Sunday 12 April 2015

သင်္ကြန်မဏ္ဍပ်အနီး အရက်သေစာရောင်းချခြင်းကို အထူးကြပ်မတ် ဆောင်ရွက်မည်


ယခုနှစ် နေပြည်တော်သင်္ကြန်ကို ယခင်နှစ်များထက် ပိုမိုစည်ကား သိုက် မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ရေကစားရာတွင် အရက်သေစာ သောက်စား ရမ်းကားမှုများ မရှိစေရန်နှင့် ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရန် အတွက် သင်္ကြန် မဏ္ဍပ်နှင့်အနီးဝန်းကျင်တွင် အရက်သေစာ ရောင်းချ ခြင်းကို အထူးကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုကို လည်း ကြပ်မတ်မည်ဖြစ်သည်။

နေပြည်တော် ဟိုတယ်ဇုန်တွင် သင်္ကြန်မဏ္ဍပ်ကြီး ကိုးခု တည်ဆောက် ပြီးစီးနေပြီဖြစ်ပြီး ရေကစားသူများ ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် ရုပ်ရှင်သရုပ်ဆောင် များ၊ အဆိုရှင်များဖြင့် သင်္ကြန်အကြိုနေ့မှစတင်၍ ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။

သင်္ကြန်မဏ္ဍပ်များ မလိုလားအပ်သော မှုခင်းများ မဖြစ်ပွားစေရန်အတွက် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ကြန်မဏ္ဍပ်တိုင်းတွင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်အင်အားနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အားကို ယခင် နှစ်ကထက် ပိုမိုချထားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment