Monday, 24 March 2014

ယူကရိန်းစစ်တပ် အင်အားဖြည့်ရန် ဘဏ္ဍာငွေလိုအပ်

Photo: ယူကရိန်းစစ်တပ် အင်အားဖြည့်ရန် ဘဏ္ဍာငွေလိုအပ်
Monday, March 24, 2014

ကရိုင်းမီးယားဒေသက ယူကရိန်းစစ်စခန်းတွေကို ရုရှားတပ်တွေ တခုပြီး တခု သိမ်းနေတဲ့ အချိန်မှာ ယူကရိန်းစစ်တပ်ကို အင်အားဖြည့်ဖို့ ဘဏ္ဍာငွေ လိုအပ်တယ်လို့ ယူကရိန်း ၀န်ကြီးချုပ်က ပြောလိုက်ပါတယ်။

unnamedလောလောဆယ် ကရိုင်းမီးယားဒေသခံထဲမှာ ယူကရိန်းစစ်စခန်း အနည်းအကျဉ်းလောက်က လွဲလို့ တော်တော်များများကို ရုရှားတပ်တွေက သိမ်းပြီး မတ် ၂၃ ရက်နေ့အထိ စခန်းပေါင်း ၁၈၉ ခုမှာ ရုရှားအလံတွေ လွှင့်ထူထားပါတယ်။

ယူကရိန်းလွှတ်တော်မှာ ၀န်ကြီးချုပ် အာဆန်နီ ယက်စန်နွတ်က ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ပေးဖို့ တောင်းခံလိုက်ပါတယ်။

“တိုင်းပြည်ထဲမှာ ပြဿနာတွေ အများကြီးရှိတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ရုရှားတပ်တွေ သိမ်းထားတဲ့ ကရိုင်းမီးယားဒေသထဲက ယူကရိန်းစစ်တပ်ကို အကူအညီပေးဖို့နဲ့ တပ်အင်အားကို တိုးပြီး ချထားဖို့ လိုတယ်” လို့ ၀န်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ပြောပါတယ်။

မတ် ၁၇ ရက်နေ့ကတည်းက ယူကရိန်းလွှတ်တော်က ကရိုင်းမီးယားဒေသကို ထိန်းသိမ်း ကာကွယ်ဖို့ တပ်အင်အား ၄ သောင်းအထိ ချထားဖို့ အစီအစဉ်ကို ထောက်ခံထားပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးကလည်း ကရိုင်းမီးယားဒေသထဲက အခြေအနေဟာ ရှုပ်ထွေးနေပြီး ကရိုင်းမီးယားဒေသမှာ တာဝန်ကျတဲ့ တပ်မိသားစုကို တပါတည်းခေါ်သွားမလား၊ နောက်ချန်ထားခဲ့မလားဆိုတဲ့ ကိစ္စကို မကြာခင်မှာ ဆုံးဖြတ်ချက်ချရမယ်လို့ ပြောပါတယ်။

ကရိုင်းမီးယားဒေသထဲမှာလည်း ယူကရိန်းစစ်တပ်ထဲက တချို့တပ်သားတွေက ရုရှားတပ်နဲ့ ပေါင်းသွားပြီး တချို့က နောက်တန်းကို ပြန်ဖို့ ဆန္ဒရှိနေကြပါတယ်။

ဒီဗွီဘီ 
ကရိုင်းမီးယားဒေသက ယူကရိန်းစစ်စခန်းတွေကို ရုရှားတပ်တွေ တခုပြီးတခုသိမ်းနေတဲ့ အချိန်မှာ ယူကရိန်း စစ်တပ်ကို အင်အားဖြည့်ဖို့ ဘဏ္ဍာငွေ လိုအပ်တယ်လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောလိုက်ပါ တယ်။

ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်သဖြင့် ဒဏ်ရာရ

Photo: ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်သဖြင့်
ဒဏ်ရာရ
Monday, March 24, 2014

၂၃.၃.၂၀၁၄ရက်နေ့ ၁၁၃၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်း အတိုင်း အင်းစိန်ဘက်မှရွှေပြည်သာဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း၊ (၂၇)နှစ်၊(ဘ)ဦးထွန်းမြင့်၊ (၅၁)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
နေသူ မောင်းနှင်လာသော 3E---- ကင်တာအဖြူရောင် အငှားယာဉ်
သည် စက်မှု(၇)လမ်းထိပ်အရောက်၌ ရှေ့မှမောင်းနှင်နေသောယာဉ်ကို
ကျော်တက်ရန် မောင်းနှင်စဉ် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ
ရွှေပြည်သာမြို့နယ်နေ မတင်တင်အေးတွင် ၀ဲနားထင်ဖူးရောင်စုတ်ပြဲ၊ ၀ဲလက်ဖျံနှင့်လက်ကောက်ဝတ်စုတ်ပြဲဒဏ်ရာဝဲ၊ယာပါးပြင်ပေါက်ပြဲဒဏ်ရာ များရရှိခဲ့၍ အင်းစိန်ဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရ ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းကျော်မင်းထွန်းကို
ရွှေပြည်သာမြို့မရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 
 ၂၃.၃.၂၀၁၄ရက်နေ့ ၁၁၃၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းအတိုင်း အင်းစိန်ဘက် မှရွှေပြည်သာ ဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း၊ (၂၇)နှစ်၊(ဘ)ဦးထွန်းမြင့်၊ (၅၁)ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသော 3E---- ကင်တာအဖြူရောင် အငှားယာဉ်သည် စက်မှု(၇) လမ်းထိပ်အရောက်၌ ရှေ့မှမောင်းနှင်နေသောယာဉ်ကို ကျော်တက်ရန် မောင်းနှင်စဉ် တစ်ဘက် ယာဉ်ကြော သို့ရောက်ရှိပြီး အရှိန်မထိန်းနိုင်ဘဲလမ်းပေါ်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

