ့အပင်''
မကြာမီ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီး ကျရောက် တော့မည်။
သင်္ကြန်ပွဲတော်နှင့်အတူ အသားကျနေသော ရေကစားမဏ္ဍပ်များသည်လည်း အပြိုင် အဆိုင်ဆောက် လုပ်နေကြသည်။ သင်္ကြန်ပျော်လူငယ်များကလည်း အတာသင်္ကြန်ပွဲကို မီးကုန်ယမ်းကုန် ဆင်နွှဲရန် စီစဉ်နေ ကြသည်။
ရန်ကုန်မြို့တော် သင်္ကြန်ရေကစားမဏ္ဍပ်များကား ဒီဇိုင်းစုံ၊ ကာလာစုံ၊ ဝန်ဆောင်မှုအစုံဖြင့် သင်္ကြန်ပျော် လူငယ်များကို ဆွဲဆောင်နေကြသည်။ နာမည်ကျော် အဆိုတော် များ၊ မော်ဒယ်လ်များ၊ ဒီဂျေများနှင့်အတူ မဏ္ဍပ်များကား သင်္ကြန်၏ပျော်ရွှင်မှုကို ပို၍ အရောင် တောက်စေမည်လား။

ကျွန်ုပ်တို့၏ သင်္ကြန်
မကြာမြင့်မီ ရက်ပိုင်းအတွင်း၌ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှ ၁၃၇၇ ခုနှစ်သို့ ကူးပြောင်းရောက်ရှိ ပေတော့မည်။ သင်္ကြန်၏အဓိပ္ပာယ်ကို တိုတိုကျဉ်းကျဉ်း ဖွင့်ဆိုရလျှင် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်း ဖြစ်သည်။ နှစ်ဟောင်းတွင် ကြွင်းချန်ရစ်ခဲ့သော အညံ့ အဆိုး၊ အမှား၊ အညစ်များကို ဆေးကြောခြင်းသဘော ဖြင့် အတာရေစင် ပက်ဖျန်းသွန်းလောင်းကြခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့လူမျိုးသည် ကြာကြာစိတ်ညစ်မခံနိုင်သော လူမျိုးဖြစ်သည်။ ဘဝအမော၊ ဘဝအကျပ်အတည်းများ မည်သို့ရှိစေဦးတော့ ရောက်သည့်နေရာ၊ ဖြတ်သန်းနေ ရသည့် ဘဝအခြေအနေအမျိုးမျိုးကြားမှ အပန်းပြေ ပျော်ရွှင်စရာအဖြစ်သို့ ထွက်ပေါက်ရှာတတ်ကြသည့် လူမျိုးဖြစ်သည်။

ကျည်ဆန်တွေအစား ပန်းများပွင့်စေတော့မည့် ငြိမ်းချမ်းရေးကြီးဆီသို့
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို မတ် ၃၁ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ငြိမ်းချမ်းရေးအတွက် သဘောတူ လက်မှတ်ရေးထိုး နိုင်သည့်အပေါ် နိုင်ငံသားအချို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။
ဦးလှမောင်ရွှေ (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ နည်းပညာအထောက် အကူပြုအဖွဲ့)
ကျွန်တော်တို့ မျှော်လင့်တာကတော့ သိပ်မကြာခင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုးမယ့်ရက် မဝေးတော့ဘူးလို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း မေတ္တာရပ်ခံပါတယ်။ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပပြီးတဲ့နေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်းကနေ ရက် ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေးဆွေး နွေးပွဲကြီးစမယ်လို့ စာချုပ်ထဲမှာပါတယ်။ ဒါကြောင့်မို့ တစ်ရက်စောထိုးနိုင်လေ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ရက် စောစနိုင်လေပါပဲ။ ဒါကို အမြန်ဆုံးရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။

ယီမင်ထဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ဝင်နိုင်တော့မယ်
ယီမင် နိုင်ငံထဲကို ဆေးဝါး ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ အမှုထမ်းတွေ ပို့ဆောင်ဖို့ ခွင့်ပြုချက် ရရှိလာတယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ယီမင် နိုင်ငံထဲက ဟူသီ သူပုန်တွေကို ဆက်တိုက် ဆိုသလို တိုက်ခိုက်နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ စစ်ရေး မဟာမိတ် အုပ်စုနဲ့ အကြား သဘောတူညီမှု ရလာခဲ့တဲ့နောက် တနင်္လာနေ့မှာ ယီမင်နိုင်ငံ မြို့တော် ဆာနားကို ထောက်ပံ့ရေး လေယာဉ် ၂ စင်း ဆင်းသက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောခွင့်ရ Sitara Jabeen က ဆိုပါတယ်။

မြန်မာရေလုပ်သားများကို လူကုန်ကူးခဲ့သူများအား စစ်ဆေးဖော်ထုတ်ရန် ထိုင်းဘုရင့်ရဲတပ်ဖွဲ့အမိန့်ထုတ်ပြန်ထားဟုဆို
မြန်မာရေလုပ်သားများ ကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်းပေါ်သို့ လူကုန်ကူးခဲ့သည့် ထိုင်းလုပ်ငန်းရှင်များနှင့် လှေပိုင် ရှင်များကို ထိုင်းအစိုးရက အ ရေးယူထားသည်ဟု မြန်မာအစိုး ရထံ အကြောင်းပြန်ထားပြီး ထိုင်း ဘုရင့်ရဲတပ်ဖွဲ့က လူကုန်ကူးသူ များအား စစ်ဆေးဖော်ထုတ်ရန် အမိန့်စာထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းကပြောကြားသည်။
လျှပ်စစ်အလင်းတန်း မယ်စဲ့မြို့သို့ရောက်ပြီ
မယ်စဲ့မြို့သည် ကယားပြည်နယ်အတွင်းရှိ ထိုင်းနိုင်ငံ နှင့် ကပ်လျက်ရှိသော နယ်စပ်မြို့ ဖြစ်ပါသည်။ ရာသီဥတု အနေဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး မိုးရေချိန် ပျမ်းမျှ ၄၃ ဒသမ ဝ၄ လက်မခန့် ရွာသွန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅ဝ ပေတွင် တည်ရှိ ပါသည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုး များနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ဆောင်ရွက် ကြပါသည်။
မယ်စဲ့မြို့ကို ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကစ၍ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညပိုင်း အချိန် အပိုင်းဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိရာတွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်လာမည့် မယ်စဲ့မြို့ ဓာတ်အားပြည့်ဝစွာရရှိရေးကို လည်း ဆောင်ရွက်ခဲ့ပါသည်။
မယ်စဲ့မြို့ကို နိုင်ငံတော်ဓာတ်အားစနစ်က ဓာတ် အားရရှိရေးအတွက် ဖားဆောင်း - မယ်စဲ့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၃၈ မိုင် တည်ဆောက်ပြီး မယ်စဲ့မြို့တွင် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ခြင်း လုပ်ငန်းကို ၂ဝ၁၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့သည်။ ဖားဆောင်း-မယ်စဲ့ဓာတ်အားလိုင်း တည်ဆောက်ရာတွင် မြစ်ချောင်း၊ တောင်ကုန်း၊ လျှို မြောင်တောတန်းတစ်လျှောက် တည်ဆောက်ရသော လုပ်ငန်းဖြစ်၍ ခက်ခဲလှပေသည်။ မြစ်ကူးတာဝါတိုင် များဖြင့် သံလွင်မြစ်ကြီးကိုကျော်ဖြတ်၍ လိုင်းဆွဲခဲ့ရပါ သည်။ လူမသယ်နိုင် စက်မသယ်နိုင်သော တောင်ကုန်း လျှိုမြောင်များအတွင်းသို့ ဓာတ်အားလိုင်း ကွန်ကရစ် တိုင်များကို ဆင်များဖြင့် ဆွဲသွင်းစိုက်ထူရပေသည်။
မာကျောသော ကျောက်တောင်ကျောက်သားမြေများ ပေါ်တွင် တိုင်ကျင်းများထွင်းဖောက်ကာ တိုင်စိုက်ခြင်း များ ပြုလုပ်ခဲ့ရပေသည်။
ဓာတ်အားလိုင်းများ တည်ဆောက်ရာတွင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ ကိုယ်တိုင် ကွင်းဆင်းကြီးကြပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လျှပ်စစ်ဝန်ထမ်းများပါဝင်သောအဖွဲ့ ရှစ်ဖွဲ့၊ ပြင်ပလျှပ်စစ်တည်ဆောက်ရေးအဖွဲ့ ခုနစ်ဖွဲ့၊ လူအင်အား ၃ဝဝ ကျော်ဖြင့် နေ့မအား၊ ညမနား တည်ဆောက် ခဲ့ကြသည်။ နေ့အချိန်တွင် ဓာတ်အားလိုင်းတည်ဆောက် ခဲ့ရပြီး ညအချိန်တွင် လိုင်းတည်ဆောက်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ခြင်း၊ သံလက်တန်းများ ဖြတ်ဖောက် လုပ်ခြင်းများဖြင့် အချိန်ကိုလု၍ ဆောင်ရွက်ခဲ့ကြရ သည်။ အပူချိန် ၄၅ ဒီဂရီ ဖာရင်ဟိုက်အထိ ပူပြင်းသော မယ်စဲ့နွေရာသီ၏ နေအပူရှိန်ကို အံတုကာ ချွေးမြေကျ အောင် ဆောင်ရွက်ခဲ့ကြသည်။ နေကပူ တောမီးကပူသည့် ကြားထဲတွင် တောမီးကြောင့် ထွက်လာသော ပတူ ကောင်များအတုတ်ခံရ၍ ဆေးရုံတက်ရသူ လည်းရှိသည်။
