Wednesday 26 November 2014

၂၀၁၈ ကမ္ဘာ့ဖလားတွင် 5G ကွန်ရက်ကို စမ်းသပ်ရန် Huawei စီစဉ်နေ

Photo: ၂၀၁၈ ကမ္ဘာ့ဖလားတွင် 5G ကွန်ရက်ကို စမ်းသပ်ရန် Huawei စီစဉ်နေ
Wednesday, November 26, 2014

4G ကွန်ရက်ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုမှု နည်းပါးလျက်ရှိသော်လည်း network ပစ္စည်းကိရိယာများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ Huawei နှင့် ရုရှားမိုဘိုင်း ဝန်ဆောင်မှုကုမ္ပဏီ MegaFon တို့က ၂၀၁၈ ခုနှစ်တွင် 5G ကွန်ရက်ကို စမ်းသပ်နိုင်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် ဗုဒ္ဓဟူးနေ့က 5G သဘောတူညီချက် တစ်ရပ် ကိုကြေညာခဲ့ပြီး ရုရှား၌ ကျင်းပမည့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ 5G နည်းပညာကို တည်ဆောက်မည်ဟု ပြောကြားခဲ့သည်။ မိုဘိုင်းကွန်ရက် နည်းပညာ သစ်များကို ပြောင်းလဲ အသုံးပြုခြင်းကြောင့် သုံးစွဲသူများထံ အလွန်လျင်မြန်သည့် download အမြန်နှုန်းကို ထောက်ပံ့ပေး နိုင်မည်ဖြစ်သော်လည်း ၎င်းကိုအပြည့်အဝ အကောင်အထည် ဖော်ရန် နှစ်အတန်ကြာ အချိန်ယူရမည်ဟု ဆိုသည်။

MegaFon မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ မစ်ခ်ဟေးလ်ဒူဘင်က ယခုကဲ့သို့ သဘောတူ စာချုပ်ချုပ်ဆို နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် ရုရှား အနေဖြင့် မျိုးဆက်သစ် မိုဘိုင်းဆက်သွယ်ရေး စနစ်ကို တီထွင်သူများတွင် ပါဝင်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ MegaFon တွင် လစဉ်ကြေး ပေးသွင်းပြီး အသုံးပြုသူ ၆၉ သန်းရှိပြီး ၎င်းသည် ရုရှားနိုင်ငံဆိုချီတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၄ အိုလံပစ် ပြိုင်ပွဲအတွက် 4G LTE ဝန်ဆောင်မှုကို ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။

လက်ရှိတွင် 5G အသုံးပြုနိုင်သည့် ဖုန်းများ မရှိသေးသော်လည်း အဆိုပါ ကွန်ရက် သစ်ဖြင့် အသုံးပြုနိုင်မည့် ဖုန်းအချို့ကို Huawei မှ ထောက်ပံ့ပေးသွားရ န် စီစဉ်နေကြောင်း သိရသည်။

Samsung သည် မရွေ့လျားနိုင်သည့် ထုတ်ကုန်အတွက် တစ်စက္ကန့်လျှင် 7.5 gigabits ထောက်ပံ့ပေးနိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းဖြင့် ရွေ့လျားသည့် ထုတ်ကုန်အတွက် 1.2Gbps ဖြင့် ထောက်ပံ့ပေးနိုင်သည့် 5G ကွန်ရက်ကို အောက်တိုဘာလက သရုပ်ပြသခဲ့သည်။ ယနေ့ခေတ်တွင် အသုံးပြုနေသည့် LTE (Long-Term Evolution) ဟုခေါ်သော 4G နည်းပညာသည် download အမြန်နှုန်း 100Mbps အထိ ထောက်ပံ့ပေးနိုင်သည်။ သို့သော်လည်း လက်တွေ့တွင် LTE download အမြန်နှုန်းသည် နှေးကွေးပြီး သြစတြေးလျတွင် 24.5Mbps နှင့် အမေရိကန်တွင် 6.5 Mbps သာရရှိကြောင်း OpenSignal မှဖော်ပြခဲ့သည်။

အင်တာနက်ဂျာနယ်
4G ကွန်ရက်ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုမှု နည်းပါးလျက်ရှိသော်လည်း network ပစ္စည်းကိရိယာများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ Huawei နှင့် ရုရှားမိုဘိုင်း ဝန်ဆောင်မှုကုမ္ပဏီ MegaFon တို့က ၂၀၁၈ ခုနှစ်တွင် 5G ကွန်ရက်ကို စမ်းသပ်နိုင်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် ဗုဒ္ဓဟူးနေ့က 5G သဘောတူညီချက် တစ်ရပ် ကိုကြေညာခဲ့ပြီး ရုရှား၌ ကျင်းပ မည့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ 5G နည်းပညာကို တည်ဆောက်မည်ဟု ပြောကြားခဲ့သည်။ မိုဘိုင်းကွန်ရက် နည်းပညာ သစ်များကို ပြောင်းလဲ အသုံးပြုခြင်းကြောင့် သုံးစွဲသူများထံ အလွန်လျင်မြန် သည့် download အမြန်နှုန်းကို ထောက်ပံ့ပေး နိုင်မည်ဖြစ်သော်လည်း ၎င်းကိုအပြည့်အဝ အကောင် အထည် ဖော်ရန် နှစ်အတန်ကြာ အချိန်ယူရမည်ဟု ဆိုသည်။

MegaFon မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ မစ်ခ်ဟေးလ်ဒူဘင်က ယခုကဲ့သို့ သဘောတူ စာချုပ်ချုပ်ဆို နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် ရုရှား အနေဖြင့် မျိုးဆက်သစ် မိုဘိုင်းဆက်သွယ်ရေး စနစ်ကို တီထွင်သူများတွင် ပါဝင်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ MegaFon တွင် လစဉ်ကြေး ပေးသွင်းပြီး အသုံးပြုသူ ၆၉ သန်းရှိပြီး ၎င်းသည် ရုရှားနိုင်ငံဆိုချီတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၄ အိုလံပစ် ပြိုင်ပွဲအတွက် 4G LTE ဝန်ဆောင်မှုကို ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။

လက်ရှိတွင် 5G အသုံးပြုနိုင်သည့် ဖုန်းများ မရှိသေးသော်လည်း အဆိုပါ ကွန်ရက် သစ်ဖြင့် အသုံးပြုနိုင် မည့် ဖုန်းအချို့ကို Huawei မှ ထောက်ပံ့ပေးသွားရ န် စီစဉ်နေကြောင်း သိရသည်။

Samsung သည် မရွေ့လျားနိုင်သည့် ထုတ်ကုန်အတွက် တစ်စက္ကန့်လျှင် 7.5 gigabits ထောက်ပံ့ ပေးနိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းဖြင့် ရွေ့လျားသည့် ထုတ်ကုန်အတွက် 1.2Gbps ဖြင့် ထောက်ပံ့ပေး နိုင်သည့် 5G ကွန်ရက်ကို အောက်တိုဘာလက သရုပ်ပြသခဲ့သည်။ ယနေ့ခေတ်တွင် အသုံးပြုနေသည့် LTE (Long-Term Evolution) ဟုခေါ်သော 4G နည်းပညာသည် download အမြန်နှုန်း 100Mbps အထိ ထောက်ပံ့ပေးနိုင်သည်။ သို့သော်လည်း လက်တွေ့တွင် LTE download အမြန်နှုန်းသည် နှေးကွေးပြီး သြစတြေးလျတွင် 24.5Mbps နှင့် အမေရိကန်တွင် 6.5 Mbps သာရရှိကြောင်း OpenSignal မှဖော်ပြ ခဲ့သည်။

အင်တာနက်ဂျာနယ် 

No comments:

Post a Comment