Sunday 12 April 2015

မအောင်မြင်ခင်တုန်းက သင်္ကြန်မှာ သီချင်းဆိုရင် ငွေ၂၀၀၀ ပဲရခဲ့ဖူးတယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သူ့ရဲ့ သင်္ကြန်အမှတ်တရများ


ဆယ်ကျော်သက် ပရိသတ်တွေ အသည်းခိုက်အောင် အားပေးကြတဲ့ ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းကို  သူဖြတ်သန်းမဲ့ ၂၀၁၅ သင်္ကြန်ရက်တွေအကြောင်း မေးကြည့်လိုက်တော့ "သင်္ကြန်ကတာ့ ကျွန်တော် Alpine မဏ္ဍပ်မှာပဲ ရှိပါမယ်။ ကျွန်တော်အပြင် Snare ၊ ကိကိ တို့ရှိပါမယ်။ ဘန်နီကတော့ မန္တလေးသွားမယ် ပြောပါတယ်။ ပြီးတော့ တခြားသူငယ်ချင်းတွေလဲ ရှိပါမယ်။ သင်္ကြန်တွင်းကတော့ မနက်တစ်ခါ၊ ညနေတစ်ခါဖျော်ဖြေမယ်။ ရေပက်ပါမယ်။ Dj သမားတွေရှိမယ်။  ကျွန်တော် သင်္ကြန်ဆို အရမ်းပျော်တယ်။ အရမ်းလဲကြိုက်တယ်။ ဘယ်လိုလဲ မသိဘူး။
လျှောက်လည်ရတာလဲကြိုက်တယ်။ မဏ္ဍပ်ထိုင်ရတာလဲ ကြိုက်တယ်။ ၁၂ လရာသီပွဲတော်တွေ ထဲမှာရော၊ နိုင်ငံခြားက ပွဲတော်တွေထဲမှာရော အဲ့ဒါတွေနဲ့ဘာနဲ့မှမတူဘူး။ ခံစားမှုက ဆန်းတယ်။ ဥပမာပြောရရင် ကျွန်တော့်မှာ အများကြီးရှိတယ်။ သင်္ကြန်မှာ ဖြန်းတဲ့ Body စပရေး တစ်ခုရှိတယ်။ တံဆိပ်တော့ မမှတ်မိတော့ဘူး။ ဘာလဲတော့မသိဘူး။ သိပ်လဲဈေးကြီးမှာ မဟုတ်ဘူး။ကျွန်တော် ၈တန်း ၊ ၉တန်း တုန်းက ရန်ကုန်သင်္ကြန် စကျဖူးတယ်။ ဗိုလ်ချုပ်ဈေးတို့ဘာတို့မှာ ရွှီးကနဲဆိုပြီး လာဖြန်းတယ်လေ။ အဲ့ဒီအနံ့ရှိတယ်။ ကျွန်တော်ဒီနေ့ဒီအချိန်ထိ ဘယ်နေရာမှာအဲ့အနံ့ရရ ရင်ခုန်တယ်။ နောက် အင်ဂျင်ညှော်နံ့ ရှိတယ်။ ရေပက်ခံကားတွေရဲ့ အင်ဂျင်ထဲကို ရေ၀င်သွားရင် ထွက်လာတဲ့အနံ့၊ အဲ့ဒီအနံ့ဟာ တစ်ခါတစ်လေ ကျွန်တော်တို့ရုပ်ရှင်ရိုက်တဲ့အခါ မိုးရေအတုတွေ ဘာတွေ လုပ်တယ်။ အဲ့ဒီအခါသုံးတဲ့ မီးစက်ထဲကို ရေ၀င်သွားရင် အဲ့ဒီအနံ့ထွက်တယ်။ အဲ့ဒီအနံ့ရရင်လဲကျွန်တော်ရင်ခုန်တယ်။ အပိုပြောတာမဟုတ်ဘူး။ အဲ့ဒါကျွန်တော်သင်္ကြန်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ခံစားမှုဆိုအဲ့ဒါပါပဲ။"လို့ သူက ပြောပြသွားပါတယ်။

ဧပြီမှာမွေးတဲ့ စိုင်းစိုင်းက မွေးနေ့အတွက် ခံစားချက်ကတော့ သင်္ကြန်နဲ့မဆိုင်ဘူးဆိုပေမယ့် ဧပြီ ၁၀ ရက်နေ့မှာမွေးတဲ့အတွက် ကံကောင်းတယ်လို့ခံစားရတဲ့အကြောင်း ခုလို ပြောပါတယ်။ "  ဧပြီ ၁၀ ရက်ပြီးရင် နောက်တစ်ရက်ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတော် ရုံးပိတ်ရက်၊ ၁၁ ရက်ကနေ ၁၀ ရက်တိတိ ပိတ်တာဆိုတော့ ၁၀ရက်မပိတ်ခင်ညက ကျွန်တော့်မွေးနေ့ဆိုတော့ ကံကောင်းတယ်လို့ခံစားရတယ်။ သင်္ကြန်အမှတ်တရ ဆိုရင်တော့ ကျွန်တော်က နှစ်တိုင်း မဏ္ဍပ်လုပ်ပြီး ကဲနေကြဆိုတော့ မဏ္ဍပ်ပေါ်မှာပဲ ပျော်ခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ကဲခဲ့ကြတယ်။ သီချင်းတွေဆိုတယ်။ မအောင်မြင်ခင်ကပေါ့။ အခုလဲ အောင်မြင်တယ်ရယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အရင်က သင်္ကြန်မှာ သီချင်းဆိုခွင့်ရဖို့၎ နာရီ ၅ နာရီလောက် ထိုင်စောင့်ခဲ့ရတယ်။ ကျွန်တော်သင်္ကြန်မှ ဖျော်ဖြေရင် ၂၀၀၀ ရတယ်။ ပြီးတော့ တစ်သက်လုံး ဘာမှ ဗီဒီယိုတွေ ဘာတွေခိုးရိုက်တာမျိုးတွေ မထွက်ဖူးခဲ့ပေမဲ့လဲ သင်္ကြန်မဏ္ဍပ်ပေါ်မှာ ရည်းစားနဲ့ ထိုင်နေတဲ့ ပုံတွေက အင်တာနက်ပေါ်ရောက်ခဲ့ဖူးတယ်။ အဲ့ဒါတွေက အမှတ်တရတွေပါ"လို့ပြောပြခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment