Thursday 22 January 2015

ကိုယ့်သူငယ်ချင်းအသက်ကိုကယ်တင်လိုက်တဲ့ခြောက်နှစ်အရွယ်မိန်းကလေး

တစ်ခါတစ်လေမှာတော့ကလေးတွေကြားမှာရှိတဲ့ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေသည် လူကြီးတွေအတွက် တော့အံ့သြစရာတွေဖြစ်ခဲ့ရပါတယ်။သူငယ်ချင်းတစ်ဦး၏အသက်ကို ခြောက်နှစ်အရွယ်မိန်းကလေး တစ်ဦး ကယ်တင်ခဲ့တဲ့ အဖြစ်အပျက်လေးသည်စီချွမ်ပြည်နယ်“ကျင်ထန်” တောင်ပေါ်ရွာ လေးတွင်ဖြစ်ပွားခဲ့ ပါသည်။

ဝမ်ရှင်ရင်းဆိုတဲ့မိန်းကလေးနှင့်ဝမ်ရွဲ့လုံးဆိုတဲ့ယောက်ကျားလေး တို့သည်တစ်ရွာသားတွေ ဖြစ်သလို၊ ကျောင်းနေဖက်တွေလည်း ဖြစ်ကြပါသည်။ရွာမှာရှိတဲ့မူလတန်းကျောင်းလေးတွင်သူတို့နှစ်ဦးစလုံးသည် တက် ရောက်နေကြပါသည်။သူတို့နှစ်ဦးစလုံးသည် သူငယ်တန်းကျောင်းသားလေးတွေ ဖြစ်ပါသည်။ သူတို့နှစ်ဦးသည်အတန်းထဲတွင်လည်းတစ်တန်းတည်းတွင်အတူတူ ထိုင်ကြပြီး၊ ကစားဖော်တွေလည်း ဖြစ်ပါ သည်။

ဒီဇင်ဘာ၂၅ရက်ညနေလေးမှာတော့သူတို့သည် ကျောင်းဆင်းသွားကြပေမဲ့အိမ်မပြန်သေးပဲသူတို့၏ သူငယ်ချင်း တစ်ယောက်ကို သွားတွေ့ဖို့အတွက် သူငယ်ချင်းတက်ရောက်နေတဲ့ကျောင်းလေးကိုသွား ခဲ့ကြပါသည်။ ကျောင်းကိုရောက်ခဲ့ကြပေမဲ့သူတို့သူငယ်ချင်းလေးကိုတော့ မတွေ့ခဲ့ကြပါဘူး။ သူတို့တွေ သူငယ်ချင်းလေးကိုမတွေ့ခဲ့ကြပေမဲ့၊လယ်ကွင်းတွေနားကရေကန်လေးကိုတွေ့ခဲ့ကြပါတယ်။ ကလေး နှစ် ယောက် သည် ရေကန်ထဲ ကိုအနီးအနားမှာရှိတဲ့မြေစိုင်ခဲတွေကိုပစ်ပြီးကစားကြပါသည်။

ဝမ်ရွဲ့လုံးသည်ရေကန်စပ်နားမှာရှိတဲ့မြက်တွေနဲ့လျှောပြီး၊ ရေကန်လေးထဲကိုပြုတ်ကျသွားခဲ့ပါသည်။ ရေကန် လေးသည် ရင်ဘက်လောက်နက်ပါသည်။ကလေးငယ်သည် ခေါင်းလေး ပဲရေထဲမှာပေါ် နေပါသည်။

ဝမ်ရှင်ရင်းသည်ဝမ်ရွဲ့လုံးရေထဲကိုပြုတ်ကျသွားတာကို မြင်လိုက်တာနဲ့ ကန်ဘောင်ပေါ်ကနေ ဒူးထောက်ပြီး
သူ့သူငယ်ချင်းလေးရဲ့လက်ကိုဆွဲထားခဲ့ပါသည်။ သူမလေးရဲ့ မိခင်သူတို့ကိုရှာမတွေ့မချင်း သူမသည် လက်ကိုမလွှတ်ချခဲ့ပါဘူး။ အေးခဲလာတဲ့ရာသီဥတုကြောင့် ကောင်လေးသည်စကား တွေမပြောနိုင်တော့ သလို၊ နှုတ်ခမ်းတွေလည်းပြာလာခဲ့ပါသည်။ ၀မ်ရှင်ရင်း၏မခင်သည်သူ့သမီးငယ်အိမ်ပြန် နောက်ကျနေလို့ လိုက်ရှာဖွေရင်းကနေကလေးနှစ်ဦးကိုတွေ့ပြီး၊ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါသည်။

ကလေးငယ်ကိုဆေးရုံပို့ခဲ့ရပေမဲ့၊ အသက် အန္တရာယ်တော့မရှိခဲ့ပါဘူး။ ၀မ်ရှင်ရင်းသည်သူ့သူငယ်ချင်းလက်
ကိုမိနစ်လေးဆယ်တိတိဆွဲထားခဲ့ပါသည်။ ငိုယိုအောင်ဟစ်ပြီးအကူအညီတောင်းခဲ့ပါတယ်။ ရွာသားတွေနှင့် ရွာလူကြီးတွေကတော့ ၀မ်ရှင်ရင်း၏လုပ်ရပ်ကိုချီးကျူးစကားပြောခဲ့ကြပေမဲ့၊ ၀မ်ရှင်ရင်းကတော့ သူ့သူငယ်ချင်း လေးနဲ့ဆက်ပြီးအတူတူကစားခွင့်ရနေတာကိုပဲ ပျော်နေတဲ့ပုံပါပဲ။ သူမ၏ လက်ကလေး နာကျင်နေတာကိုတောင် မေ့သွားပုံခဲ့ပါတယ်။

သက်(drama fever)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment