Friday 16 January 2015

(၂၅) ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲ ခန္တီးတွင် ကျင်းပ

Photo: (၂၅) ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲ ခန္တီးတွင် ကျင်းပ
Friday, January 16, 2015

(၂၅) ကြိမ်မြောက်နာဂရိုး ရာ နှစ်သစ်ကူးဘုံပွဲတော်နှင့် ရိုးရာမီးပုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပခဲ့ရာ လူဦးရေ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲသည် နာဂမျိုး နွယ်စုများအခြေစိုက်ရာ ဒေသအ သီးသီးတွင် ကျင်းပခဲ့သည့် ရိုးရာ နှစ်သစ်ကူးပွဲများအနက် အစည်း ကားဆုံးပွဲတော်ဖြစ်ခဲ့ပြီး လူဦးရေသုံးသောင်းခွဲကျော်တက်ရောက်ခဲ့သည်။

ယင်းပွဲတော်ကို ဇန်န၀ါရီ ၁၅ ရက်တွင် နေ့ရောညပါ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင်နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင်ပါရှိသည့် လေရှီးမြို့တွင် အစိုးရက ဦးဆောင်၍ ယင်းပွဲတော်ကို ကျင်းပခဲ့ပြီး ရိုးရာနှစ်သစ်ကူးဘုံပွဲတော်ကို လည်း ထည့်သွင်းကျင်းပခဲ့သည်။

ပွဲတော်ရက်နေ့မနက်ပိုင်းတွင်မျိုးနွယ်စုများ၏ ရိုးရာအကများဖြင့် ကပြခဲ့ပြီး ညတွင် ရိုးရာမီးပုံပွဲကို ကျင်းပခဲ့သည်။

ယင်းပွဲတော်များသို့ နာဂ မျိုးနွယ်စုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရအရာ ရှိများတက်ရောက်ခဲ့သည်။

7Day DAILY 

နာဂရိုးရာယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးဆောင်၍ ကျင်းပခွင့်ရသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီမြို့တွင် ကျင်းပစဉ်(ဓာတ်ပုံ - ထွန်းအောင်)
နာဂရိုးရာယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးဆောင်၍ ကျင်းပခွင့်ရသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီမြို့တွင် ကျင်းပစဉ်(ဓာတ်ပုံ - ထွန်းအောင်)
(၂၅) ကြိမ်မြောက်နာဂရိုး ရာ နှစ်သစ်ကူးဘုံပွဲတော်နှင့် ရိုးရာမီးပုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပခဲ့ရာ လူဦးရေ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲသည် နာဂမျိုး နွယ်စုများအခြေစိုက်ရာ ဒေသအ သီးသီးတွင် ကျင်းပခဲ့သည့် ရိုးရာ နှစ်သစ်ကူး ပွဲများအနက် အစည်း ကားဆုံးပွဲတော်ဖြစ်ခဲ့ပြီး လူဦးရေသုံးသောင်းခွဲကျော်တက်ရောက်ခဲ့သည်။

ယင်းပွဲတော်ကို ဇန်န၀ါရီ ၁၅ ရက်တွင် နေ့ရောညပါ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင်နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင်ပါရှိသည့် လေရှီးမြို့တွင် အစိုးရက ဦးဆောင်၍ ယင်းပွဲတော် ကို ကျင်းပခဲ့ပြီး ရိုးရာနှစ်သစ်ကူးဘုံပွဲတော်ကို လည်း ထည့်သွင်းကျင်းပခဲ့သည်။

ပွဲတော်ရက်နေ့မနက်ပိုင်းတွင်မျိုးနွယ်စုများ၏ ရိုးရာအကများဖြင့် ကပြခဲ့ပြီး ညတွင် ရိုးရာမီးပုံပွဲကို ကျင်းပခဲ့ သည်။

ယင်းပွဲတော်များသို့ နာဂ မျိုးနွယ်စုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရအရာ ရှိများတက်ရောက်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment