Monday, 9 September 2013

"ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"

Photo: "ထန်းကုန်းရွာ အကြမ်းဖက်မူမှာပါဝင်တဲ့ ၄ ဦးကို တရားစွဲဆို"
Monday, September 9, 2013

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေး
ရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထား
သူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင်လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

စွဲချက်တင်ခံရသူ လေးဦးဟာ အုတ်ဖိုရွာက ကိုမင်းလွင်၊ ကိုအောင်ကြီး၊ ကိုကျော်နိုင်ဦးနဲ့ နဲ့ ထန်းတောရွာက ကိုခင်မောင်ထူးတို့ဖြစ်ကြပါတယ်။

သူတို့ကို ကန့်ဘလူမြို့နယ် တရားရုံးက စွဲချက်တင်လိုက်တာဖြစ်
တယ်လို့ ရွှေဘိုခရိုင်ရဲမှူးကြီး ဦးအုန်းလှိုင်ကပြောပါတယ်။

ပြန်လွတ်ပေးလိုက်သူ ၆ ဦးဟာ အုတ်ဖိုရွာသား ၃ ဦး အင်ဘက်တော
ရွာသား၂ ဦးနဲ့ ရေကြည်ရွာက တစ်ဦးတို့ဖြစ်ကြပြီး သူတို့ကို ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

သူတို့ကို သြဂုတ်လ ၂၅ရက်နေ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး ပထမဖမ်းဆီး
ချိန်က ၁၁ဦးဖြစ်ပါတယ်။

အဲ့ဒီဖမ်းထားသူတွေထဲက အုတ်ဖိုရွာသား ကိုဆန်းချို ၃၂နှစ်ဟာ သြဂုတ်လ ၂၈ရက်နေ့က ၀မ်းလျောပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထန်းကုန်းရွာနဲ့ပတ်ဝန်းကျင်ဒေသက အခြေအနေနဲ့ လုံခြုံရေးဆောင်ရွက်မူအနေအထားများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အခြေအနေစတာတွေကို ထန်းကုန်းရွာမှာ လာရောက် ဆောင်ရွက်နေတဲ့ ရွှေဘိုခရိုင် ရဲမှူးကြီး ဦးအုန်းလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက လေးဦးကို မီးရှို့မူ အကျိုးစီးပွားဖျက်စီးမူတွေနဲ့ စွဲချက်တင် လိုက်ပြီး ၆ဦးကိုပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်ကစပြီး တိုင်းရင်းသားရုပ်သံလိုင်း လွင့်တော့မယ်

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ကချင်၊ ကယား၊ ကရင် (စကော၊ အရှေ့ပိုး၊ အနောက်ပိုး) ချင်း (လိုင်ဇိုး၊ ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀ ဘာသာစကားပေါင်း ၁၁ မျိုးနဲ့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း စတင် ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး

Photo: အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး
Monday, September 9, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး
တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တယ်လို့သိရ
ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်း၇င်းသားပါတီ ၁၃ ပါတီကို NLD က ဖိတ်ကြားခဲ့ပေမယ့် မွန်ဒီမိုကရေစီပါတီ ရခိုင်ဒီမိုကရေစီပါတီ ၊ ကယန်း
အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းတိုင်းရင်း သားတိုးတက်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်းသား 
၆ ပါတီသာ တက်ရောက် ဆွေးနွေးခဲ့ပြီး ကျန်တဲ့ ပါတီတွေ တက်ရောက်ခြင်း မရှိ ဘူးလို့ သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး နဲ့ပတ်သတ်ပြီး တိုင်ပင်ဆွးနွေးဖို့ ဖိတ်ခေါ်တာ အခုအကြိမ်က ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့သိရပါတယ်။

တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး NLD ပါတီမှ ဦးဖြိုးဇေယျာ်သော်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲကအချက်နဲ့ လွှတ်တော်ထဲကို၊ 
ရွေးကောက်င်္ပဲကို ၀င်ခဲ့ကြတာ၊ ပါတီကို လည်းပြန်မှတ်ပုံတင်ခဲ့ကြတာပါ။
 ပြင်ဖို့အတွက် ဆိုတဲ့နေရာမှာတော့ ဘာမှ ဝေေ၀၀ါးဝါးဖြစ်စရာ အကြောင်း မ၇ှိဘူး ပေါ့။ ဒါပေမယ့် ဒီနေ့ကတော့ ဘာတွေကို ဘယ်လိုပြင်မလဲဆိုတဲ့ 
ဆွေးနွေးမှုမျိုးတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်
ကတော့ ဘာတွေကိုလိုလားတယ်။ ဘာတွေကိုတောင့်တတယ်။ အဲ့ဒါတွေကို ရှေ့ဆက်ပြီးတော့  ပုံမှန်ဘယ်လိုမျိုးတွေ့ပြီး ကြမလဲ ဒီလောက်ကိုပဲ အဓိကထားပြိးဆွေးနွေးဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မည်ဆို၇င်၊ တိုင်းရင်းသားတွေ
လိုလားတဲ့ ဖယ်ဒရယ် အခြေခံတွေ နဲ့ ကိုက်ညီမှာမဟုတ်ကြောင်း ၊ 
ပြန်လည်ပြင်ဆင်မည့် အစား အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း နဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပစေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ဦးအေးသာအောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေကော်မတီကို စက်တင်ဘာလ ၆ရက်နေ့က 
ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၊ ဒီကော်မတီမှာ  ဦးကိုနီ၊ ဦးကျော်ဟိုးစတဲ့ ဥပဒေပညာရှင် ၇ ဦးပါဝင်ဖွဲ့စည်းထား ပါတယ်။

NLD ပါတီအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ၂ လ အချိန် အတွင်း  စနေနေ့တိုင်း တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးမှု ကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို နိုဝင်ဘာလ လွှတ်တော်အစည်းအဝေးမှာ တင်သွင်း သွားမှာဖြစ်တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် ဆုဝေက သတင်းပေးပို့ထားပါတယ်။

ABC
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး တိုင်းရင်းသား ပါတီတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့ တယ်လို့သိရပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ တွင် လာရောက် လုပ်ကိုင်မည်

Photo: နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်အခြေစိုက် DENSO ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ
တွင် လာရောက် လုပ်ကိုင်မည်
Monday, September 9, 2013

ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော်ပိုရေးရှင်း
မှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ
မှု ကော်မရှင် (MIC) သို့ ခွင့်ပြုချက်ရရှိရန် တင်ပြထားရာ MIC အနေဖြင့် စက်တင်ဘာ ၄ ရက်တွင် လုပ်ကိုင်ခွင့် ပြန်လည် ချထားပေးခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းလာရောက် လုပ်ကိုင်ရာတွင် DENSO ကုမ္ပဏီ အုပ်စုဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ရှယ်ယာ ၈၃ ရာခိုင်နှုန်းကျော် ပါဝင်သည့် ASMO ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် လက်ခစား စနစ်ဖြင့် မော်တော်ကား အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်
သည့် လုပ်ငန်းကို ASMO Myanmar ကုမ္ပဏီအ မည်ဖြင့် လုပ်ကိုင်မည်
 ဖြစ်ကြောင်း သိရသည်။

ဂျပန်အခြေစိုက် DENSO ကုမ္ပဏီအုပ်စု အနေဖြင့် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ ဂျာမနီ၊ ကိုရီးယား၊ သြစတြေးလျနှင့် ဥရောပနှင့် အာရှနိုင်ငံများတွင် ကုမ္ပဏီများ ဖွင့်လှစ်၍ ကားအစိတ်အပိုင်း တပ်ဆင် ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ရောင်းချမှုမှ
ရငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံ ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် သြဂုတ်လ အတွင်း၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို မလေးရှားနိုင်ငံ အခြေစိုက် APM Automotive Indochina Ltd အား ပဲခူးတိုင်း ဒေသကြီးတွင် လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

eleven media group
ပြည်ပနိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ တပ်ဆင် ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် DENSO ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို

Photo: ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို
Monday, September 9, 2013

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးသက်သက်
 ပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့ မလုံလောက်သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဟန်ချက်ညီညီ ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။သားငါးနဲ့မွေးမြူရေးလုပ်ငန်းက
စီးပွားရေးသမားအချို့နဲ့ သူရ ဦးရွှေမန်းနဲ့တွေ့ဆုံချိန်မှာ အဘက်ဘက်က အားနည်းနေတဲ့ ပြည်တွင်းက အသေးစားနဲ့အလတ်စား စီးပွားရေး
လုပ်ငန်းတွေရဲ့ အခြေအနေကို တင်ပြကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ
ကိုတော့ ရန်ကုန်မြို့၊ အင်းစိန် ကြို့ကုန်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ
 ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ စီးပွားရေးသမားတွေရဲ့ အပြုသဘောဆောင်ပြီး တင်ပြချက်တွေကလည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်း သားငါးကဏ္ဍက မွေးမြူထုတ်လုပ်သူတွေနဲ့ တွေ့ဆုံ
ချိန်မှာ ပြောပါတယ်။အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး
 ပြုပြင်ပြောင်းလဲမှု တစ်ခုတည်းနဲ့ မလုပ်လောက်ဘဲ စီးပွားရေးအရ
 ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်ဟာ ပိုပြီးတော့ မြင့်မားပြီး နိုင်ငံတော်နဲ
့နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ
 ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးသက်သက်တစ်ခုတည်းနဲ့ ထားလို့ မရတော့ဘူး။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တချိန်တည်း တပြိုင်တည်း ဟန်ချက်ညီညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးမှတစ်ခု ဆောင်ရွက်လို့ မရနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲ
မှုက အင်မတန်မှ အဓိကကျတဲ့ သော့ချက်ကျတဲ့အတွက် ဒီကနေ့
 တွေ့ဆုံဆွေးနွေးများဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ပိုပြီးတော့  အကျိုးသက်ရောက်စေမယ်လို့ မျှော်လင့်ထားပါတယ်။”လွှတ်တော်အနေ
နဲ့ ဥပဒေတွေကို ပြဌာန်းတဲ့နေရာမှာ နိုင်ငံတကာမှာ ရှိနေတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိဖို့နဲ့ ပြည်သူတွေအတွက် လက်တွေ့ကျပြီး အမှန်တကယ် လိုက်နာနိုင်တဲ့ ဥပဒေမျိုးတွေဖြစ်ဖို့လည်းလို့တယ်လို့လည်း သူရဦးရွှေမန်း
က ပြောပါတယ်။

ပြည်သူတွေအတွက် ဥပဒေပြဌာန်းတဲ့ ဥပဒေတွေဟာ အစိုးရအဖွဲ့အတွက် အုပ်ချုပ်ရေးအတွက် ဥပဒေပြုရေးအတွက် ပြဌာန်းတဲ့ဥပဒေမျိုးတွေမဖြစ်
ရဘဲ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်မဲ့ ဥပဒေမျိုးတွေဖြစ်ဖို့ လိုအပ်ပါတယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။လက်ရှိအချိန်မှာတော့
 ပြည်ထောင်စုလွှတ်တော်ကနေပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ် မြှင့်တင်ရေး ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်ကိုလည်း ပြဌာန်းဖို့ ကြိုးစားခဲ့ပြီး ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။သူရဦးရွှေမန်းနဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ
သားငါးနဲ့မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဘုရင့်နောင် ကုန်စည်ဒိုင်က စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်လာကြတာပါ။

မွေးမြူရေးကဏ္ဍမှာ အစားတောင့် ထုတ်လုပ်မှု အားနည်းမှုတွေ ရှိနေတဲ့အတွက် ထွက်ရှိလာတဲ့ ကုန်ပစ္စည်းပိုင်းတွေမှာလည်း အခက်အခဲတွေ ရှိနေသလို ပြည်တွင်းက အစာတောင့်လုပ်တဲ့ ကုန်ကြမ်းတွေကလည်း ပြည်ပကို ထွက်ရှိနေတဲ့အတွက် မွေးမြူရေး
လုပ်ငန်းရဲ့ အစာတောင့်ပြဿနာကို ဖြေရှင်းဖို့လိုတယ်လို့ မေးမြူထုတ်
လုပ်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမြဟန်က ပြောပါတယ်။

“ဒီမွေးမြူရေး လုပ်ငန်းအတွက် အစာတောင့်ထုတ်လုပ်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် တစ်နှစ်ကို အစားထုတ်လုပ်မှုဟာ တစ်နှစ်ကို တန် ၁၆ သန်းလောက်ရှိပါတယ်။ ဗီယက်နမ်မှဆိုရင် ၁၁ သန်းလောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာပ ၁ သန်းလောက်ပဲ ၇ှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ မွေးမြူရေးနဲ့ ပတ်သက်တဲ့ အစာတောင့် ထုတ်လုပ်မှုမှာ အတော်လေးကြိုးစားကြရ
အုန်းမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကျနော်တို့ အစာနဲ့ပတ်သက်ပြီး ကုန်ကြမ်းတွေကို ပြညပကိုပို့ဆောင်တာ အထူးသဖြင့် နယ်စပ်တွေကနေ အစာကုန်ကြမ်းတွေ ထွက်ရှိတာကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ အစာဈေးနှုန်းကြီးမြင့်ခြင်းတွေနဲ့ ကြုံနေရပါတယ်။”

အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းက
ဘဏ်တွေမှာ ငွေချေးယူဖို့ အခက်အခဲတွေ ရှိနေပြီးတော့ အထူးသဖြင့်
 မွေးမြူရေး လုပ်ငန်းတွေအနေနဲ့ ဘဏ်တွေက ငွေချေးလို့မရတဲ့အတွက် လုပ်ငန်းရှင်တွေဘက်မှာ အခက်အခဲ ရှိတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“ကျနော်လုပ်ငန်းတွေရဲ့ လိုအပ်တဲ့ ငွေကြေးပမာဏကို ဘဏ်စနစ်က
 ကောင်းကောင်း မပံ့ပိုးပေးနိုင်တဲ့ သဘောမှာ ရှိပါတယ်။ ဘဏ်စနစ်နဲ့ချေး
တဲ့အခါမှာ ကန်ကို အပေါင်ပစ္စည်းနဲ့ ချေးလို့မရဘူးလို့ ဗဟိုဘဏ်ကပြော
ထားတဲ့အတွက် ကျနော်တို့ဘဏ်တွေမှာ ငွေချေးယူလို့မရပါဘူး။ အရင်မွေးရေးဘဏ်တောင် တစ်ဧက ကို ၃ သိန်းလောက်ပဲပေးပါတယ်။”

လက်ရှိအချိန်မှာ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် မွေးမြူရေး
နဲ့ပတ်သက်တဲ့ ဥပဒေတွေ တိတိကျကျ မရှိသေးတဲ့အတွက် လုပ်ငန်း
လုပ်ကိုင်ရတဲ့ သူတွေအနေနဲ့ အခက်အခဲတွေ အများကြီး ရှိတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

VOA
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးသက်သက် ပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့ မလုံလောက်

ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်

Photo: ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်
Monday, September 9, 2013

မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက်မှာ နေထိုင်တဲ့ တပ်မတော်တွေ
အကြောင်းနဲ့ ဒီမိုကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်းပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။

“၂၀၁၄ ခုနှစ်မှာ စပြီးတော့ ဗြိတိလျ စစ်ဘက်က ဗမာတပ်မတော်ရဲ့ အရာရှိ အချို့တွေအတွက် သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဆိုတော့လေ့ကျင့်မှု မဟုတ်ဘူး။ ဒါပေမယ့် သင်တန်းပေါ့။ သင်တန်းဆိုတော့ ဥပမာ ဒီမိုကရက်တစ် နိုင်ငံရေး စနစ်အောက်မှာ စစ်တပ်အနေနဲ့ ဘယ်လိုနေတယ်။ နောက်ပြီးတော့ ဒီမိုကရက်တစ် တာဝန်ခံမှု အကြောင်း၊ သင်တန်းတွေ ပေးဖို့ ရှိပါတယ်။ လူ့ အခွင့်အရေး အကြောင်း သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီလိုသင်တန်းတွေဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လောက် စပြီးတော့ ဖြစ်ပါမယ်။”

ဒီလို သင်တန်းတွေ ပေးဖို့ ကိစ္စကို ဇွန်လအတွင်းက ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards)ဟာ မြန်မာနိုင်ငံကို လာရောက်စဉ်ကတည်းက တပ်မတော်အရာရှိကြီးတွေနဲ့ ညှိနှိုင်း သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ဇူလိုင်လအတွင်း ဗြိတိန် ခရီးစဉ်မှာလည်း
 နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားတယ် လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ နှစ်နိုင်ငံဆိုင်ရာ စစ်ရေး ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်
ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူးဟာ အောက်တိုဘာ
လမှာ ရောက်ရှိမယ်လို့ ဒုအတွင်းဝန် ဂျိုး ဖရက်ရှာက ဆက်ပြောပါတယ်။

“၁၀ လပိုင်းမှာ စပြီးတော့ ကျွန်တော်တို့ဟာ ဗမာပြည်မှာ အခြေစိုက်မယ့် စစ်သံမှူး တစ်ယောက် အသစ်ရှိပါမယ်။ အဲဒါဟာ ၁၀ လပိုင်းမှာ စဖြစ်မယ်။ စစ်သံမှူးက ရန်ကုန်မှာ အချိန်ပြည့် အခြေစိုက်ပါမယ်”

၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက အမေရိကန်က မြန်မာနိုင်ငံကို စစ်သံမှူး အဆက်အသွယ် မဖြတ်ခဲ့ပေမယ့် ဗြိတိန် အနေနဲ့တော့ ဥရောပ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနဲ့ စစ်သံမှူး အဆက်အသွယ်ဖြတ်ခဲ့ပြီး ယခုနှစ်မှာ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ယခုလို စစ်ဘက်ဆိုင်ရာ အကူအညီပေးဖို့တွေ လုပ်ဆောင်နေ
သလို အမေရိကန်ကလည်း မြန်မာစစ်တပ်ကို အဆင့်မြှင့်တင်ဖို့ အကူ
အညီပေးမယ့်အကြောင်းကို ပြောဆိုခဲ့တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
 
အမေရိကန်က မြန်မာနဲ့ မူးယစ်တိုက်ဖျက်ရေးမှာ ပူပေါင်းဖို့ဆွေးနွေး၊ စစ်ဖက်ဆိုင်ရာ ပူးပေါင်းမှုလုပ်ဖို့လည်း လိုလား 

မြန်မာနိုင်ငံအတွင်း တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်ကူးမှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ အမေရိကန်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ 
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဥပဒေစောင့်ရှောက်ရေး ဒုဝန်ကြီး William Brownfield မြန်မာနိုင်ငံမှာ 
ရောက်ရှိစဉ်အတွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ မူးယစ်တိုက်ဖျက်ရေး တပ်တွေရဲ့ အရည်အချင်း မြှင့်တင်တိုးချဲ့မှုတွေ လုပ်သွားဖို့ ဆွေးနွေးခဲ့ကြ
တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာကာကွယ်ရေးတပ်ကို စစ်ရေးသင်တန်း ပေး
တာတွေ ၂၅ နှစ်ကြာ ရပ်တန့်ခဲ့ပြီး ခုအခါမှာ သင်တန်းတွေ ပြန်ပေးဖို့ ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရကနေ မြန်မာကာကွယ်ရေးတပ်တွေကို သင်တန်းပြန်ပေး
မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဥပဒေပြုသူတချို့က ကန့်ကွက်မှုတွေ လုပ်နေပြီး မြန်မာတိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကနေ တိုက်ခိုက်မှု
လုပ်တာတွေ၊ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့မှု ပိတ်ပင်တာတွေ လုပ်နေသေးတဲ့အတွက် အမေရိကန် အနေနဲ့ စစ်တပ်ပိုင်းဆိုင်ရာမှာ မြန်မာနဲ့ ပူးပေါင်းမှုတွေ မလုပ်ဖို့ တားဆီးကြတဲ့အတွက် ကြန့်ကြာမှုတွေ ဖြစ်နေ
ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ပြည်လုံးကျွတ်အရေးတော်ပုံအတွင်း စစ်တပ်ကနေ
 ပြည်သူတွေကို နှိမ်နင်းမှုလုပ်ခဲ့ရာက အမေရိကန်က မြန်မာစစ်တပ်နဲ့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ချိန်ကစပြီး မြန်မာနိုင်ငံက တရုတ်၊ ရုရှားနဲ့ 
မြောက်ကိုးရီးယားကို အားကိုးမှု လုပ်ခဲ့ရာက ခုအခါမှာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းမှု ပြုလုပ်ဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။

ABC
မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက် မှာ နေ ထိုင်တဲ့ တပ်မတော်တွေအကြောင်းနဲ့ ဒီမိုကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်း ပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။

အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ

Photo: အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ
Monday, September 9, 2013

သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ
 ဖြစ်ပါတယ်။

အစိုးရအပြောင်းအလဲဖြစ်ပေါ်တဲ့အတွက် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့က ဝန်ကြီးရုံးခန်းတွေရှင်းလင်း ထုတ်ပိုးနေပြီး အစိုးရဖြစ်
လာမယ့် တိုနီအာဘော့တ်ဦးဆောင်တဲ့ အဖွဲ့က ရုံးခန်းတွေမှာ နေရာ
ယူဖို့ အသင့်စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် တိုနီအာဘော့်တ်က အားကစားလိုက်စားသူပီပီ ဒီကနေ့ မနက်အစောကြီးမှာ မိတ်ဆွေတွေနဲ့ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခဲ့ပြီး ဒီနောက်မှာတော့ သြစတြေးလျနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ အခြေအနေနဲ့ ပတ်သက်ပြီး လက်အောက်ငယ်သားတွေရဲ့ တင်ပြမှုကို တစ်နေ့ကုန်လုံး နားထောင်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်က သူဦးဆောင်တဲ့ လေဘာပါတီ ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

သူ့ကို ဘယ်သူအစားထိုးမလဲဆိုတာ မသိရသေးပေမယ့် အလုပ်
သမားရေးရာ ဝန်ကြီးဟောင်း Bill Shorten နဲ့ အခြေခံအဆောက်အဦးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဟောင်း Anthony Albanese က ဥက္ကဌနေရာယူလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပေမယ့် နှစ်ယောက်စလုံးက ဒီရာထူးကို လက်ခံဖို့ သူ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

လေဘာပါတီခေါင်းဆောင်ဟောင်း Simon Crean ကတော့ Bill Shorten ကသာ လေဘာပါတီကို ပိုဦးဆောင်နိုင်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဒီရွေးကောက်ပွဲအတွင်း သြစတြေးလျဌာနေတိုင်းရင်းသား အမျိုးသမီး
တစ်ဦးကလည်း ပထမဆုံးသော ဌာနေတိုင်းရင်းသား အမျိုးသမီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုရင် အားကစားသမားဟောင်း Nova Paris ဟာ သူမငယ်စဉ်ဘဝက ဆင်းရဲသားတွေနေထိုင်ရာ အစိုးရအိမ်မှာ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းလာသူဖြစ်ပြီး ခုလို ပထမဆုံးသော ဌာနေတိုင်းရင်း အမျိုးသမီးလွှတ်တော်အမတ် ဖြစ်လာခွင့်ရှိတဲ့အတွက် မိသားစုဝင်တွေနဲ့ လေဘာပါတီဝင်တို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားတွေဟာ အရင်တုန်းက မဲပေးပိုင်ခွင့်တောင် မရှိကြပေမယ့် နောက်ပိုင်းမှာ အခွင့်အရေးပေးတာ ခံလာရပြီး အာဘောရီဂျင်နာလူမျိုး အမျိုးသားတွေ နိုင်ငံရေးလောကထဲ ဝင်ရောက်နိုင်သူတွေ ရှိလာပေမယ့် အမျိုးသမီးအနေနဲ့ ခုချိန်မှသာ ပထမဦးဆုံး ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။ 

ABC
သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီး ချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ဆီးရီးယားကိစ္စမှာ ကုလရဲ့ ဆုံးဖြတ်ချက်ရဖို့ ကန်အစိုးရ ဆက်ကြိုးစားမယ်

Photo: ဆီးရီးယားကိစ္စမှာ ကုလရဲ့ ဆုံးဖြတ်ချက်ရဖို့ ကန်အစိုးရ ဆက်ကြိုးစားမယ်
Monday, September 9, 2013

ဆီးရီးယား နိုင်ငံ အစိုးရက ဓါတုလက်နက် သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရဖို့အတွက် အမေရိကန်က နောက်ထပ် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အာရပ် နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများနဲ့ တွေ့ ဆုံအပြီး အမေရိကန်
 နိုင်ငံခြားရေးဝန်ကြီး  John Kerry က ဆီးရီးယား နိုင်ငံအုပ်ချုပ်မှု 
ခေါင်းဆောင်တွေ အပေါ် အရေးယူ တိုက်ခိုက်ဖို့ ထောက်ခံမှုတွေ ပိုပြီး များလာနေပြီလို့ ဆိုပါတယ်။

John Kerry က ဓါတုလက်နက် အသုံးပြု ခြင်းနဲ့ ပတ်သက်တဲ့ စံထားမှု 
ပေါ် ထိန်းသိမ်းရေးအတွက် အရေးယူလိုတာဖြစ်ပြီး  ဆီးရီးယား နိုင်ငံတွင်းက
 ပြည်တွင်းစစ်မှာ ဝင်ရောက်ပါဝင် သိမ်းပိုက်မှုကို ရယူဖို့ အတွက် မဟုတ်ဘူး
လို့ ဆိုပါတယ်။

ဆီးကီးယား သမ္မတ Bashar al-Assad ကတော့ ဓါတုလက်နက်သုံးစွဲမှုမှာ သူ့ အနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အမေရိကန် သတင်းမီဒီယာတွေကို 
ပြောပြခဲ့ပါတယ်။

အဲ့ဒါ့အပြင် ဓါတုစစ်လက်နက်အသုံးချရာမှာ သူ့ အနေနဲ့ ပါဝင်ပါတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကို ထုတ်ဖေါ်ပြဖို့ စိန်ခေါ်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့ အမေရိကန် သမ္မတ Barack Obama ကလဲ အမေရိကန်ပြည်သူတွေရဲ့ထောက်ခံချက် ရရှိဖို့ သတင်း
မီဒီယာ တွေမှာ တွေ့ဆုံဆွေးနွှေး ပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ABC
ဆီးရီးယား နိုင်ငံ အစိုးရက ဓါတုလက်နက် သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ရဖို့အတွက် အမေရိကန်က နောက်ထပ် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်

Photo: မွတ်စလင် အစွန်းရောက်များ၏ ဆန္ဒပြမှုများကြောင့် Miss World 2013 ပြိုင်ပွဲအား ဘာလီကျွန်းတွင် ကျင်းပမည်

Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့် အနီးအနားမဟုတ်သည့် ဘာလီကျွန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ မွတ်စလင် အများစုနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာတွင် ကျင်းပမည့် အဆိုပါ အလှမယ် ပြိုင်ပွဲ၌ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအား လူ ထောင်ပေါင်းများစွာက ယခုသီတင်းပတ်အတွင်း လမ်းမများပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ စက်တင်ဘာ ၈ ရက်မှ စတင်ကျင်းပမည့် အဆိုပါ အလှမယ်ပြိုင်ပွဲအား ဂျကာတာမြို့နှင့် အနီးအနားတွင် ကျင်းပသွားရန် စီစဉ်ထားသော်လည်း ထိုကဲ့သို့ ဆန္ဒပြမှုများကြောင့် ဟိန္ဒူအများစု နေထိုင် ရာဘာလီကျွန်းတွင် ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/24722-2013-09-08-11-37-49
Miss World 2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန် စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့်

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ

8.1.1
စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ်
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည် မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွား လာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယား ကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီ ထည့်သွင်း ပြေးဆွဲမည်

8.1.1
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများ အား တွေ့ရစဉ်
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယား ကွန်း စနစ်ပါဝင်သည့် အထူး ရထားတွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေး ဆွဲခြင်းအခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် UNFC တို့၏ ချင်းမိုင်ဆွေးနွေးပွဲ သဘောတူညီချက်မရ

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာသဘောတူညီမှုမရခဲ့ကြောင်း UNFC ၏ပြောရေးဆိုခွင့် ရှိသူ နိုင်ဟံသာကပြောသည်။

မြန်မာနိုင်ငံဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေကြောင်း လုပ်ငန်းရှင်များ ပြော

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသည့် အခက်အခဲများကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ စီးပွားရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက တင်ပြရာတွင်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်က ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ပြောဆိုလိုက်သည်။

Friday, 6 September 2013

အတူတကွ သေနေသော စုံတွဲအရိုးစု တွေ့ရှိ

အီတလီ နိုင်ငံက ရှေးဟောင်း သုတေသီတွေဟာ စုံတွဲ သေဆုံးနေသော အရိုးစုကို တွေ့ရှိခဲ့ကြပါတယ်။ ၎င်း အရိုးစုတွေဟာ နှစ်ပေါင်း ၁၅၀၀ ခန့် လောက် ရှိပြီလို့ ဆိုပါတယ်။

ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး

မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း များအရ သိရသည်။

တစ်နှစ်ကျော်ကြာ သိန်း ၁၅၀၀ လာမထုတ်သည့် ထီကံထူးရှင်ရှိနေ

တစ်နှစ်ကြာသည်အထိ လာမထုတ်သော ကျပ်သိန်း ၁၅၀၀ ထီပေါက်သည့် ကံထူးရှင်ရှိနေပြီး ၎င်းမှာပြီးခဲ့သည့် နှစ် စက်တင်ဘာလတွင် ပေါက်ခဲ့သည့် ထီနံပါတ်ဖြစ်ကာ တစ်နှစ်ကြာ ယခုလကုန်အထိ လာရောက် ထုတ်ယူ မှုမရှိပါက ယင်းငွေကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းမည်ဖြစ် သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။

နေ့စဉ်လူဦးရေ တစ်သိန်းကျော် အသုံးပြုလာသည့် မြို့ပတ်ရထား အစင်း ၂၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်မှာ အချိန်မှန် မထွက်နိုင်

8.1.1
ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်နေသော မြို့ပတ်ရထား တစ်စင်းအား တွေ့ရစဉ်
နေ့စဉ် လူဦးရေ တစ်သိန်းကျော် အသုံးပြုလာသည့် ရန်ကုန်မြို့ပတ်ရထား အစင်း ၂၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်မှာ အချိန်မှန် မထွက်နိုင်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

Thursday, 5 September 2013

မန်ယူကို ပြောင်းဖို့ ဖယ်လိုင်နီ ပေါင်၎သန်း ကုန်ကျခြင်းမရှိ

Photo: မန်ယူကို ပြောင်းဖို့ ဖယ်လိုင်နီ ပေါင်၎သန်း ကုန်ကျခြင်းမရှိ
Thursday, September 5, 2013

ဖယ်လိုင်နီဟာ မန်ယူကို ပြောင်းခွင့်ရဖို့အတွက် ပေါင် ၄သန်း အကုန်အကျ ခံခဲ့တယ်ဆိုတဲ့ သတင်းတွေကို အဲဗာတန် အသင်းက ငြင်းဆန်သွားခဲ့ပါတယ်။
မန်ယူဟာ ဖယ်လိုင်နီကို စာချုပ်ပါ လျော်ကြေး ပေါင် ၂၃.၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန်က ပယ်ချခဲ့ပြီး အဲဒီချိန်မှာ ဖယ်လိုင်နီဟာ မန်ယူကို ပြောင်းခွင့်ရဖို့အတွက် ကိုယ်ပိုင်ငွေ ပေါင် ၄သန်း သုံးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဗာတန်ဆက်သွယ်ရေးဒါရိုက်တာ အမ်ယာက “ ဖယ်လိုင်နီက
ပြောင်းရွှေ့ကြေး ၄သန်း စိုက်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေက မဟုတ်ပါဘူး။ ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅သန်းကို မန်ယူကပဲ
ပေးရမှာပါ”လို့ ပြောထားပါတယ်။ ဖယ်လိုင်နီဟာ အပြောင်းအရွှေ့ ကာလမပိတ်မီ ၁နာရီအလိုမှာမန်ယူကို ပြောင်းခွင့်ရခဲ့တာဖြစ်ပြီး ပုဂ္ဂလိက အချက်အလက်တွေ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် အပြီးသတ် စာချုပ်မချုပ်ဆိုနိုင်သေးဘူးလို့ သိရပါတယ်။

http://yoyarlay.com/sport/football/37667-2013-09-04-17-59-29
ဇော်ထွန်း(ရိုးရာလေး)
ဖယ်လိုင်နီဟာ မန်ယူကို ပြောင်းခွင့်ရဖို့အတွက် ပေါင် ၄သန်း အကုန်အကျ ခံခဲ့တယ်ဆိုတဲ့ သတင်းတွေကို အဲဗာတန် အသင်းက ငြင်းဆန်သွားခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ

Photo: ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ
Thursday, September 5, 2013

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးမူးယစ်အဖွဲ့မှ အရာရှိတစ်ဦးက "ဘိန်းထွက်ရှိမှု အနေနဲ့ ကချင်ပြည်နယ်က ရှမ်းပြည်နယ်ကို မမီပါဘူး။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးတွေဟာ ရွှေမှော်ကျောက်မှော်တွေမှာ ဈေးကွက်ကြီးတစ်ခု ဖြစ်နေတယ်။ ငွေရှာရလွယ်တော့ သုံးစွဲတဲ့လူလည်း များတယ်။ ထောင် ထဲမှာလည်း လူဦးရေ ငါးပုံလေးပုံဟာ မူးယစ်ဆေးကြောင့်ပဲ" ဟု ပြောကြား သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန် ဆိုင်းက "မြို့နယ်တိုင်းမှာ တင်ပြတဲ့ ပြဿနာပါ။ ကျွန်တော်တို့နိုင်ငံသာ ခံရတာ မဟုတ်ဘူး၊၊ ဆင်းရဲ/ချမ်းသာ တိုင်းပြည်တိုင်း ခံစားနေရတာပါ။ ဘိန်းအစားထိုး ကိစ္စကို ဒေသအေးချမ်းတာနဲ့ စီစဉ်ပါ့မယ်။ မူးယစ်ဆေး ၀ါးက ငွေနဲ့ပတ်သက်နေတော့ တိုက်ဖျက်ရတာ အရမ်းခက်တယ်" ဟု ၀ိုင်းမော်မြို့၌ လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖားကန့်ဒေသခံ ဦးတင်ထွန်းလင်းကမူ "ဖားကန့်မှာတော့ နံပါတ်ဖိုးကို ပွဲတန်းကြီးလို ရောင်းနေတာ။ လူငယ်တွေလည်း တိုက်ရိုက်ထိုးကြတာ များတယ်။ ဒီကိုရောက်လာမှ ဆရာဝန်တွေကအစ မူးယစ်ဆေးကြောင့် ဘ၀ဆုံးသွားကြတယ်" ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ် ပွားနေသော ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်

Eleven Media Group
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားမှု လိုက်နာခြင်းမရှိဟု အစီ ရင်ခံစာတွင် ဖော်ပြ

အစိုးရ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။