Wednesday 12 August 2015

ယွမ်ငွေတန်ဖိုး ကျဆင်းမှု တရုတ်ဗဟိုဘဏ် ကြေညာ

အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပြီး တရုတ်နိုင်ငံသုံး ရန်မင်ဘီ (ယွမ်ငွေ)၏ နေ့စဉ် ရည်ညွှန်းနှုန်းထားကို လျှော့ချရန် တရုတ်ဗဟိုဘဏ်က ကြေညာ သည်။
ငွေကြေးလဲလှယ်နှုန်းကို ဈေးကွက်နှင့် ပိုမိုကိုက်ညီစေရန် ဖြစ်သည်ဟု ဗဟိုဘဏ်က ပြော သည်။

ယမန်နေ့က တစ်ဒေါ်လာ လျှင် ၆ ဒသမ ၁၁၆၂ ယွမ်နှုန်း ရှိ ခဲ့ရာမှ တစ်ဒေါ်လာလျှင် ၆ ဒသမ ၂၂၉၈ ယွမ်သို့ တရုတ်ဗဟိုဘဏ် (PBoc) က ပြောင်းလဲခဲ့သည်။

ယင်းမှာ ယွမ်ငွေတန်ဖိုးကို ၁ ဒသမ ၈၆ ရာခိုင်နှုန်း လျှော့ချခြင်းဖြစ်ပြီး ငွေလဲနှုန်း စံချိန်တင် လျှော့ချမှုဟု ဘလွန်းဘာ့ဂ် သ တင်းဝက်ဘ်ဆိုက်က ဖော်ပြ သည်။

၂၀၁၄ မတ်လအလွန်မှစ၍ ရန်မင်ဘီ (ယွမ်ငွေ) ၏ အတက် အကျနှုန်းကို ပိုမိုခွင့်ပြုသွားဖွယ် ရှိသည်ဟူသော ခန့်မှန်းချက်များ ရှိနေစဉ် ဗဟိုဘဏ်၏ ကြေညာ ချက် ထွက်ပေါ်လာခြင်း ဖြစ် သည်။

ပြည်တွင်း နိုင်ငံခြားငွေ လဲ လှယ်မှု ဈေးကွက်တွင်လည်း ဗဟိုဘဏ် နေ့စဉ်သတ်မှတ်နှုန်းထား၏ အထက်၊ အောက် ၂ ရာခိုင်နှုန်းအထိ ယွမ်ငွေတန်ဖိုး အပြောင်းအလဲဖြစ်ခွင့် ပေးထားသည်။

ငွေတန်ဖိုးချခြင်းဟု ဗဟို ဘဏ်က မသုံးနှုန်းမှ ငွေတန်ဖိုး အားနည်းအောင် လုပ်ခြင်းမှာ တွက်ချက်မှုနည်းသစ်ကို ရောင် ပြန်ဟပ်သည်ဟု ပြောကြားသည်။

ယင်းမှာ တစ်ကြိမ်တစ်ခါ ကိုင်တွယ် အရေးယူမှုဟုလည်း ဗဟိုဘဏ်က ပြောကြားသည်။

—Ref: AFP
7Day News Journal

No comments:

Post a Comment