Thursday, 3 September 2015
ရာဇ၀င်ထဲမှာပဲ အမေ့ကိုထားရစ်ခဲ့
၂ဝ၁၅ ၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကြီးကားနီးသည်ထက် နီးလာချေပေပြီ။ လက်ချိုးရေတွက်ရှိသော် ရက်ပိုင်းမျှသာလိုတော့၏။ တိုင်းသူပြည်သားများသည် NLDပါတီ အနိုင်ရရေး၊ NLDပါတီအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိုသာ လိုလားလျက်ရှိကြ၏။ သို့သော်
NLDပါတီဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးလိမ္မာပါးနပ်မှု မရှိခြင်းကြောင့် ပါတီတွင်းပြဿနာများ တိုးပွားလာနေသည့်အပြင် မီဒီယာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာစာမျက်နှာတွင်လည်း ကယ်တင်ရှင်သူရဲကောင်းအသွင် အထူးတလည်သူကောင်းပြုမှု မခံယူရတော့ပေ။
၁၉၈၈ ခုနှစ်မှစ၍ လူထုနှင့်တစ်သားတည်းဖြစ်ခဲ့ သော၊ သံဃာနှင့်တစ်သွေးတည်းဖြစ်ခဲ့သော NLDပါတီ၏ သြဇာတိက္ကမသည် ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက် ပွဲကာလတိုင်အောင် အရှိန်အဟုန်ကြီးစွာ ထိုးတက်လာခဲ့၏။သို့သော် အစွမ်းကုန်တောက်ပသည့် နေမင်းသူရိန်၏ မွန်းတည့်ချိန်ပမာမျှသာ
ဖြစ်ခဲ့ပေသည်။ ထိုမှစ၍ တဖြည်းဖြည်းနှင့် ကျဆင်းလာခဲ့သည်မှာ မသိမသာရောသိသိသာသာပါ မြင်တွေ့ကြရပေသည်။
တော်လှန်ရေးကာလတစ်လျှောက်လုံး သံဃာထုနှင့် တစ်သားတည်းရှိခဲ့သော၊လူထုနှင့် တစ်သွေးတည်းရှိခဲ့သော NLDပါတီသည် ယခုအခါ၌ အမျိုးသားရေးအင်အားစုများနှင့် အထူးသဖြင့် သံဃာထုတစ်ရပ်လုံးနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်သွားခဲ့၏။
ထိုသို့ဖြစ်ရခြင်းမှာ NLDပါတီ၏
ရပ်တည်ချက်ပင်ဖြစ်လေသည်။
NLDပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက NLDပါတီသာ အာဏာရခဲ့လျှင် (၁၉၈၂)နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ဆင်ပစ်မည်ဟု VOA သတင်းဌာနသို့
တရားဝင်ပြောကြားခဲ့ဖူး၏။ ထိုသို့ဖြစ်ရခြင်းမှာ မွတ်ဆလင် အကျိုးစီးပွားကို
အလေးထားခြင်းကြောင့်မှန်း သိသာခဲ့ရ၏။ အကြောင်းမှာ ၁၉၈၂နိုင်ငံသားဖြစ်ခွင့်ဥပဒေတွင် မြန်မာတစ်မျိုးသားလုံး၏ အုတ်တံတိုင်းကြီးသဖွယ် အမျိုးသားလုံခြုံရေးအတွက် ခံတပ်ကြီးတစ်ခု
ဖြစ်ခဲ့သော်လည်း ဘင်္ဂါလီများအတွက်မူ အတားအဆီး အနှောင့်အယှက်
တစ်ခုဖြစ်နေတော့၏။ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ခြင်းဖြင့်
တရားမဝင်ခိုးဝင် ဘင်္ဂါလီတစ်သန်းကျော်ကို တရားဝင်လူစာရင်းသွင်းကာ
အိမ်ရှင်နှင့်တန်းတူ သားသမီးအရင်းနှင့် အညီအမျှ အခွင့်အရေးရအောင်
ယူပေးလိုက်ခြင်းဖြစ်ရာ ဘင်္ဂါလီတို့၏ ခိုကိုးရာ ဒုတိယအလ္လာပါတီ ဖြစ်ခြင်းမက ဖြစ်သွားရပေမည်။
ဤသည်မှာ NLDပါတီ၏ ရပ်တည်ချက်မှားယွင်းမှု အချက်အလက်တစ်ခုပင် ဖြစ်ပေသည်။NLDပါတီဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရဲဝံ့ပြတ်သား မိန့်ခွန်းများ၊ မကြောက်တရား သြဝါဒ များ အမြဲဟောကြားလေ့ရှိ၏။ ရဲရင့်ပြတ်သားသော လူထုခေါင်းဆောင်တစ်ယောက်အဖြစ်လည်း လူထုက အသိအမှတ်ပြုကြ၏။ သူမ၏ ပြတ်သားမှုများက တစ်ဖက်သတ်ရပ်တည်ချက်မှာသာ ပီပြင်လာသည့်အခါ အချစ်ကြီးချစ်ရာမှ အမုန်းကြီးမုန်းသွားကြသူများ ပေါ်ထွက်လာကြပေတော့၏။
NLDပါတီ၏ ကျနေအလား သြဇာမှိန်ပြသွားရသည်မှာ NLDပါတီဥက္ကဋ္ဌကြီး
ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုက ပဓာနကျနေပေသည်။ ၂ဝ၁၂ ၊ ဧပြီလ နှင့်မေလတွင်ဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်မြို့ နယ်၊ စိုင်းတောင်ရွာ၊မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊ မကွေးတိုင်း ပွင့်ဖြူမြို့နှင့် ရခိုင်ပြည်နယ် တောင်ကုတ် အရေးအခင်းတို့၌ သူရဲကောင်းမကြီးက တိုင်းရင်းသားတို့အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့၏။ ထိုသို့ ရှုတ်ချခံရသော်လည်း အစွဲကြီးသော ရွှေမြန်မာများက 'ချစ်ရင် အပြစ်မမြင်'
သဘောထားနိုင်ခဲ့ကြ၏။
၂ဝ၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်
အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်အတူ ရသေ့တောင် စစ်တွေတို့၌ ဗုဒ္ဓဘာသာဝင်ရခိုင်တိုင်းရင်းသားများ အတုံးအရုန်း သတ်ဖြတ်ခံရသည့်အခါ၌ကား အာသီး
နတ်ကိုင် ခံရသည့်အလား နှုတ်ဆွံ့သွားခဲ့၏။ ထိုအခါ ကြည့်တတ်မြင်တတ်သူအပေါင်းက သူမ၏ ရဲရင့်ပြတ်သားမှုသည် ဆန်ရင်း
နာနာဖွတ်သည့်စနစ်မျှသာဟု သိမြင်လာခဲ့ကြ၏။
ထိုကဲ့သို့ မိမိတိုင်းရင်းသား ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သော
ဘင်္ဂါလီများကို ကန့်ကွက်ရှုတ်ချခြင်း မရှိသည့်အပြင် နစ်နာသူတိုင်းရင်းသားများကို အားပေးစကား တစ်ခွန်းတစ်ပါဒမျှပင် ယခုအချိန်ထိ ဖွင့်ဟပြောကြားခြင်း အလျဉ်းမရှိခဲ့ပေ။ ရခိုင်ဘုန်းတော်ကြီးတစ်ပါးက
''ဒေါ်စုကို အမေစုလို့ မခေါ်ကြပါနဲ့ဗျာ။ ဒေါ်စုမှာ မိခင်စိတ်ဓာတ် မရှိပါဘူး'' ဟု ရင်ဖွင့်သည်ကို ထောက်လျှင် ရခိုင်တိုင်းရင်းသားတို့၏
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသော
ဒီမိုကရေစီမျှော်လင့်ချက် လင်းရောင်ခြည်သည် သဲထဲရေသွန် ဖြစ်ခဲ့ရလေသည်။
ထိုသို့ ရပ်တည်ချက်မှားခြင်းမှာ ဒေါ်အောင်ဆန်းစု ကြည်ထံ သတင်းအချက်အလက်
အပြည့်အစုံမရောက်ခြင်း၊ သတင်းမှားများသာ ရောက်ရှိခြင်းကြောင့်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမေရိကန်ခရီးစဉ်၌ အဝေးရောက် မြန်မာပရိသတ်ကိုပြောကြားမှုတွင် ကုလားဟု ခေါ်ဝေါ်သုံးနှုန်းသူများကိုပင် မိမဆုံးမဖမဆုံးမအတန်း သွင်းပစ်လိုက်ပြန်သည်ကို တွေ့ရသည့်အခါ သူမသည် ပြည်သူတို့ ၏မျှော်လင့်ချက်များကို ရိုက်ချိုးပစ်သူဟု ထင်မြင်ယူဆလာမိသည်။
ပြည်သူလူထု၏ခံစားချက်ကို လူထုခေါင်းဆောင် အမျိုးသမီးကြီး သတိပြုမိဟန် မတူပေ။ သူမသည် အသက်အရွယ်အားဖြင့်
အဘွားအိုတစ်ယောက်ပင် ဖြစ်သော်လည်း မော်ဒယ်ဂဲလ်တစ်ယောက်အလား စတန့်ထွင်နေဆဲ၊ စတိုင်ဖမ်းနေဆဲဖြစ်၏။ မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုအတိုင်း လုံခြုံသော၊ မဟာဆန်သော ဝတ်ဆင်မှုကို ဝတ်ဆင်ထားသော်လည်း ပဝါစတိုင်က
ပုံစံမကျသေးပေ။ နှစ်ဖက်ပဝါစများကို ပခုံးနှစ်ဖက်မှ ဝဲယာရင်ဘတ်သို့
အစဉ်ချ ထားခြင်းမျိုး၊ ချ၍ဝတ်ဆင်သည့် မြန်မာယဉ်ကျေးမှုပုံစံမျိုး
မဝတ်ဆင်တတ်သေးပေ။ ရံဖန်ရံခါ ကုလားမတွေလိုပင် စလွယ်သိုင်းလိုက သိုင်း၊နောက်ပြန်ချလိုက ချ၊ လည်ပင်းမှာ ပတ်လိုကပတ်နှင့် ယဉ်ကျေးမှုမျက်စိဖြင့်ကြည့်လျှင် လွန်စွာအကျည်းတန်လှပေသည်။ အသေးအဖွဲကိစ္စပင် ဖြစ်သော်လည်း
ယဉ်ကျေးမှုမြတ်နိုးသူများ၏ အမှတ်လျော့နည်းမှုကို ခံလိုက်ရတော့၏။
စင်ပေါ်တက်သည့်အခါ ပရိသတ်ကို လက်အုပ်ချီ နှုတ်ဆက်ခြင်း၊
နိုင်ငံတကာဧည့်သည်တော်များ၊ နိုင်ငံ တကာခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာအခမ်းအနားများ၌ လက်အုပ်ချီ ဂါရဝပြုနှုတ်ဆက်ဖို့ ကောင်းလှသော်လည်း
လုပ်ရကောင်းမှန်းပင် သိပုံမပေါ်ပေ။ မစ္စတာအိုဘားမားနှင့်သာ အပြန်အလှန်လက်အုပ်ချီနှုတ်ဆက်ဖူးသည်ကိုသာ တွေ့ရ၏။ အကယ်၍သာ မစ္စယင်လတ်လို လက်အုပ်ချီ
ဂါရဝပြုတတ်ပါမူ သူမစတိုင်သည် ကမ္ဘာမှာ ရေပန်းစားမည့်စတိုင်ဖြစ်ကာ
သူမကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ၏ လက်အုပ်ချီယဉ်ကျေးမှုသည်လည်း
ကမ္ဘာ့ပြည်သူတို့၏ အသိအမှတ်ပြုမှုကို ခံယူရမည်ဖြစ်၏။ အသေးအဖွဲကိစ္စများဟု
မှတ်ထင်နိုင်သော်လည်း အကျိုးအမြတ်က ကြီးမားပေသည်။ ထိုကဲ့သို့
အကင်းမပါးသောကြောင့် သူမကို အားမရ ဖြစ်နေကြခြင်းဖြစ်၏။
လက်ခုပ်သြဘာများ မဲဆန္ဒအမှတ်များ ကဲ့ယူသဲ့ယူနိုင်မည့် အခွင့်အလမ်းများ
ရရှိနေပါလျက် ယူရကောင်းမှန်း မသိသောကြောင့် အခွင့်အရေးများ
ဆုံးရှုံးရသည်မှာ အသေးအဖွဲလေးများကို အလေးမထားခြင်းကြောင့်ပင် ဖြစ်ချေ၏။
ထို့အပြင် မစ္စတာအိုဘားမားနှင့် နှစ်ကြိမ်တွေ့ဆုံရာတွင် ပထမအကြိမ်က
လက်သင့်ခံရုံမျှဖြစ်၍ မကြီးကျယ်ခဲ့သော်လည်း ဒုတိယအကြိမ်တွင်မူ မစ္စတာအိုဘားမားကို ကြိုဆိုသော ဘယ်ညာအနမ်းများဖြင့် လိုလိုလားလား ဧည့်ခံလိုက်ရုံတင်မကဘဲ ခါးကိုဖက်ပြီး အခန်းတွင်းသို့ပင် ဝင်သွားလိုက်ပါသေး၏။ ဤကဲ့သို့ ပြုမူခြင်းသည် နိုင်ငံရေးကို အောက်ကြေးခေါ်၍
ပေးပေါင်းခြင်းပင် ဖြစ်နေတော့၏။
ကမ္ဘာ့မီဒီယာများ ရှေ့မှောက်၌ အနမ်းဖြင့်
ကြိုဆိုဝံ့သောသူမသည် မြန်မာ့ယဉ်ကျေးမှုကို ဂရုမစိုက်သူဟု ထင်မြင်ကုန်ကြ၏။
အမှတ်မရဘဲ အမှတ်လျော့သွားခဲ့ပြန်လေသည်။
သူမသည် NLDပါတီထောင်ခါစ၌ အထွေထွေ အတွင်းရေးမှုး လုပ်ခဲ့၏။ နောက်ဆုံးထောင်မှလွတ်သည့်အခါ ပါတီဥက္ကဋ္ဌလုပ်ပြန်၏။ ကြားဖြတ်ရွေးကောက်ပွဲ၌လည်း
ဝင်ပြိုင်လိုက်သေး၏။ လွှတ်တော်အမတ်ဖြစ်သွားပြန်ပါ၏။ ၂ဝ၁၆သမ္မတရာထူးကိုလည်း အထူးစွဲလမ်းနေ၏။ သူမ၏လုပ်ရပ်မှန်သမျှကို ငယ်မွေးခြံပေါက်ပါတီဝင်များက
မဝေဖန်ရဲလောက်အောင်ပင် သူမက သူမပါတီ၌ ဘုရင်မတစ်ပါး ဖြစ်ခဲ့လေသည်။
ပါတီဥက္ကဋ္ဌရာထူးဖြင့် သမ္မတ၊ လွှတ်တော်နာယကများနှင့်
ပါဝါတန်းတူကစားနိုင်စွမ်းရှိပါလျက် အမတ်ဝင် လုပ်လိုက်သည့်အခါ သမ္မတနှင့်
နာယကအောက်အဆင့်သို့ ကျဆင်းသွားခဲ့ရပေသည်။ ဆိုနီယာဂန္ဒီကဲ့သို့ ဝန်ကြီးချုပ်နှင့် သမ္မတတို့ကို ချုပ်ကိုင်ကစားမည်ဆိုလျှင် တစ်ကမ္ဘာလုံး၏ အသည်းနှလုံးပင် ဖြစ်လာနိုင်ပါလျက်
သမ္မတဖြစ်ချင်လွန်းသည့် ရမ္မက်ကြောင့် အချိန်ကုန် လူပန်းသော်လည်း
အကျိုးမရှိ နိရစ္ဆာက ဖြစ်ခဲ့ရတော့၏။
အာဏာရမ္မက်ငန်း အားကြီးမှုကြောင့် မှားမှန် ကောင်းဆိုး ကြောင်းကျိုးကိုမျှ
မသိမြင် မခွဲခြားနိုင်တော့ဘဲ အမှားပေါင်းများစွာ ကျူးလွန်မိတော့၏။
သားသမီးအရွယ် ကလေးငယ်မျှသာဖြစ်သော ပွင့်လင်းလူငယ်များထံ နည်းခံရ၏။ ၅၉(စ)ဗျူဟာမှ ၄၃၆ ဗျူဟာသို့ ပြောင်းလဲပစ်ရ၏။၎င်းဗျူဟာသည်လည်း တပ်ကုန်းအဘိုးအိုနှင့် တွေ့ရသည့်အခါ အနူလက်သီးနှင့် အတီးခံလိုက်ရ၏။ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့၏။ သူမ၏ လုပ်ရပ်များသည် ချန်ပီယံကို အလဲထိုးဖို့ မပြင်ဆင်ဘဲ
ချန်ပီယံဖြစ်လျှင် ဝတ်ဆင်ဖို့ ခါးပတ်ကို သူမ နှင့်တော်အောင်တိုင်း၍ ချုပ်ခိုင်းနေသည်နှင့် တူနေလေတော့၏။
လွှတ်တော်တွင်းသို့ မိမိအမတ်များ ရောက်အောင် ပြင်ဆင်ရမည့်အစား
အနိုင်ရလျှင် သမ္မတလုပ်နိုင်မှာ၊ အဟန့်အတန်းဖြစ်နေသော ဥပဒေပြင်ဆင်ရေးကိုသာ
သဲကြီးမဲကြီး အားထုတ်နေလေတော့၏။
အောင်နိုင်ရေးက ပထမ၊ ပြင်ဆင်ရေးက ဒုတိယ ဖြစ်မည့်အစား ပြင်ဆင်ရေးက ပထမ၊
အောင်နိုင်ရေးက ဒုတိယဖြစ်နေတော့၏။ လွှတ်တော်တွင်းပြင်ရမည့် လုပ်ငန်းကိုလည်း လွှတ်တော်ပြင်ပ လာလုပ်နေတော့၏။
ပြင်ဆင်ပေးရေးအတွက် ငါးပွင့်ဆိုင်တွေ၊ ခြောက် ပွင့်ဆိုင်တွေတောင်းဆိုလိုက်ပြန်၏။ မရသည့်အခါ လူထု နည်းနှင့် တောင်းဆိုမည်ဟုဆိုကာ
ခြိမ်းခြောက်လေ တော့၏။
သူမ ဖခင် တည်ထောင်ထားသော တပ်မတော် သည် သူမ တပ်မတော်ပင်ဖြစ်၏။
ထိုတပ်မတော်နှင့်လည်း မနေတတ်ပေ။ တပ်မတော်သားများက သူမအပေါ် မည်သို့
သဘောထားသည်ကို သူမ ဖိတ်ခေါ်သော ညစာစားပွဲက သက်သေပြလျက်ရှိ၏။ သူမ
ကျွေးမွေးမည်ကို မဆိုထားဘိ သူမနှင့်တွေ့ခွင့်ရရေးကိုပင် အသည်းအသန်
အားထုတ် နေကြရမည့်အစား သူမအလကားကျွေးသော ထမင်းကိုပင် မစားကြသော
တပ်မတော်သားတို့သည် သူမလုပ်ရပ်ကို မနှစ်မြို့နေမှန်း သိသာနေ၏။
သူမကလည်း သူမပင်။ တပ်မတော်သားတို့အပေါ် ကြင်နာမှု တစ်ခါမျှ မပြနိုင်ခဲ့ပေ။
နိုင်ငံတော်၏ အချုပ်အခြာကို ကာကွယ်ရင်း တိုင်းပြည်အတွက်
ခြေလက်အင်္ဂါစွန့်လွှတ် ခဲ့ရသော တပ်မတော်သားများအပေါ် စာနာဖို့ဝေးစွ၊ မြန်မာ
ပြည်ကို ကိုလိုနီပြုခဲ့သော၊ သူမအဖေကို လုပ်ကြံခဲ့သော
အင်္ဂလိပ်စစ်သင်္ချိုင်းသို့ လွမ်းသူ့ပန်းခွေချကာ ဖိနပ်စီးလျက် ပင်
သွားရောက်အလေးပြုခဲ့၏။ သူမသည် အင်္ဂလိပ်ကိုသာ အထင်ကြီးလေ့ရှိမှန်း
သိသာထင်ရှားစေတော့၏။
တပ်မတော်ကိုလည်း မစည်းရုံးနိုင်၊ ပါတီတွေကို လည်း မိတ်ဆွေမဖွဲ့နိုင်၊
မျိုးချစ်တို့ကလည်း စွန့်ခွာ၊ သံဃာ တွေကလည်း ရွံရှာသည့်ဘဝသို့
ရောက်ရှိနေသော သူမကို အစွဲအလမ်းကြီးမားသူများနှင့် ဘုမသိ ဘမသိ ဗိုလ်ချုပ်သမီးဟု သိသူများလောက်သာ ထောက်ခံနေကြသည်ကို တွေ့ရ၏။
သမ္မတအခွင့်အလမ်း လုံးဝမရှိတော့သည့်အခါမှ ပါတီအောင်နိုင်ရေး
အစိုးရဖွဲ့စည်းနိုင်ရေးတို့ကို ဖုတ်ပူ မီးတိုက်ပြုလုပ်နေရ၏။
လူငယ်မျိုးဆက်တို့ကို နိုင်ငံရေးသမားတစ်ဦး ရှိသင့် ရှိထိုက်သည့်
ခံယူချက်၊ ယုံကြည်ချက်၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်တို့ ပြည့်စုံရေး
သင်တန်းပေးမည်ဆိုလျှင် အမေရိကန်ကပင် ကူညီမည်ဖြစ်ပေသည်။ မိမိတာဝန်လစ်
ဟင်းမှုကြောင့် မိမိမျိုးဆက် ပွဲမတိုးနိုင်တော့သည့်အခါ အရပ်ကူပါ
လူဝိုင်းပါဟု တွင်တွင်ကြီးအော်ဟစ်အကူအညီ တောင်းရတော့၏။
နိုင်ငံရေး အသိပညာကျွမ်းကျင်သူများက ဝန်းရံလာ ပြန်သည့် အခါ၌လည်း
အရေးတယူကြိုဆိုရကောင်းမှန်း မသိဘဲ ပစ်ပယ်လိုက်တော့၏။
အနိုင်ကလည်း လိုချင်၊ လူကောင်းကလည်း မရှိ၊ ချိုကျိုးနားရွက်ပဲ့များဖြင့်
ဖလားမရနိုင်တော့မှန်း သိလာ သည့်အခါ 'လူကိုမကြည့်ဘဲ
ပါတီကိုပဲကြည့်ရွေးပါ'ဟု ပြောင်ပြောင်တင်းတင်း စည်းရုံးလာတော့၏။
ထိုသို့ဆိုလျှင် အပြင်လူများကိုပင် ဖိတ်စရာမလိုပေ။
ရှိရင်းပါတီဝင်များနှင့်ပင် ပြည့်စုံနေပြီဖြစ်၏။ ငယ်မွေးခြံ
ပေါက်ပါတီဝင်များက သူမအပေါ် သစ္စာခံပြီးသားဖြစ်ပါ တယ်။ အပြင်လူတွေကို
ဖိတ်ခေါ်နေရာပေးပြီးမှ သူတို့ အသုံးမကျလျှင် ကျွန်မဆုံးမမည်လုပ်လာ၏။
မနေ့တစ်နေ့ ကမှဝင်လာသောသူတွေက ဦးဆွေးဆံမြည့် ထမ်းရွက်ခဲ့ သော
ပါတီပါတီဝင်ဟောင်းများလောက် ပါတီအပေါ် သံယောဇဉ်ကြီးမည်လော။ သူမစကားကို
နာခံကြမည်လော သူမ စောကြောနိုင်စွမ်း မရှိတော့ပေ။
လက်ရှိချန်ပီယံကို တစ်ပွဲတိုးစနစ်ဖြင့် အလဲထိုးနိုင် ရန် ပြီးဆေးဖော်
သိဒ္ဓိတင် မန်းမှုတ်နေတော့၏။ ထို့ထက် ဆိုးသည်မှာ ဦးရွှေမန်းနှင့်
ပူးပေါင်းကာ ညွန့်ပေါင်းဖွဲ့ပြီး ဦးရွှေမန်းကို သမ္မတတင်ဖို့
ကြံစည်လာခြင်းဖြစ်၏။ ¤င်းကို ကိုယ့်တပ်ကိုယ်နင်းသည်ဟုလည်းကောင်း၊
ဒီမိုကရေစီကို သစ္စာဖောက်သည်ဟုလည်းကောင်း နိုင်ငံရေးအင်အားစု များက
ရှုမြင်ခံစားလာကြ၏။
ဦးရွှေမန်း အကြဉ်ခံရပြီ။ နိုင်ငံရေးပုရောဟိတ်ကြီး အရေးနိမ့်သွား၍
ဘုရင်မကြီး အရူးကွက်လည်း နင်းလာ နိုင်၏။
ဘုရင်မကြီးက သြဇာကြီးသည်။ အာဏာပြင်း သည်။ တော်တန်ရုံ မော်မကြည့်ရဲကြ။
တိုင်းအဆင့်(တိုင်း စည်း)လောက်မဆိုထားနှင့် ဗဟိုအဆင့် ဗဟိုအလုပ်အမှု
ဆောင်များကိုယ်တိုင်ပင် ခေါင်းညိတ် ဖျာလိပ်အဆင့်ပင် ရှိ၏။ အပြုသဘောနှင့်
တင်ပြရဲသူ၊ တုံ့ပြန်ဆွေးနွေးရဲသူ အလျဉ်းမရှိ။
ပြည်သူ့လွှတ်တော်အမတ်ကြီးဖြစ်မှ အဆူခံ အငေါက်ခံ ဘဝမျိုး
လွှတ်တော်အမတ်ကြီးဖြစ်မှ အဆူခံ အငေါက်ခံဘဝမျိုး ရောက်နေရ၍ အမတ်
ဆက်မလုပ်ချင် သူများပင် ရှိလာ၏။
ဘုရင်မကြီးက ကြိုဆိုသူပရိသတ်အပေါ်သာ မျက် နှာချို၏။ လက်ခုပ်တီးသူကိုသာ
အလေးထား၏။ ခေါင်း ညိတ်သူကိုသာ ဆက်ဆံ၏။ လုပ်ဖော်ကိုင်ဖက်များအပေါ် တွင်
အမြဲတမ်း ခုနစ်ခေါက်ချိုး ရှစ်ခေါက်ချိုးဖြင့် မျက်နှာ ထားတင်း၍သာ
နေတော့၏။ ထို့ကြောင့် ဝန်းရံသူများ ဝန်းရံခွင့်မရတော့ပေ။
ဗိုလ်ချုပ်သမီးဖြစ်သော်လည်း ဗိုလ်ချုပ်နှင့် လွန်စွာ ကွာလေသည်။
ဗိုလ်ချုပ်ကို သဘောရိုးဖြင့် အကြံပြုလာ လျှင် ဗိုလ်ချုပ်က
ချက်ချင်းအကောင်အထည်ဖော်၏။ ထို့ကြောင့် ဗိုလ်ချုပ်အသိုင်းအဝိုင်း၌
ပညာရှိကြီးများ၊ လူကြီး လူကောင်းများ ပေါများ၏။
သူမကား အင်အားစုစည်းရကောင်းမှန်း မသိချေ။ ကွန်မြူနစ်တို့၏ တောတွင်း
ဖြုတ်ထုတ်သတ်ဗျူဟာကို အမွေဆက်ခံကာ မြို့ပေါ်ဖြုတ်ထုတ်သတ်ရေးဗျူဟာကို
ကျင့်သုံးနေ၏။
ဖြေရှင်းရမည့်အရေးဖြစ်ပါလျက် မဖြေရှင်းဘဲ ဖြုတ် ထုတ်ပစ်နေ၏။ အမှန်မှာ
စုံစမ်းစစ်ဆေးရမည့်မြို့နယ်၏ ဆန္ဒကို မေးရမည်။ ပြိုင်ဘက်၏ အခြေအနေကို
ကြည့်ရ မည်။ မြို့နယ်တာဝန်ခံများကို ပံ့ပိုးပေးရမည်။ သို့မှသာ
အနိုင်ရမည်ဖြစ်၏။ ယခုကား တစ်မိန့်တစ်အာဏာစနစ် အတိုင်း အယူခံဝင်ခွင့်မရှိ၊
အသနားခံစာတင်ခွင့်မရှိ။ တစ်ချက်လွတ်အမိန့်ထုတ်ကာ အရေးယူပစ်နေ၏။
ပါတီဝင်အချင်းချင်း နေရာလုသည်ဟု အပေါ်ယံ ရှုမြင်နိုင်သော်လည်း တစ်နေရာလည်းနှစ်နေရာလည်း မဟုတ်တော့သောအခါ ပါတီတွင်း မကျေနပ်မှု ပြင်းထန် လာနေကြောင်းပြည်သူများ သိမြင်ခွင့်ရလာတော့မည်ဖြစ်၏။ ထိုအခါ ဘုရင်မကြီး မတည့်မှန်း၊ပါတီတွင်း ဒီမိုက ရေစီစနစ်မရှိမှန်း သိမြင်လာလျှင် မြစ်ထဲတွင် ကရွတ်ကွင်း
စွပ်၍သေကိန်းဆိမျိုးဆက်များ အရည် ချင်းရှိအောင် ပြုစုပျိုးထောင်ခြင်း၊
ပြည်သူလူထုတစ်ရပ် လုံး အသိဥာဏ် ဗဟုသုတ အဆင့်အတန်းမြင့်မားအောင်
မြှင့်တင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိအောင် ပြုပြင်ခြင်း၊ ရဟန်းရှင်လူ ပြည်သူလူထု တန်ဖိုးထားသော အမျိုး ဘာသာ သာသနာအတွက် အာမခံချက်ပေးခြင်း၊ အရေးကြုံလျှင် ပြည်သူ့ဘက်မှ ရပ်တည်၍ပြည်သူကို အကာအကွယ်ပေးခြင်း၊ ဆောင်ရွက်သင့်သူများနှင့် ပြည်သူ့ အကျိုးကိုရှေးရှု၍ ပူးပေါင်းဆောင်ရွက်သင့်သူများနှင့် ပူး ပေါင်းဆောင်ရွက်ခြင်း၊
တပ်မတော်ကြီးတစ်ခုလုံးနှင့် မိသားစုအသွင် ရင်းနှီးမှုတည်ဆောက်ခြင်း၊
ပါတီငယ်လေး များနှင့် မဟာမိတ်ဖွဲ့ကာ ပြိုင်ဘက်ကို အလဲထိုးခြင်းများ
မလွဲမသွေ ပြုလုပ်ရပေမည်။
သို့မဟုတ်လျှင် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းနှင့် သတ္တိ ဗျတ္တိတို့သည် ရာဇဝင်ထဲမှာသာ ကျန်ရစ်တော့မည် ဖြစ်၏။
ပြည်သူများကလည်း အားနာစွာဖြင့် ရာဇဝင်ထဲမှာသာ ထားရစ်ကြတော့မည်ဖြစ်၏။
Credit .......ZinKo Htun
မျိုးချစ်သူ(၉၇)
( မြန်မာ့နိုင်ငံရေး အတတ်ဟောကိန်း )
[ စက်တင်ဘာလထုတ်"မဟာဝီရ"မဂ္ဂဇင်းမှ ]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment