
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ် စက်များတွင် နိုင်ငံခြားသား အချို့မှ ငွေထုတ်ကတ်အတု အသုံးပြု၍ ငွေများလိမ်လည်ထုတ်ယူနေကြောင်း ပြည်သူများ၏ သတင်းပေး ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိ သူများသည် စောင့်ကြည့်ဖော်ထုတ် ဖမ်းဆီးခဲ့ရာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် နိုင်ငံခြားသား(၁)ဦးမှ ငွေထုတ်ကတ် အတုဖြင့် ငွေထုတ် ယူနေစဉ် ဖမ်းဆီးရမိခဲ့ ပါသည်။









