Monday 24 March 2014

ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည်

မြန်မာနိုင်ငံတွင် ရထားလမ်းများ စောင့်ကြည့်စနစ်နှင့် ဆေးရုံများ၌ နောက်ဆုံးပေါ် ဆေးဝါးကိရိယာများ သုံးစွဲရေးအတွက် ဂျပန်နိုင်ငံမှ နောက်ထပ် ဂျပန် ယန်းငွေ ရှစ်ဘီလီယံ(အမေရိကန် ဒေါ်လာ ၇၈ သန်း) ထောက်ပံ့ပေး မည့်အစီအစဉ်ကို ဂျပန် အစိုးရက ယနေ့ ကြေညာမည်ဖြစ်သည်။
ရန်ကုန်မြို့သို့ မတ်လ ၂၃ ရက် တွင် ရောက်ရှိလာသည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါ သည် မြန်မာ သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် နေပြည်တော်တွင် ယနေ့တွေ့ ဆုံ ရာ၌ အဆိုပါ အကူအ ညီပေးမှုကို ပြောကြားမည်ဖြစ် သည်။

နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်နှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများအား ပံ့ပိုးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ၂၀၁၂ ခုနှစ် ဒီဇင်ဘာက မြန်မာနိုင်ငံသို့ ဂျပန်ယန်းငွေ ၁၆၀ ဘီလီယံ ထောက်ပံ့သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် နေပြည်တော်တွင် ဆွေးနွေးရာ ၌ မြောက် ကို ရီးယားနှင့် သံတ မန်ဆက်သွယ်ရေးရှိသော မြန် မာနိုင်ငံဆီမှ မြောက်ကိုရီးယား၏ ဂျပန်နိုင်ငံသားများအပေါ် အ တိတ်က အနိုင်အထက်မတရား ကျင့်ခဲ့မှုများ ကူညီဖြေရှင်းပေးရန် ထောက်ခံမှု ရရှိမည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကီရှီဒါက မျှော်လင့်သည်။

ထို့အပြင် ဒုတိယ ကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံတွင် ကျ ဆုံးသွားသော ဂျပန်စစ်သားများ၏ ရုပ် အလောင်း များကို လေ့လာရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူ ဆောင်ရွက် သွား မည်ဟု မျှော်လင့်ထားသည်။

7Day News Journal

No comments:

Post a Comment