Thursday, 17 October 2013

ဗုံးပေါက်ကွဲမှုများအား KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မကြေနပ်သည့် အခြား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦး ပြောဆို

Photo: ဗုံးပေါက်ကွဲမှုများအား KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မကြေနပ်သည့် အခြား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦး ပြောဆို
Thursday, October 17, 2013

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါ က်ကွဲ မှုများအား KNU တပ်ဖွဲ့ဝင်အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဗုံးဖောက်ခွဲများနှင့် ပတ် သက်ပြီး CCTV ကင်မရာများနှင့် သက်သေခံပစ္စည်းများအရ KNU မှ စောမြင့်လွင် အပါအဝင် အခြား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ဖောက်ခွဲခဲ့ သူမှာ KNU တပ်မဟာ (၅) မှ ဗိုလ်နေ တိုးဖြစ်ကြောင်း သတင်းများထွက်လာပြီးနောက် အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ 

“ဖြစ်တာက ဖြစ်နိုင်ပါတယ်.. KNU နယ်မြေမှာက ကရင်တိုင်းရင်းသားတွေနဲ့ KNU ရဲဘော်တွေက ခွဲမရဘူးလေ.. တပ်ထဲဝင်လိုက်.. ထွက်လိုက် လုပ်နေကြ တာပဲ… ဒါပေမယ့် အခု ဖောက်ခွဲတဲ့လူတွေ က အခုလောလော ဆယ်မှာ KNU တပ်ဖွဲ့ဝင် နာမည်စာရင်း ရှိ/မရှိ ဆိုတာကိုတော့ သေချာပြန် စစ် ဆေးရမှာပါ ” လို့ KNU အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပါတယ်။

လတ်တလောအားဖြင့် KNU နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သလို အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်များမှာ လည်း အကြိမ်ကြိမ်တွေ့ဆုံညှိနိုင်းခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ အောက်ခြေရှိ KNU တပ်ဖွဲ့ဝင်များက ဗုံးဖောက်ခွဲမှုများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် KNU နဲ့ မြန်မာအစိုးရ ကြား ဆက်ဆံရေးထိခိုက်နိုင်စရာမရှိကြောင်းကိုလည်း အဆိုပါ အမည်မဖော် လိုသူ အရာရှိကြီးမှ အခုလို ဆက်ပြောပါတယ်။

“အစိုးရ နဲ့ ရော မြန်မာစစ်တပ်နဲ့ပါ ကျွန်တော်တို့ သဘောတူညီချက်တွေ ရပြီးသားပါ.. အခုဖြစ်တာ က လည်း တပ်မဟာ (၅) က အောက်ခြေတပ်ဖွဲ့ ဝင်တွေ ဖြစ်ပါလိမ့်မယ်.. ဒီတပ်တွေက လက်ရှိ ဒီက (KNU) ခေါင်းေ ဆာင်တွေ နဲ့ သိပ်ပြီးအဆင်မပြေဘူးဆိုတာ အစိုးရဖက်က နား လည်ပြီး သား.. အစိုးရနဲ့ KNU ကြားက ငြိမ်းချမ်းရေးကိုတော့ ထိခိုက်စရာအကြောင်း မရှိပါဘူး….” လို့ ဆိုပါတယ်။

ရန်ကုန် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားခံကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေ သကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုး ဆိုသူဖြစ်ပြီး KNU တွင် ဗိုလ်အဆင့် တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံထားရသူ တရားခံ စောမြင့်လွင် က ၎င်းမှာ KNU တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း ယခုအခါ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦး ဖြစ်ကြောင်း၊ မြန်မာစကား ကျွမ်းကျင်စွာ ပြောတတ်သဖြင့် KNU ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာသာပြန်သူ တစ်ဦးဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ဗုံးဖောက်ခွဲခဲ့ကြောင်း ဝန်ခံထားသူ (၃) ဦးကို ဖမ်းဆီးထားနိုင်ပြီဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်ေ နကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများမှ ပြောကြား ထားပါတယ်။

ဝေဖြိုး
Philosoper King Kaung
မြန်မာ့လင်းရောင်ခြည်
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဗုံးဖောက်ခွဲများနှင့် ပတ် သက်ပြီး CCTV ကင်မရာများနှင့် သက်သေခံပစ္စည်းများအရ KNU မှ စောမြင့်လွင် အပါအဝင် အခြား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ဖောက်ခွဲခဲ့ သူမှာ KNU တပ်မဟာ (၅) မှ ဗိုလ်နေ တိုးဖြစ်ကြောင်း သတင်းများထွက်လာပြီးနောက် အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

“ဖြစ်တာက ဖြစ်နိုင်ပါတယ်.. KNU နယ်မြေမှာက ကရင်တိုင်းရင်းသားတွေနဲ့ KNU ရဲဘော်တွေက ခွဲမရ ဘူးလေ.. တပ်ထဲဝင်လိုက်.. ထွက်လိုက် လုပ်နေကြတာပဲ… ဒါပေမယ့် အခု ဖောက်ခွဲတဲ့လူတွေက အခုလောလော ဆယ်မှာ KNU တပ်ဖွဲ့ဝင် နာမည်စာရင်း ရှိ/မရှိ ဆိုတာကိုတော့ သေချာပြန် စစ် ဆေးရမှာပါ ” လို့ KNU အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပါတယ်။

လတ်တလောအားဖြင့် KNU နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သလို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်များမှာလည်း အကြိမ်ကြိမ်တွေ့ဆုံညှိနိုင်းခဲ့ပြီးဖြစ်ရာ ယခု ကဲ့သို့ အောက်ခြေရှိ KNU တပ်ဖွဲ့ဝင်များက ဗုံးဖောက်ခွဲမှုများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် KNU နဲ့ မြန် မာ အစိုးရ ကြား ဆက်ဆံရေးထိခိုက်နိုင်စရာမရှိကြောင်းကိုလည်း အဆိုပါ အမည်မဖော်လိုသူအရာရှိကြီးမှ အခုလို ဆက်ပြောပါတယ်။

“အစိုးရ နဲ့ ရော မြန်မာစစ်တပ်နဲ့ပါ ကျွန်တော်တို့ သဘောတူညီချက်တွေရပြီးသားပါ.. အခုဖြစ်တာကလည်း တပ်မဟာ(၅)က အောက်ခြေတပ်ဖွဲ့ဝင်တွေ ဖြစ်ပါလိမ့်မယ်.. ဒီတပ်တွေက လက်ရှိ ဒီက(KNU) ခေါင်းေ ဆာင်တွေနဲ့ သိပ်ပြီးအဆင်မပြေဘူးဆိုတာ အစိုးရဖက်က နားလည်ပြီးသား.. အစိုးရနဲ့ KNU ကြားက ငြိမ်းချမ်းရေးကိုတော့ ထိခိုက်စရာအကြောင်း မရှိပါဘူး….” လို့ ဆိုပါတယ်။

ရန်ကုန် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားခံကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေ သကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုး ဆို သူဖြစ်ပြီး KNU တွင် ဗိုလ်အဆင့် တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံထားရသူ တရားခံ စောမြင့်လွင် က ၎င်းမှာ KNU တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း ယခုအခါ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦး ဖြစ်ကြောင်း၊ မြန်မာစကား ကျွမ်းကျင်စွာ ပြော တတ်သဖြင့် KNU ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာသာပြန်သူ တစ်ဦးဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ဗုံးဖောက်ခွဲခဲ့ကြောင်း ဝန်ခံထားသူ(၃)ဦးကို ဖမ်းဆီးထားနိုင်ပြီဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်ေ နကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများမှ ပြော ကြားထားပါတယ်။

ဝေဖြိုး
Philosoper King Kaung
မြန်မာ့လင်းရောင်ခြည်

No comments:

Post a Comment