ရန်ကုန်လေဆိပ်တွင် ၀ိုင်ဖိုင်အင်တာနက် ၀န်ဆောင်မှုပေးမည်

Photo: ရန်ကုန်လေဆိပ်တွင် ၀ိုင်ဖိုင်အင်တာနက် ၀န်ဆောင်မှုပေးမည်
Monday, March 24, 2014

နိုင်ငံတကာ လေဆိပ်တွေနည်းတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အင်တာနက် သုံးနိုင်တဲ့ ကွန်ပျူတာတွေ တပ်ဆင်ပေးသွားမယ့်အပြင် အင်တာနက် အခမဲ့အသုံးပြုနိုင်အောင် ၀ိုင်ဖိုင်လည်း လွှတ်ပေးထားမယ်လို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ Red Link ကုမ္ပဏီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

ကွန်ပျူတာတွေကို ပြည်ပထွက်ခွာအဆောင်နဲ့ ပြည်ပဆိုက်ရောက် အဆောင်နှစ်ခု စလုံးမှာ တပ်ဆင်ပေးသွားမယ့်အပြင် ပြည်တွင်း ပြည်ပ ခရီးသည်တွေအနေနဲ့ အဲဒီနေရာတွေမှာ ကိုယ်ယူလာတဲ့ လက်ဖ်တော့၊ တက်ဘလက်၊ မိုဘိုင်းဖုန်းတွေနဲ့လည်း အင်တာနက် သုံးနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်ပ ထွက်ခွာ ခရီးသည် စောင့်ဆိုင်းခန်းမှာ အခမဲ့တယ်လီဖုန်း တပ်ဆင်ပေးထားပေမယ့် အဲဒီ ဖုန်းတွေကနေ မိုဘိုင်းဖုန်းတွေကို ခေါ်ဆိုလို့တော့ မရပါဘူး။

Red Link ကုမ္ပဏီ ဟာ အင်တာနက် ၀ိုင်ဖိုင် ၀န်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်ပြီး ၀ိုင်ဖိုင် အင်တာနက်အသုံးပြုသူ ၁၅၀၀၀ လောက် ရရှိထားတယ်လို့ သိရပါတယ်

DVB
နိုင်ငံတကာ လေဆိပ်တွေနည်းတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အင်တာနက် သုံးနိုင်တဲ့ ကွန်ပျူတာတွေ တပ်ဆင်ပေးသွားမယ့်အပြင် အင်တာနက် အခမဲ့အသုံးပြုနိုင်အောင် ၀ိုင်ဖိုင်လည်း လွှတ်ပေး ထားမယ်လို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ Red Link ကုမ္ပဏီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြော ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဧကပေါင်း ၂၆၀၀ စံပြကွက်ဖော်မည်

Photo: ဧရာဝတီတိုင်းဒေသကြီးတွင် ဧကပေါင်း ၂၆၀၀ စံပြကွက်ဖော်မည်
Monday, March 24, 2014

စပါးအထွက်နှုန်း မြင့်မားကာ လယ်ယာမြေ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်၌ တစ်မြို့နယ် ဧက ၁၀၀ နှုန်းဖြင့် ဧကပေါင်း ၂၆၀၀ ကို စံပြကွက်အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဖော်ထုတ်မည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးမှူး ဦးအေးသန်းက ပြောကြားသည်။

စံပြကွက် ဖော်ထုတ်မည့် လယ်မြေများကို တောင်သူများနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများက ညှိနှိုင်း ရွေးချယ်ရမည် ဖြစ်ပြီး ဆည်ရေသောက် ဧရိယာများတွင် စံပြကွက် ဖော်ထုတ်နိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် စီစဉ်လျက် ရှိကြောင်း၊ ဒေသခံတောင်သူများက ဧရိယာတိုင်းတာ၍ တင်ပြမည်ဆိုပါက အဆင်ပြေနိုင်ဖွယ် ရှိကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။

ဟင်္သာတခရိုင် မြန်အောင်နှင့် ကြံခင်းမြို့နယ်များမှ ကွန်ချောင်းဆည် ဧရိယာတွင် ဧက ၁၅၀၀ စံပြကွက် ဖော်ထုတ်ရေး တောင်းဆိုမှုကို လက်ရှိအချိန်တွင် လုပ်ပေးနိုင်ဖွယ် မရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး စိုက်ဧက ၃၆ သိန်းရှိပြီး စက်မှုလယ်ယာ ဦးစီးဌာနတွင် လယ်ထွန်စက် အစီးရေ ၂၅၀ ဝန်းကျင်သာ ရှိသဖြင့် လယ်ယာသုံး စက်ကိရိယာ မရှိသည့် တောင်သူများကို လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများ ဦးစားပေး ကူညီပေးမည်ဟု ဦးအေးသန်းက ဆက်လက်ပြောဆိုသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် စံပြဧက နှစ်သောင်းကျော် ဖော်ထုတ်ပေးခဲ့ပြီး ဒေသအချို့၌ စံပြကွက် ဧကများ ဖော်ထုတ်ရေးတွင် တောင်သူအချို့က ကန့်ကွက်ပါက ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း၊ စံပြဖော်ထုတ်ကွက် တစ်ကွက်အတွက် ကျပ်ငါးသိန်း သုံးသောင်းဝန်းကျင် ကုန်ကျစရိတ်ရှိပြီး မြို့နယ်ပေါင်း ၃၃၀ ကို ဖော်ထုတ်ပေးနေခြင်း ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

စံပြကွက်များအတွက် နေရာရွေးချယ်ရာတွင် တောင်သူများ သဘောတူ လက်မှတ်ထိုးထားရကြောင်း၊ စံပြကွက်များကို လယ်ထွန်စက်ဖြင့် လုပ်ကိုင်ရမှုကြောင့် မြေမညီမျှမှု အနည်းငယ် ဖြစ်တတ်သည်ကို တောင်သူများ ကြိုတင် သိရှိထားရမည် ဖြစ်ပြီး ကန်သင်းရေလုံအောင် ကိုယ်တိုင်လည်း လုပ်ရန်လိုသည်ဟု ၎င်းကဆိုသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်ချေးငွေ ရရှိရေး၊ အတိုးနှုန်း သက်သာရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ငွေချေးယူပြီး တောင်သူများကို ပြန်ချေးရသည့်အစား ဗဟိုဘဏ်မှ တိုက်ရိုက်ချေးယူပြီး တောင်သူများ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက တောင်သူများနှင့် မတ်လ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

The Voice Weekly 
စပါးအထွက်နှုန်း မြင့်မားကာ လယ်ယာမြေ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်၌ တစ်မြို့နယ် ဧက ၁၀၀ နှုန်းဖြင့် ဧကပေါင်း ၂၆၀၀ ကို စံပြကွက်အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဖော်ထုတ်မည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးမှူး ဦးအေးသန်းက ပြောကြားသည်။

ရခိုင်မှ သန်းခေါင်စာရင်းသပိတ်မှောက်မည့်အစီအစဉ်အတွက် စိတ်အေးအေးထားကြဖို့ ပြည်ထောင်စုဝန်ကြီးမှာကြား

ပြည်ထောင်စုအစိုးရက လူထုတောင်းဆိုထားသည့်အချက်ကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်းမရှိပါက ရခိုင်လူထု အနေဖြင့် သန်းခေါင်စားရင်အားသပိတ်မှောက်မည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ်တိုက်ဖျက်ရေးကော်မတီ (စစ်တွေ)မှ သတင်းပြန်ကြားရေး တာဝန်ခံ တစ်ဦး ဖြစ် သည့် ဦးသန်းထွန်းကပြောသည်။

ပြည်သူ့ရင်ပြင်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

Photo: ပြည်သူ့ရင်ပြင်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
Monday, March 24, 2014

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဦးဆောင်ပြီး H & S Group က တာဝန်ယူ ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်တွင် မေလ ၆ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများ အပြင် ကလပ် အသင်းများကို ဖိတ်ခေါ်၍ မျိုးဆက်သစ် ပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်းကို စိတ်ဝင်စားသူများအတွက် သဲအိတ်နှင့် လက်အိတ်များ ထားရှိပေးမည် ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ကစားနိုင်မည်ဟု ၎င်းကဆိုသည်။

အဆိုပါ လက်ဝှေ့ စိန်ခေါ်ပွဲကို ညနေ ခြောက်နာရီတွင် ကျင်းပမည် ဖြစ်ပြီး ခြောက်ရက်နေ့တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် အထူးတန်း လက်မှတ် တစ်စောင်လျှင် ကျပ် ၁၅၀၀၀၊ ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၇၀၀၀ ကျပ် သတ်မှတ်ထားပြီး ခုနစ်ရက်နေ့တွင် ကျင်းပမည့် ကလပ် အသင်းများ၏ မျိုးဆက်သစ် ဖိတ်ခေါ် ပြိုင်ပွဲကိုမူ အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထားသည်။

ဒုတိယနေ့တွင် ကျင်းပမည့် ရိုးရာလက်ဝှေ့ ကလပ်အသင်းများ၏ မျိုးဆက်သစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ တွံတေး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းရှိ ကလပ်အသင်းများမှ မျိုးဆက်သစ်များကို ပွဲထုတ် ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ဆုကြေးအနေနှင့် အနိုင်ရရှိသူကို ကျပ်လေးသောင်း၊ ရှံးနိမ့်သူကို နှစ်သောင်းနှင့် သရေကျပါက သုံးသောင်းကျပ် သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

“မျိုးဆက်သစ်ပွဲမှာ ဆုကြေး နည်းပေမယ့် ပရိတ်သတ်နဲ့ ကလပ်အသင်းတွေက ပေးတဲ့ ဆုကြေးတွေ ခံစားခွင့် ရှိတယ်” ဟု ဦးစိုင်းဇော်ဇော်က ပြောဆိုသည်။

ပထမနေ့ စိန်ခေါ်ပွဲများတွင် (၂၇) ကြိမ်မြောက် SEA Games ရွှေတံဆိပ်ရ လက်ဝှေ့ကစားသမား ထွန်းထွန်းမင်း (မုဒုံသား) နှင့် စိန်ခေါ်သူ ပထမတန်း လက်ဝှေ့သမား စောရန်ပိုင်၊ လေးညို့ရှင် (သတ္တိ) နှင့် ရဲတံခွန် (အလင်းရောင်)၊ ၂၀၁၃ ဒဂုံရွှေအောင်လံဆုရှင် ရဲမြတ်အောင် (အဖြူရောင်သွေးသစ်) နှင့် ပြည်ထောင်စုဖလား ရွှေတံဆိပ်ဆုရှင် ရဲရင့်ထွန်း၊ ရန်တိုင်းကျော် (ဝါဆို) နှင့် စောကျားလေး (ဘိလပ်မြေစက်ရုံ)၊ သားအသဲတစ်ပွင့် (YGW မန္တလေး) နှင့် အားမာန် (T & T)၊ ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်) နှင့် ဖြူလေး (မုဒုံသား) တို့ ယှဉ်ပြိုင်မည် ဖြစ်ကာ နိုင်ငံခြား ဝါသနာရှင် အထူးစိန်ခေါ်ပွဲ အဖြစ် Ian Diamond (ခေါ်) စောရဲဒင်း (သတ္တိ) နှင့် ဇော်ဇော် (အဖြူရောင်သွေးသစ်) တို့ ထိုးသတ်ကြမည် ဖြစ်ကြောင်း ယင်းလက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပသည့် H & S Group က ထုတ်ပြန်ထားသည်။

ကလပ်အသင်း တစ်ခုလျှင် သုံးဦးသာ အများဆုံး ယှဉ်ပြိုင်နိုင်ပြီး နယ်မှလာသော လူငယ်လက်ဝှေ့ သမားသစ်များကို တစ်ဦးလျှင် ခရီးစရိတ် အဖြစ် ကျပ်တစ်သောင်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ လက်ဝှေ့သမား များနှင့် ဓာတ်ပုံအတူရိုက်ခြင်း၊ အမှတ်တရ တီရှပ်များ ကံစမ်းမဲ ဖောက်ပေးခြင်း စသည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ယင်း Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly
မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ဦးဆောင်ပြီး H & S Group က တာဝန်ယူ ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်တွင် မေလ ၆ ရက်နေ့၌ ကျင်းပ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ပြော ကြားသည်။

တောင်ကိုရီးယားတက္ကသိုလ်မှ ပရော်ဖက်ရှင်နယ် ဂိမ်မာများကို ကျောင်းသားအဖြစ် လက်ခံသွားမည်

Photo: တောင်ကိုရီးယားတက္ကသိုလ်မှ ပရော်ဖက်ရှင်နယ် ဂိမ်မာများကို ကျောင်းသားအဖြစ် လက်ခံသွားမည်
Monday, March 24, 2014

တောင်ကိုရီးယားနိုင်ငံ၏ Top 10 စာရင်းဝင်ကျောင်းတစ်ကျောင်း အဖြစ် အသိအမှတ်ပြုခံရသည့် Chung-Ang University ၏ ပေါ်လစီ သစ်အရ လာမည့်နှစ်တွင် Sports Science ဌာနအတွက် အခြားအားကစားသမား များနှင့် နည်းတူ Pro Gamer များကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Sports Science ဌာနသည် အားကစားသမား များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိသည့် ဌနာတစ်ခုဖြစ်ပြီး Chung-Ang University တည်မြဲတိုးတက်ဖို့အတွက် နယ်ပယ်သစ်က ပရော်ဖက်ရှင် Player များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယား
တက္ကသိုလ်သို့ နိုင်ငံအသီးသီးမှ ဂိမ်မာများ လာရောက်တက်ရောက်နိုင်ရန် ကိုရီးယားဘာသာစကားကို လေ့လာထားဖို့ လိုအပ်ကြောင်း သိရသည်။

ဂိမ်းယှဉ်ပြိုင်မှု ကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံသည် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာလိမ့်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံရှိ နာမည်ကျော် The Onion မီဒီယာကုမ္ပဏီက ဝေဖန်ထောက်ပြခဲ့သည်။ သို့ပေမယ့် ဂိမ်းပြိုင်ပွဲများကို TV တွင် အစီအစဉ်တစ်ခုအဖြစ် တင်ဆက်လျှက်ရှိရာ Player များသည် အားကစားသမားကို အပြင်းအထန်
လေ့ကျင့်ပေးဖို့ လိုအပ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ဂိမ်းလောက ကြီးမားသထက်ကြီးမားလာကာ US မှ ပရော်ဖက်ရှင်နယ်ဂိမ်မာများ လာရောက်အခြေချနေထိုင်သည် အထိရှိ လာကြောင်း သိရသည်။ ထိုသို့ပရော်ဖက်ရှင်နယ် ဂိမ်မာများကို
ကျောင်းအတွင်း ခန့်အပ်ခဲ့ပါက တောင်ကိုရီးယားနိုင်ငံ၏ ဂိမ်းလောကသည် ပိုပြီးကြီးမားကျယ်ပြန့်လာနိုင်မည်ဟု ယုံကြည်နေကြကြောင်း သိရှိရသည်။

Ref : IGN
--------------------------------------------
May Thazin (TSJ Team)
TechSpace Journal
တောင်ကိုရီးယားနိုင်ငံ၏ Top 10 စာရင်းဝင်ကျောင်းတစ်ကျောင်းအဖြစ် အသိအမှတ်ပြုခံရသည့် Chung-Ang University ၏ ပေါ်လစီ သစ်အရ လာမည့်နှစ်တွင် Sports Science ဌာနအတွက် အခြားအားကစားသမား များနှင့် နည်းတူ Pro Gamer များကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Sports Science ဌာနသည် အားကစားသမား များကို နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိသည့် ဌနာတစ်ခုဖြစ်ပြီး Chung-Ang University တည်မြဲတိုးတက်ဖို့အတွက် နယ်ပယ်သစ်က ပရော်ဖက်ရှင် Player များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားတက္ကသိုလ်သို့ နိုင်ငံအသီးသီးမှ ဂိမ်မာများ လာရောက် တက်ရောက်နိုင်ရန် ကိုရီးယားဘာသာစကားကို လေ့လာထားဖို့ လိုအပ်ကြောင်း သိရသည်။

ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည်

မြန်မာနိုင်ငံတွင် ရထားလမ်းများ စောင့်ကြည့်စနစ်နှင့် ဆေးရုံများ၌ နောက်ဆုံးပေါ် ဆေးဝါးကိရိယာများ သုံးစွဲရေးအတွက် ဂျပန်နိုင်ငံမှ နောက်ထပ် ဂျပန် ယန်းငွေ ရှစ်ဘီလီယံ(အမေရိကန် ဒေါ်လာ ၇၈ သန်း) ထောက်ပံ့ပေး မည့်အစီအစဉ်ကို ဂျပန် အစိုးရက ယနေ့ ကြေညာမည်ဖြစ်သည်။

ဘင်္ဂါလီအမည်သာ တွင်စေရမည် တိုင်းရင်းသားများ စိတ်ချမ်းသာကြပါဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းပြောကြား

ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ရာတွင် ဘင်္ဂါလီလူမျိုး များအား ဘင်္ဂါလီအမည်သာ တွင်စေရမည် ဖြစ်ပြီး တိုင်းရင်းသား ၁၃၅ မျိုးတွင် ထည့် သွင်းမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းက အာဆီယံလူငယ်များ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Samsung Galaxy S5 ကို ပြည်တွင်းတွင် ကြိုတင်စာရင်းပေး ဝယ်ယူနိုင်ပြီ

မကြာသေးမီကမှ ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ Samsung ရဲ့ ပထမဆုံး ရေစိုခံစမတ်ဖုန်း Galaxy S5 ကို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် ကြိုတင်စာရင်းပေးထားသူများကို စတင်ရောင်းချပေးသွား မှာ ဖြစ်ပါ တယ်။ Pre Order များကို ဧပြီလ (၁) ရက်နေ့မှ စတင်ကာ ဧပြီလ (၉) ရက်နေ့အထိ Samsung Brand Shop ဆိုင်များတွင် လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

ယခုနှစ်သင်္ကြန်ကာလတွင် ယခင်နှစ်ထက် ယာဉ်ထိန်းရဲအင်အား ပိုမိုအသုံးပြုမည်

မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို ရှင်း လင်း နိုင်ရန် အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အားကို ယခင်နှစ်များနှင့် မတူဘဲ အင်အားတိုးချဲ့ အသုံးပြု သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ် ထံမှ သိရသည်။

အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လျော်ကြေးမရဟုဆို

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့် လာပြီ ဖြစ်သော်လည်း ယင်းစီမံကိန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ များနှင့် ရော် ဘာခြံများအတွက် လျော်ကြေးများ မရရှိသေးကြောင်း ကွမ်းလုံမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးအယ်လ် တိန်းဘောင်က ပြောကြားသည်။

အိမ်ထောင်မပြုသောအမျိုးသမီးများ နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေပိုများ

Photo: အိမ်ထောင်မပြုသောအမျိုးသမီးများ နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေပိုများ
Monday, March 24, 2014

အိမ်ထောင်ရှိ၊ မရှိဆိုသည့် အခြေအနေသည် နှလုံးရောဂါဖြင့် သေဆုံးသည့်အန္တရာယ်အပေါ် လွှမ်းမိုးနိုင် ဟန်ရှိသည်။ သို့သော်လည်း အိမ်ထောင်မပြုသည့် အ မျိုးသမီးများသည် အိမ်ထောင်ရှိသည့် အမျိုးသမီးများ ထက် နှလုံးရောဂါဖြင့် သေဆုံးရန် ပို၍ဖြစ်နိုင်ကြောင်း ယူကေရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသန အသစ်တစ်ခုက တွေ့ရှိခဲ့သည်။
အဆိုပါလေ့လာမှုအကြောင်း မကြာသေးမီက BMC Medicine ဂျာနယ် တွင် ဖော်ပြခဲ့သည်။

ယခင်သုတေသနတစ်ခုတွင်လည်း အိမ်ထောင်ရှိအမျိုးသားများက အိမ်ထောင် မရှိ အမျိုးသားများထက် နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် ပို၍နိမ့်ကြောင်း တွေ့ ရှိခဲ့သည်။ သို့သော်လည်း အမျိုးသမီးများ ကြား ယခုကဲ့သို့ ဆက်စပ်မှုအား အကဲဖြတ် သည့် ကြီးမားသည့်လေ့လာမှု များများစား စားမရှိဟု ဆာရာဖလောက် ဦးဆောင်သည့် သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

သုတေသီများသည် ယူကေ၏ Mil-lion Women Study မှ အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။ Mil-lion Women Study မှာ ၁၉၉၆ နှင့် ၂ဝဝ၁ ခုနှစ်အတွင်း လေ့လာမှုတွင် ပါဝင် ရန် စည်းရုံးခဲ့သည့် အသက် ၅ဝ နှင့်အထက် အမျိုးသမီး ၁ ဒသမ ၃ သန်းကျော် ပါဝင် သော အမျိုးသားကျန်းမာရေး လေ့လာမှု တစ်ခုဖြစ်သည်။ အမျိုးသမီးများသည် လေ့ လာမှု၏ အခြေခံအဖြစ် ကျန်းမာ ရေးဆိုင်ရာ မေးခွန်းလွှာတစ်ခု ကို ပြီးဆုံးအောင် ဖြေရန် လိုအပ်ပြီး နောက်သုံးနှစ် အကြာတွင် အခြေ အနေကို ပြန်လည် သုံးသပ်ခဲ့သည်။

ဆေးရုံတက်ရသော နှလုံးရောဂါဖြင့် သေဆုံးမှုများအတွက် စစ်တမ်းကောက် ယူခဲ့သော အမျိုးသမီးများအနက် ပျမ်းမျှ အသက် ၆ဝ ရှိ အမျိုးသမီး ၇၃၄၆၂၆ မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်၏ လေ့လာမှု တွင် ပါဝင်ခဲ့သည်။ အမျိုးသမီးများမှာ ယခင် က နှလုံးရောဂါ၊ လေဖြတ်မှု သို့မဟုတ် ကင် ဆာရောဂါ ရာဇဝင်မရှိခဲ့ဘဲ ပျမ်းမျှနောက် ဆက်တွဲ လေ့လာမှုကို ၈ ဒသမ ၈ နှစ် ပြု လုပ်ခဲ့သည်။

နောက်ဆက်တွဲ လေ့လာမှုကာလအ တွင်း အမျိုးသမီး ၃ဝ၇၄၇ ဦးမှာ နှလုံးရော ဂါရရှိခဲ့ပြီး ၂၁၄၈ ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။
အိမ်ထောင်ပြုထားသော သို့မဟုတ် ပါတနာတစ်ဦးနှင့် နေထိုင်သော အမျိုး သမီးများတွင်လည်း လက်မထပ်သော အမျိုး သမီးများကဲ့သို့ နှလုံးရောဂါ ရခဲ့သည်။

သို့သော်လည်း အိမ်ထောင်ပြုထား သော အမျိုးသမီးများသည် အိမ်ထောင် မပြုသော အမျိုးသမီးများထက် နှလုံးရောဂါ ကြောင့် သေဆုံးရန် ၂၈ ရာခိုင်နှုန်း ဖြစ်နိုင် ခြေလျော့နည်းကြောင်း သုတေသီတို့က တွေ့ရှိခဲ့သည်။
အသက်အရွယ်၊ လူမှုစီးပွားအဆင့် နှင့် ဘဝဟန်ပန် စသည့် အခြားလွှမ်းမိုး သော အချက်များထက် အိမ်ထောင်မရှိခြင်း က ပိုမိုလွှမ်းမိုးသည်ဟု ဆိုသည်။

Medical News Today
အိမ်ထောင်ရှိ၊ မရှိဆိုသည့် အခြေအနေသည် နှလုံးရောဂါဖြင့် သေဆုံးသည့်အန္တရာယ်အပေါ် လွှမ်းမိုးနိုင် ဟန်ရှိသည်။ သို့သော်လည်း အိမ်ထောင်မပြုသည့် အ မျိုးသမီးများသည် အိမ်ထောင်ရှိသည့် အမျိုးသမီးများ ထက် နှလုံးရောဂါဖြင့် သေဆုံးရန် ပို၍ဖြစ်နိုင်ကြောင်း ယူကေရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသန အသစ်တစ်ခုက တွေ့ရှိခဲ့သည်။ အဆိုပါလေ့လာမှုအကြောင်း မကြာသေးမီက BMC Medicine ဂျာနယ် တွင် ဖော်ပြခဲ့သည်။

သမ္မတဦးသိန်းစိန် မတ်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောမည်

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် န၀မပုံမှန်အစည်းအဝေးနောက်ဆုံးနေ့ဖြစ် သော မတ်လ၂၆ ရက် တွင် ကျင်းပမည့်အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြား မည်ဖြစ်ကြော င်း သတင်းရရှိသည်။

ပုဂံဒေသ ယဉ်ကျေးမှုဇုန် သုံးခုအတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မပြု

Photo: ပုဂံဒေသ ယဉ်ကျေးမှုဇုန် သုံးခုအတွင်း မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခွင့် မပြု
Monday, March 24, 2014

မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ များစွာတည်ရှိနေသော ပုဂံဒေသရှိ ယဉ်ကျေးမှုဇုန်သုံးခုအတွင်း မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ပုဂံဒေသ အတွင်း ဟိုတယ်ဇုန်များ တိုးချဲ့ရန် ညွှန်ကြားထားမှု ရှိပြီး ဟိုတယ်ဇုန်များ အကောင်အထည် ဖော်ရာတွင် ယဉ်ကျေးမှုဇုန်များနှင့် ကင်းလွတ်သော နေရာများတွင်သာ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း၊ယင်းသို့ ဟိုတယ်ဇုန်များ တိုးချဲ့ရန်အတွက် ကင်းလွတ်မည့် နေရာများကို ရှာဖွေလျက် ရှိနေကြောင်း၊ ပုဂံသည် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်သည် ပုဂံဒေသသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုနှုန်း များပြားခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ရှေးဟောင်း အဆောက်အအုံများနှင့် စေတီပုထိုးများကို ပြုပြင် ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း၊ ဟိုတယ် ဇုန်များ တိုးချဲ့ တည်ဆောက်မှုတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ရန် ပြောကြားထားကြောင်း သိရသည်။

လက်ရှိတွင် ပုဂံဒေသအတွင်း ဟိုတယ်၊မိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၇၇ ခုရှိပြီး အခန်းပေါင်း ၂၃၈၆ ခန်း ရှိကြောင်း ခရီးသွား ဝင်ရောက်မှု တိုးပွားလာသည်နှင့် အမျှ ဟိုတယ်ဇုန်များနှင့် ခရီးသွား ဧည့်သည်များ လုံခြုံရေးကို အထူးအလေးထား ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဇုန်များအတွင်း မလျော်ကန်သော အပြုအမူမျိုးများ မရှိလာစေရေးအတွက် သက်ဆိုင်ရာ များနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။
အေဒီ ၁ဝ ရာစုနှင့် ၁၄ ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ရှေးဟောင်း အဆောက်အအုံပေါင်း ၃ဝဝဝ ကျော်ရှိပြီး ယင်းတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရန် စီစဉ်လျက် ရှိနေကြောင်း၊ နိုင်ငံခြား ခရီးသွားများမှ စိတ်ဝင်စားမှုနှင့် လာရောက်မှု မြင့်တက်နေပြီး တည်းခိုရန် နေရာများ အခက်အခဲ ရှိလာသောကြောင့် ဟိုတယ်ဇုန်များ အသစ်ထပ်မံဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ များစွာတည်ရှိနေသော ပုဂံဒေသရှိ ယဉ်ကျေးမှုဇုန်သုံးခုအတွင်း မည်သည့် အဆောက် အအုံမျှ ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဗဟန်းမြို့နယ်တွင် သြစတြေးလျနိုင်ငံသား၏ခရီးဆောင်အိတ် လုယက်ခံရ

၂၃.၃.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန် သြစတြေးလျနိုင်ငံသား Mr. Kaan Peker ၊၃၂ နှစ် သည် ၎င်းနိုင်ငံသား အမျိုးသမီးအဖော်တစ်ဦးနှင့် အတူ ရန်ကုန်လေဆိပ်မှချက်ထရီယမ်ဟိုတယ်သို့ အငှားယာဉ်ဖြင့်လာခဲ့ရာ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal Inn ရှေ့သို့အရောက်တွင် အငှားယာဉ်ပေါ်မှဆင်းပြီး ချက်ထရီယမ် ဟိုတယ်သို့သွားရန်အတွက် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းဘက်ခြမ်းသို့ ကူးကာလမ်းလျောက်လာစဉ် ၎င်း၏ ၀ဲဘက်လက်တွင် ဆွဲထားသော အပြာရောင်ခရီးဆောင်အိတ်ကို ဆိုင်ကယ်စီးအမျိုးသား(၂)ဦးမှ လုယူမော င်းနှင် ထွက်ပြေးသွားခြင်း ခံခဲ့ရပါသည်။

ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ကို နေ့စဉ်မှီဝဲပါက ကျန်းမာသော ကလေး များ မွေးဖွားစေနိုင်

Photo: ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ကို နေ့စဉ်မှီဝဲပါက ကျန်းမာသော ကလေး များ မွေးဖွားစေနိုင်
Monday, March 24, 2014

ကိုယ်ဝန် ဆောင်နေစဉ် ကာလအ တောအတွင်း သံဓာတ် ပါဝင်မှုကို နေ့စဉ်ဖြည့်တင်း ပေးခြင်းကြောင့် ပိုမိုထွားကျိုင်း၍ ကျန်းမာရေး ကောင်းမွန်သော ကလေးများကို မိခင်လောင်း များ အနေ ဖြင့် မွေး ဖွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အသစ် တစ်ရပ်အရ သိရသည်။

ထိုကဲ့သို့ ကိုယ်ဝန်ဆောင်စဉ် ကာလတွင် သံဓာတ် ဖြည့်တင်းပေးခြင်းသည် ကလေးငယ်ကို သိသိသာသာ ကိုယ်အလေးချိန် မြင့်တက်စေခြင်းနှင့် ကိုယ်အလေးချိန် နည်းပါးမှု အန္တရာယ်ကို လျှော့ ချ စေနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ သံဓာတ် ပမာဏကို နေ့စဉ် ၆၆ မီလီဂရမ် တိုးမြှင့် ၍ သုံးစွဲသင့်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လက်ရှိအချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် သံဓာတ် ၆ဝ မီလီဂရမ် သုံးစွဲသင့်ကြောင်း အကြံပြု ထားသည်။ သံဓာတ် ချို့တဲ့ခြင်းသည် ကမ္ဘာ တစ်ဝန်းတွင် အကျယ်ပြန့်ဆုံး တွေ့ရသော အာဟာရ ဓာတ်ချို့တဲ့မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ဝင်ငွေ နည်းပါးသော နိုင်ငံများတွင် သွေးအားနည်းခြင်း ရောဂါကို ကိုယ်ဝန်ဆောင် အမျိုးသမီး ၃၂ သန်းတွင် တွေ့နေရသည်။

ကလေး မမွေးဖွားမီ သွေးအားနည်းခြင်းနှင့် အချိန် မတိုင်မီ ကလေး မွေးဖွားခြင်းတို့မှာ ဆက်စပ်နေကြောင်း တွေ့ရသော်လည်း အခြား ဖြစ်နိုင် ခြေများမှာ ပုံမှန်ဖြစ်လေ့ ဖြစ် ထမရှိကြောင်း လေ့လာချက်များအရ သိရသည်။ သံဓာတ်ဖြည့် တင်းပေးခြင်းသည် မိခင်လောင်း၏ ဟေမိုဂလိုဗင် ပါဝင်မှု ပမာဏကို မြင့်တက်စေပြီး သွေးအားနည်းခြင်းကို သိသိသာသာ လျော့ ကျ စေနိုင်ကြောင်း သုတေသီများ ကတွေ့ရှိ ခဲ့ကြသည်။ ။

ကျော်ဇင်ထွဋ်
မြ၀တီ
ကိုယ်ဝန် ဆောင်နေစဉ် ကာလအ တောအတွင်း သံဓာတ် ပါဝင်မှုကို နေ့စဉ်ဖြည့်တင်း ပေးခြင်းကြောင့် ပိုမိုထွားကျိုင်း၍ ကျန်းမာရေး ကောင်းမွန်သော ကလေးများကို မိခင်လောင်းများအနေ ဖြင့် မွေး ဖွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အသစ် တစ်ရပ်အရ သိရသည်။

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည် တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅ သန်းနှင့်အထက် ရှိနေ

Photo: မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည်တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅ သန်းနှင့်အထက် ရှိနေ
Monday, March 24, 2014

မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည်တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့်အထက်ရှိကြောင်း သိရသည်။

အဆိုပါပမာဏမှာ ပြည်တွင်း၌ပင် ထုတ်လုပ်နေသည့် အရေအတွက်ဖြစ်ပြီး ပြည်ပမှ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှဖြစ်စေ၊ တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းမှဖြစ်စေ ဈေးကွက်အတွင်း ၀င်ရောက်လာသည့် အရက်နှင့် ဘီယာများကို ထည့်သွင်းတွက်ချက်လျှင် ဂါလန်သိန်းပေါင်းများစွာ မြန်မာပြည်၏ ဈေးကွက်အတွင်း ရှိနေကြောင်း သိရှိနိုင်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် ဘီယာနှင့် အရက်ချက်စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြား ဘီယာကုမ္ပဏီများပါ ၀င်ရောက်လာပြီဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၌ တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာတွင် အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအတိုင်း စစ်တမ်းကောက်ယူမည်ဆိုပါက ဖော်ပြပါ ရာခိုင်နှုန်းထက်ပင် ပိုများနိုင်သည်ဟု သိရသည်။

“အရက်တွေ ဘီယာတွေကို အများကြီး သောက်မယ်ဆိုရင် အသည်းကို ထိခိုက်နိုင်ပါတယ်။ အသည်းက လူ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ Organ တစ်ခု ဖြစ်တယ်။ အသည်းကနေ အလုပ်တွေ အများကြီး လုပ်ပေးတယ်။ ဒါကြောင့် အသည်းက မကောင်းတော့ဘူးဆိုရင် နောက်ပိုင်းဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ဒေါက်တာဝင်းစည်သူက ပြောပြသည်။

ယင်းကဲ့သို့ သောက်သုံးမှုများကြောင့် ရေရှည်တွင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်သည့် အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးပေါ်၌ အခွန်စည်းကြပ် ကောက်ခံရာတွင်မူ ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ရာခိုင်နှုန်း ၅၀ သာဖြစ်သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ ထုတ်လုပ်သည့် အရက်နှင့် ဘီယာဂါလန် အရေအတွက်ကို ကြည့်မည်ဆိုပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၄၈၆၇၇၁၃ (ဂါလန် ၂၄၈ သိန်း)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၇၄၇၉၅၃၉ (ဂါလန် ၂၇၄ သိန်း) ထုတ်လုပ်ခဲ့ကာ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း ဂါလန်ပေါင်း ၂၅၂၅၂၂၉၅ (ဂါလန် ၂၅၂ သိန်း) ထုတ်လုပ်ထားကြောင်း သိရသည်။

Eleven Media Group 

ပြည်တွင်းထုတ် အရက်များအား တွေ့ရစဉ်
ပြည်တွင်းထုတ် အရက်များအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည် တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့် ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့်အထက်ရှိကြောင်း သိရသည်။

Sunday, 23 March 2014

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု မခံခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် အများဆုံးစုဝေး

၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနားကို မတ် ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ရာ ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် အများဆုံး စုဝေးတွေ့ဆုံ ခဲ့ကြသည်။

အိန္ဒိယသမုဒ္ဒရာ တောင်ဘက်တွင် အပျက်အစီးအပိုင်းအစကြီး တစ်ခုကို တရုတ်ဂြိုဟ်တုက တွေ့ရှိခဲ့ပြီးနောက် မလေးရှားလေယာဉ် ပျောက်ရှာဖွေမှု မျှော်လင့်ချက် မြင့်တက်လာ

တရုတ်က မတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့သော အပျက်အစီးအပိုင်းအစ ဂြိုဟ်တုဓာတ်ပုံ
ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်နှင့် ဆက်နွှယ်နေဖွယ်ရှိသော အပျက်အစီးအပိုင်းအစမျောကြီး တစ်ခုကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံအား တရုတ်က မတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီးနောက် လေယာဉ်ပျောက်ရှာဖွေရေးအတွက် မျှော်လင့် ချက် မြင့် တက်လာခဲ့သည်။