Thursday 22 January 2015

ပဋိပက္ခများ အဆုံးသတ်ရန် ယီမင်အစိုးရနှင့် ဟူသီသူပုန်တပ်များ သဘောတူညီမှု ရရှိပြီဟု ကြေညာ

Photo: ပဋိပက္ခများ အဆုံးသတ်ရန် ယီမင်အစိုးရနှင့် ဟူသီသူပုန်တပ်များ သဘောတူညီမှု ရရှိပြီဟု ကြေညာ
Thursday, January 22, 2015

ယီမင်နိုင်ငံ၊ မြို့တော်ဆာနားတွင် အစိုးရတပ်နှင့် သူပုန်တပ်များကြား ပဋိပက္ခ ဖြစ်ပွားနေမှုကို အဆုံးသတ်ရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများက ဖော်ပြခဲ့သည်။

ယီမင် အစိုးရပိုင် SABA သတင်းဌာနက အပြန်အလှန် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်အတွက် သမ္မတ အဘက်ဒ် ရက်ဘို မန်ဆာ ဟေဒီနှင့် ရှီးဟိုက် မွတ်ဆလင် ဟူသီ သူပုန်ခေါင်းဆောင်များ ဆွေးနွေး သဘောတူခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ သဘောတူညီမှုတွင် အစိုးရက ဟူသီသူပုန်များ တောင်းဆိုမှု အတော်များများကို လိုက်လျောခဲ့ရဖွယ်ရှိပြီး ဟူသီ သူပုန်များကလည်း သမ္မတ အိမ်တော်ကို ထိန်းချုပ်ထားမှုမှ ပြန်လည် လက်လွှတ်ပေးမည်ဟု ဆိုသည်။

သို့သော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့ည သဘောတူညီချက်အရ ယီမင်နိုင်ငံ၏ အချုပ်အခြာ အာဏာကို မည်သူက အမှန်တကယ် ထိန်းချုပ်သွားမည်ကို အတိအကျ မသိရသေးဘဲ ရှိနေသည်။ နိုင်ငံအာဏာသည် ဟေဒီ၏ လက်ထဲတွင် သို့မဟုတ် ဟူသီသူပုန်များ လက်ထဲတွင် ရှိနေသည် ဆိုသည်ကို မကွဲပြားခြင်းက ယီမင်၏ အဓိက စစ်ဘက် မဟာမိတ် အမေရိကန် နိုင်ငံအတွက်လည်း ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိသည်။

အာရပ်နိုင်ငံများက ယီမင်တွင် အာဏာသိမ်းမှုတစ်ခု ဖြစ်လာနိုင်ခြင်းအပေါ် ရှုတ်ချခဲ့ကြသော်လည်း ယီမင်အစိုးရရော၊ ဟူသီ သူပုန်များကပါ အာဏာသိမ်းရန် လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိဟု ငြင်းဆိုထားကြသည်။

ဟူသီသူပုန်များ တောင်းဆိုမှုတွင် ယီမင်၏ အခြေခံဥပဒေ မူကြမ်းသစ်ကို ရေးဆွဲရာ၌ ဟူသီ ကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ပြီး ဟူသီမျိုးနွယ်များအတွက် အခွင့်အရေးများ ပိုမိုရရှိအောင် ခွင့်ပြုပေးရမည်ဆိုသော အချက်မျိုး ပါရှိခဲ့သည်။

ဟူသီသူပုန်များသည် မြောက်ပိုင်းဒေသတွင် အလုံးအရင်း ခြေကုပ်ယူထားရာမှ စက်တင်ဘာလတွင် ဆာနားကို စတင်ထိုးဖောက် ခြိမ်းခြောက်လာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အစိုးရ သစ္စာတော်ခံ တပ်များအပေါ် စစ်ရေးသာလာပြီး သမ္မတ အိမ်တော်ထိ ထိုးဖောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေသည် အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ယီမင်အစိုးရနှင့် အဓိက ပူးပေါင်း လုပ်ဆောင်နေရသည့် အမေရိကန်အတွက်လည်း အဓိက အခက်အခဲတစ်ရပ်သဖွယ် ဖြစ်လာစေကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: Dnanida
7Day DAILY
ယီမင်နိုင်ငံ၊ မြို့တော်ဆာနားတွင် အစိုးရတပ်နှင့် သူပုန်တပ်များကြား ပဋိပက္ခ ဖြစ်ပွားနေမှုကို အဆုံးသတ် ရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများက ဖော်ပြခဲ့သည်။

ယီမင် အစိုးရပိုင် SABA သတင်းဌာနက အပြန်အလှန် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန်အတွက် သမ္မတ အဘက်ဒ်ရက်ဘိုမန်ဆာဟေဒီနှင့် ရှီးဟိုက်မွတ်ဆလင်ဟူသီ သူပုန်ခေါင်းဆောင်များ ဆွေးနွေး သဘောတူခဲ့ ကြောင်း ကြေညာခဲ့သည်။

အဆိုပါ သဘောတူညီမှုတွင် အစိုးရက ဟူသီသူပုန်များ တောင်းဆိုမှု အတော်များများကို လိုက်လျောခဲ့ရ ဖွယ်ရှိပြီး ဟူသီ သူပုန်များကလည်း သမ္မတ အိမ်တော်ကို ထိန်းချုပ်ထားမှုမှ ပြန်လည် လက်လွှတ်ပေး မည် ဟု ဆိုသည်။

သို့သော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့ည သဘောတူညီချက်အရ ယီမင်နိုင်ငံ၏ အချုပ်အခြာ အာဏာကို မည်သူက အမှန်တကယ် ထိန်းချုပ်သွားမည်ကို အတိအကျ မသိရသေးဘဲ ရှိနေသည်။ နိုင်ငံအာဏာသည် ဟေဒီ၏ လက်ထဲတွင် သို့မဟုတ် ဟူသီသူပုန်များ လက်ထဲတွင် ရှိနေသည် ဆိုသည်ကို မကွဲပြားခြင်းက ယီမင်၏ အဓိက စစ်ဘက် မဟာမိတ် အမေရိကန် နိုင်ငံအတွက်လည်း ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိသည်။

အာရပ်နိုင်ငံများက ယီမင်တွင် အာဏာသိမ်းမှုတစ်ခု ဖြစ်လာနိုင်ခြင်းအပေါ် ရှုတ်ချခဲ့ကြသော်လည်း ယီမင် အစိုးရရော၊ ဟူသီ သူပုန်များကပါ အာဏာသိမ်းရန် လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိဟု ငြင်းဆိုထားကြ သည်။

ဟူသီသူပုန်များ တောင်းဆိုမှုတွင် ယီမင်၏ အခြေခံဥပဒေ မူကြမ်းသစ်ကို ရေးဆွဲရာ၌ ဟူသီ ကိုယ်စားလှယ် များ ပါဝင်ရမည်ဖြစ်ပြီး ဟူသီမျိုးနွယ်များအတွက် အခွင့်အရေးများ ပိုမိုရရှိအောင် ခွင့်ပြုပေးရမည်ဆိုသော အချက်မျိုး ပါရှိခဲ့သည်။

ဟူသီသူပုန်များသည် မြောက်ပိုင်းဒေသတွင် အလုံးအရင်း ခြေကုပ်ယူထားရာမှ စက်တင်ဘာလတွင် ဆာနား ကို စတင်ထိုးဖောက် ခြိမ်းခြောက်လာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အစိုးရ သစ္စာတော်ခံ တပ်များအပေါ် စစ်ရေးသာလာပြီး သမ္မတ အိမ်တော်ထိ ထိုးဖောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေသည် အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ယီမင်အစိုးရနှင့် အဓိက ပူးပေါင်း လုပ်ဆောင်နေရသည့် အမေရိကန်အတွက်လည်း အဓိက အခက်အခဲတစ်ရပ်သဖွယ် ဖြစ်လာ စေ ကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: Dnanida
7Day DAILY 

No comments:

Post a Comment