Tuesday 20 January 2015

ကျေးရွာများအတွင်းသို့ KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှု များကြောင့် ဒေသခံ ရွာသား(၂)ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ ကျေးရွာများအတွင်းသို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ၀င်ရောက်ကာ မိုင်းထောင်ဖောက်ခွဲ မှု များကြောင့် ဒေသခံရွာသားများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းပုတ်ကျေးရွာ၏ မြောက် ဘက်(၁)မိုင်ခန့်အကွာ လုံးတုံ-ဆယ်ဇင်းသွားလမ်း အနီးတွင် ဇန်န၀ါရီလ (၁၈)ရက်၊ ည (၈) နာရီအချိန်တွင် ဦးကျော်စိုး၊ အသက်(၄၆)နှစ်၊ တာလောကြီးကျေး ရွာ၊ မြစ်ကြီးနားမြို့နယ်နေသူနှင့် ဦးစံထွန်း၊ အသက်(၃၁)နှစ်၊ သဲဂုဏ်ကျေးရွာ၊ ဟိုပင်မြို့နယ် တို့(၂)ဦးသည် ဆိုင်ကယ်ဖြင့် လုံးတုံကျေးရွာ ဘက် မှ မောင်းနှင်လာစဉ် KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက် ကွဲခဲ့ရာမှ ၎င်းတို့(၂)ဦး၏ ခြေထောက်၊ လက်မောင်း၊ လည်ပင်းနှင့် လက်ချောင်း များတွင် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ကျေးလက် ကျန်းမာရေးမှူး တစ်ဦးမှ ပြောပြခဲ့ပါသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သူများအား ဒေသခံရွာသားများမှ သွားရောက်ခေါ်ယူ ခဲ့ပြီး နောက် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒေသခံ ရွာသား တစ်ဦးထံမှသိရသည်။

ထို့အပြင် ဇန်န၀ါရီလ (၁၉) ရက်နေ့၊ မနက် (၁၀)နာရီခွဲ အချိန်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ စမ်းသီတာကုန်း၊ ကိုင်းတောနေရာနှင့် (၁၁) နာရီဝန်းကျင်အချိန်ခန့်တွင် ဖားကန့်မြို့၊ နာနတ်ခြံ၊ ဂျန်ဂတ် ကျေးရွာသွား လမ်းဘေးနေရာတွင် လည်းကောင်း၊ နေ့လည် (၁)နာရီ အချိန်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်း ရပ်ကွက်အတွင်းတွင်လည်း KIA အဖွဲ့ဝင်တစ်ဦးသည် ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးတစ်လုံးအား ပစ်ပေါက် ဖောက်ခွဲခဲ့ကြောင်းနှင့် လူ၊ တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

ယခုကဲ့သို့ KIA အဖွဲ့မှ လမ်းများနှင့် ကျေးရွာများအတွင်း မိုင်းထောင်ဖေါက် ခွဲခြင်း၊ တံတားများအား မီးရှို့ ဖျက်ဆီးခြင်း၊ ရွာအနီးဝန်းကျင် မိုင်းထောင်ဖေါက် ခွဲခြင်းများကြောင့် ဒေသခံ ပြည်သူလူထုများမှာ စိုးရိမ် ထိတ်လန့်နေကြပြီး မိသားစုစားဝတ်နေရေးအတွက် အခက်တွေ့နေကြကြောင်း ကျေးရွာအုပ် ချုပ်ရေးမှူး တစ်ဦးမှ ပြောပြပါသည်။

စိုင်းနေမျိုး( ဖားကန့်)
Credit >>> Kachin Daily News 

No comments:

Post a Comment