ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်သည် ဇန်န၀ါရီ ၁၃ ရက်နေ့က မြစ်ကြီးနားမြို.မှ မိုင် ၁၀၀ ခန့်ကွာဝေးသည့် ဖားကန့်မြို.သို့ လုပ်ငန်းတာဝန်ဖြင့်ထွက်ခွာခဲ့သည်။ ဖားကန့်မြို. တွင် တစ်ညတာနေပြီးနောက် ဇန်န၀ါရီ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို.သို့ပြန်လည် ထွက်ခွာလာရာ လမ်း ခရီးတွင် ဟွေလုံဟူခေါ်သော ရွာတစ်ရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေအဖွဲ့များ၏ ခေတ္တဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့သော် အနည်းငယ်စစ်ဆေးမေးမြန်းပြီးနောက် ၄င်းအား အတူလိုက်ပါ လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် လုံခြုံရေး လိုက်ပါလာသော ဒုရဲအုပ်မြင့်စိုး နှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ကေအိုင်အေအဖွဲ.က ဖမ်းဆီးခဲ့ရာ ယခုတိုင် လွတ်မြောက်ခြင်း မရှိသေးပေ၊ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရစစ်ကြောင်းများမှ ဖားကန့်ရှိ ကေအိုင်အေအဖွဲ.များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရှိရသည်။
မြစ်ကြီးနားနေအိမ်သို့ပြန်ရောက်ပြီဖြစ်သော ဦးကမန်ဒူးနော်အား ၄င်းမည်သို့မည် ပုံဖမ်းဆီးခံခဲ့ရပုံကို Yangon Globe က မေးမြန်းထားသည် များအား ဖော်ပြလိုက်ပါသည်။
မေး။ ။ ဦးဒူးနော် ဘယ်လိုကနေဘယ်လိုဖမ်းခံရတယ်ဆိုတာပြောပြပါ ခင်ဗျား။
ဖြေ။ ။ ကျနော်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပါ။ လမ်းတွေပြုပြင်စစ်ဆေးဖို့ဆိုပြီး ကျနော်ရယ်၊ ပြည်နယ်အင်ဂျင်နီယာမှုးကြီးရယ်၊ ခရိုင်အင်ဂျင်နီယာမှုးကြီးရယ် စုစုပေါင်း ၁၃ ဦးရှိမယ်။ ကျနော်တို့က ဇန်န၀ါရီ ၁၃ မှာ ဖားကန့်ကို သွားပြီး အစည်းအဝေးသွားလုပ်တယ်။ ပြီးတော့ ၁၄ ရက်နေ့မနက် ၁၀ နာရီ လောက်မှာ ကားသုံး စီးနဲ့ မြစ်ကြီးနားကို ပြန်ထွက် လာတော့ လမ်းမှာ ဟွေ့လုံဆိုတဲ့ရွာနားရောက်တဲ့အခါ KIA အဖွဲ. အင်အား ၂၃ ယောက်လောက်က သေနတ်တွေပစ်ဖောက်ပြီး တားတယ်။ တခြားခရီးသည်တွေ လည်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့သွားနေတယ်။ ကျနော်တို့အားလုံးကိုပဲ ရွေးပြီးတားသလိုဖြစ်နေတယ်။ သူတို့က ကျနော့်ကိုရော ပွိုင့်ကားပေါ်မှာ ပါလာတဲ့ ရဲသုံးယောက်ကိုရော အားလုံးကို မြေကြီးပေါ်မှာ ၄၅ မိနစ်လောက်ထိုင်ခိုင်ပြီးစစ်မေးတယ်။
မေး။ ။ ဘာတွေစစ်မေးလဲခင်ဗျာ့။ အန်ကယ်တို့က သူတို့စိတ်အနှောက် အယှက်ဖြစ်အောင် ဖားကန့်မှာ တစ်ခုခုလုပ်ခဲ့တာရှိလို့လား။
ဖြေ။ ။ ကျနော့်ကို ခင်ဗျားဘာလဲလို့မေးတော့ ကျနော်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလို့ ပြောတာ သူတို့နားမလည်ဘူး။ ဒါနဲ့ ကျနော်က ဆောက်လုပ်ရေးဝန်ကြီးလို့ပြောတော့ သူတို့က လမ်းဗိုလ်လား မေး တော့ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တာ သူတို့လည်း ဆက်မမေးတော့ဘူး။သူတို့က ရဲတွေ သေနတ် ကိုင် ထားတာ တွေ့တော့ ခင်ဗျားတို့ ကကျုပ်တို့ကို ပစ်ဖို့မှတ်လားဘာလားဆိုပြီး ပြောတယ်။ ပြီးတော့ သူတို့ ၃ ယောက်ကို လက်နောက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတယ်။ ကျနော်တို့ထွက်လာတဲ့ အချိန်မှာ နေ့လည် ၁၂ နာရီခွဲလောက်ရှိပါပြီ။ တကယ်တော့် ကျနော်တို့က ဖားကန့်မှာ အစည်းအဝေးလုပ်ခဲ့တာပဲရှိတယ် သူတို့အဖွဲ့ စိတ်အနှောက်အယှက် ဖြစ်အောင်ဘာမှမလုပ်ခဲ့ဘူး။
မေး။ ။ အန်ကယ့်ကို လွှတ်ပေးလိုက်တာ ကချင်မို့လို့လားခင်ဗျ။
ဖြေ။ ။ မဟုတ်ဘူးဗျ။ လွတ်လာတဲ့အထဲက ၃ ယောက်ပဲ ကချင်၊ ကျန်တဲ့ အင်ဂျီနီယာအဖွဲ့တွေဘာတွေက အားလုံးဗမာချည်းပဲ။ ဖမ်းသွားတဲ့ ရဲတစ်ယောက်က ကချင်ပဲ။ သူ့နာမည်ဆိုင်းလလား ဘာလားတော့မသိဘူး။ သူတို့က လွှတ်ပေးတာ ကချင်ရယ်၊ ဗမာရယ်မဟုတ်ဘူး။ ရဲဝန်ထမ်းတွေဖမ်းတယ်။ အရပ်သားကိုလွှတ်ပေးတယ်ဆိုတဲ့သဘောဗျ။
မေး။ ။ အန်ကယ့်က ကချင်ဆိုတော့ အခြေအနေကို ပြေလည်အောင် မရှင်းပြဘူးလားခင်ဗျ။
ဖြေ။ ။ ကျနော်က ရှင်းပြဖို့ကြိုးစားပါသေးတယ်။ သူတို့က အရှင်းပြမခံဘူးဗျ။ ရိုက်မယ်ဘာမယ်ပုံစံနဲ့ဗျ။ ဘာပဲဖြစ်ဖြစ် ခုကျနော်တို့ကိစ္စကို အကြောင်းပြုပြီး စစ်တွေဖြစ်တယ်၊ လူတွေထွက်ပြေးနေရတယ် ကြား တော့ ကျနော်စိတ် မကောင်းပါ ဘူး။
The Yangon Globe
No comments:
Post a Comment