Monday 24 March 2014

ရခိုင်မှ သန်းခေါင်စာရင်းသပိတ်မှောက်မည့်အစီအစဉ်အတွက် စိတ်အေးအေးထားကြဖို့ ပြည်ထောင်စုဝန်ကြီးမှာကြား

ပြည်ထောင်စုအစိုးရက လူထုတောင်းဆိုထားသည့်အချက်ကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်းမရှိပါက ရခိုင်လူထု အနေဖြင့် သန်းခေါင်စားရင်အားသပိတ်မှောက်မည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ်တိုက်ဖျက်ရေးကော်မတီ (စစ်တွေ)မှ သတင်းပြန်ကြားရေး တာဝန်ခံ တစ်ဦး ဖြစ် သည့် ဦးသန်းထွန်းကပြောသည်။
“၁၆ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲတောင်းဆိုမှုကို အစိုးရထံတောင်းဆိုထားတယ်၊၂၁ရက်နေ့ နေ့လည့် ၁၂နာရီမှာ အကြောင်းပြန်ပေးဖို့အတွက်ပေါ့၊တောင်းဆိုချက်ကိုနိုင်ငံတော်သမ္မတရော ဗဟိုသန်းခေါင်စာရင်း က ကော်မရှင်ကလည်း ဖတ်ပြီးပြီးလို့တော့သိထားတယ်၊ သို့သော် ၂၁ရက်နေ့မှာအကြောင်းပြန်တာမရှိဘူး” ဟု ဦးသန်းထွန်းကဆိုသည်။

ရခိုင်ပြည်နယ်မြို့နယ် အနှံ့တွင် လူပေါင်းတစ်သိန်းကျော်ပါဝင်သောလူဆန္ဒထုတ်ဖော် ပွဲ နှင့် တောင်းဆို ချက်များ အား အစိုးရက ပြန်လည်ရှင်းလင်းချက်မပေးပါက သန်းခေါင်းစာရင်းကို သပိတ်မှောက်မည် ဟု မတ်လ၁၆ရက်နေ့က လည်း ဦးသန်းထွန်းက ပြောကြားထားသည်။

“ပထမအဆင့်က ၁၆ရက်နေ့ စစ်တွေလူထုဆန္ဒထုတ်ဖော်ပွဲမှာထေရ်ကြီးဝါကြီးဆရာတော်တစ်ပါးဖြစ်တဲ့ အမ္ပာရာမဆရာတော်ကသန်းခေါင်းစာရင်း ကောက်တဲ့အခါရိုဟင်ဂျာလို့ထည့်ပြီး သန်းခေါင် စာရင်းကောက် ရင် ရခိုင်ပြည်နယ်မှာအကောက်မခံဘဲ သပိတ်မှောက်မယ်ဆိုတာကို သဘောတူပါသလားလို့ လူထုကို မိန့်ကြားတဲ့ အခါအားလုံးကသဘောပါတယ်လို့ဘဲထောက်ခံကြတယ်’’ဟု ဦးသန်းထွန်းက ရှင်းလင်းခဲ့ သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကျူးကျော်ဘင်္ဂါလီသန်းခေါင်စာရင်းနာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ (စစ်တွေ) မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ထဲတွင်၂၀၁၄-ခုနှစ်၊မတ်လ(၁၆)ရက်နေ့စစ်တွေမြို့၊၀င်္ကဘာကွင်းလူထု ဆန္ဒဖော် ထုတ်ပွဲမှ အောက်ပါ ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြပါသည်- “ သန်းခေါင်စာရင်းကောက်ခံရာတွင် ဘင်္ဂါလီ လူမျိုးများ အတွက် (ရိုဟင်ဂျာ)ဟု စာရင်းသွင်းခွင့်ပြုထားခြင်းကို ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ဗဟို သန်းခေါင် စာရင်း ကော်မရှင် ကဖြစ်စေ ၂၁-၃-၂၀၁၄ နေ့နေ့လည် (၁၂း၀၀) နာရီအချိန်ကို နောက်ဆုံး ထား၍ ရုပ်သိမ်းကြောင်းမကြေငြာလျှင် ရခိုင်မျိုးနွယ်စုအားလုံးက သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်ကြရန်”ဟု ဖော်ပြထားသည်။

ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ရာတွင် ဘင်္ဂါလီလူမျိုး များအား ဘင်္ဂါလီအမည်သာ တွင်စေ ရမည်ဖြစ်ကြောင်း တိုင်းရင်းသား ၁၃၅ မျိုး၌ ထည့်သွင်းမည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အာဆီယံလူငယ်များ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းလည်းသိရသည်။

''ဘင်္ဂါလီလူမျိုးဟာ ဘင်္ဂါလီလို့ ပဲ အမည်တွင်မှာပါ။ ဒါကြောင့်လဲ ဘင်္ဂါလီ လို့ပဲအမည် တွင်အောင် ဆောင် ရွက် မယ်။ လူ့အခွင့်အရေးအရပဲ ဆောင်ရွက်မယ်။ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထည့်လို့မရ ပါဘူး။ အဲဒီအတိုင်းပဲ ဆောင်ရွက်မှာ ဖြစ် လို့ တိုင်းရင်းသားများ စိတ်ချမ်းသာအောင် နေကြပါ''ဟု ဦးအောင်မင်းက မတ် ၂၂ ရက်က Myanmar Peace Center တွင် ပြုလုပ်သော အာဆီယံလူငယ်များနှင့်တွေ့ ဆုံပွဲတွင် ပြောကြားခဲကြောင်း ပြည်တွင်းမီဒီယာတစ်ခု၌ဖော်ပြပါရှိသည်။

ဒေသခံများ၏ တောင်းဆိုချက်များတွင်မူလလူထုဆုံးဖြတ်ချက်အတိုင်းသန်းခေါင်စာရင်း ကောက်ခံလာခြင်းကို ရခိုင်မျိုးနွယ်စုများ အားလုံးကတညီတညွတ်တည်း ကန့်ကွက်ငြင်းဆန်ခြင်း အားဖြင့် သပိတ်မှောက်ကြပါရန် အဆိုပါကော်မတီအနေဖြင့် ထုတ်ပြန်နှိုးဆော်ထားကြောင်းကိုလည်း သိရသည်။

“ဒီမှာတော့ အကုန်လုံးသပိတ်မှောက်ကြတာပဲ ရိုဟင်ဂျာဆိုတဲ့အမည်ကိုထည့်ထားလိုက်ရင်နောက်ပိုင်းမှာ လူမျိုးအသစ်ပေါ်လာနိုင်တယ်ဆိုပြီး ဒေသခံတွေက ခံယူထားကြတယ်။အဲဒီလို ပေါ်ထွက်လာရင် နောက်ပိုင်း မှာလည်း လူမျိုးအသစ်အသစ်တွေထပ်ပေါ်လာမှ စိုးရိမ်နေကြတယ်။”ဟုလည်း စစ်တွေမှ ဒေသခံ တစ်ဦးက ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် အခြားလူမျိုးများ ဖြည့်သွင်းရမည့် ကုဒ်နံပါတ် ၉၁၄ နေ ရာတွင် လူမျိုးအား လိမ်လည်လှည့်ဖျား၍မှားယွင်းစွာ ထည့်သွင်းပါက သန်းခေါင်စာရင်း ဥပဒေနှင့်ငြိစွန်းနို င်ကြောင်း ကိုလည်း ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)

No comments:

Post a Comment