လုပ်ငန်းအဖွဲ့အလိုက် တာဝန်ကိုယ်စီ သတ်မှတ်ထားရာ တာဝန်များ အမြန်ပြီးပြတ်ရေးအတွက် ညအချိန်တွင် ဓာတ်မီးများဖြင့် တိုင်ပေါ်တက်၍ ဆောင်ရွက်ခဲ့ကြရသည်။
လျှပ်စစ်ဝန်ထမ်းများ၏ နေ့မအား၊ ညမနား ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် ပင်ပန်းခံခဲ့ရခြင်း၏ အကျိုးရလဒ်ကို ရရှိ ခဲ့ကြပေပြီ။
၂ဝ၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မယ်စဲ့မြို့သည် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် မီးလင်းခဲ့ပြီ။
မြစ်ကိုဖြတ်၊တောင်ကိုကျော် တောကိုနင်း၍ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၃၈ မိုင်ကို တစ်လအတွင်း အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြ ပေပြီ။ ဘုရား၊ ကျောင်း၊ လမ်းနှင့် အိမ်ရာများအား ဓာတ်အားစနစ်ဖြင့် မီးအပြည့်အဝ သုံးစွဲနိုင်ကြပါပြီ။
ဓာတ်အားလွှတ်သောနေ့တွင် ''ဆရာ ဘာဖြစ်လို့ ငိုနေ တာလဲ''။
''ဟ... ငါငိုနေတာမဟုတ်ဘူး၊ ဝမ်းသာလွန်းလို့ မျက်ရည်ကျမိတာကွ''။
ချွေးမြေကျအောင် တည်ဆောက်ခဲ့ရမှုအတွက် မျက် ရည်ကျအောင် ဝမ်းသာခဲ့ကြသော လျှပ်စစ်ဝန်ထမ်းများ၏ ပီတိပင် ...။
''ကျုပ်တစ်သက် အခုလို ချက်ချင်း လျှပ်စစ်မီးတွေ လင်းလာတာကို ယုံတောင် မယုံနိုင်ပါဘူး။အိပ်မက် များလား၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကို ကျေးဇူးတင်လိုက်တာ''ဟု အဘိုးအိုတစ်ဦး၏ ''ရင်တွင်း ဖွင့်ဟ စကားသံ''။
မယ်စဲ့မြို့နေ တိုင်းရင်းသားပြည်သူများအားလုံး ပျော်ရွှင်နေကြပေပြီ။
ကလေးများ၏ ပျော်ရွှင်မှုအသံ များနှင့် ဘဝဂ်ညံနေကြပေပြီ။
မယ်စဲ့မြို့ ဓာတ်အားရရှိရေးတွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ကူညီ ပံ့ပိုးပေးမှုများသည်လည်း လုပ်ငန်းအောင်မြင်မှုအတွက် အရေးပါလှပေသည်။ ရိက္ခာဆန်၊သောက်ရေသန့်၊ ဆေး ပစ္စည်း၊ ဆေးစိမ်ခြင်ထောင် စသည်ဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့မှု လုပ်ငန်းခွင်အခက်အခဲများ ကူညီ ဖြေရှင်းပေးခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းခွင် ဒဏ်ရာရသူများ၊ ဖျားနာသူများကို မယ်စဲ့ဆေးရုံက ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
မယ်စဲ့မြို့သို့ရောက်ရှိနေပြီဖြစ်သော လျှပ်စစ်ဓာတ် အားကို မယ်စဲ့မြို့မှတစ်ဆင့် အနီးပတ်ဝန်းကျင် ကျေးရွာ များ လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ မယ်စဲ့မြို့နယ်တစ်ခုလုံး လျှပ်စစ် အလင်းရောင်များဝေဖြာ၍ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပေသည်။
နိုင်ငံတော်အနေဖြင့် မယ်စဲ့မြို့နည်းတူ ဓာတ်အား မရရှိသေးသော မြို့၊ ကျေးရွာများဓာတ်အားရရှိရေးကို လည်း နိုင်ငံတော်၏ဘဏ္ဍာငွေ၊ နိုင်ငံတကာအဖွဲ့အစည်း များ၏ အထောက်အပံ့ချေးငွေများဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
MOI Webportal Myanmar

Subscribe to:
Posts (Atom)