Thursday, 8 January 2015

ဒေသအချို့တွင် လက်လုပ်မြေမြှုပ်မိုင်းကို ငါးကန်နှင့် စိုက်ခင်းများ၌ မခိုးအောင် အလွဲသုံးနေ

Photo: ဒေသအချို့တွင် လက်လုပ်မြေမြှုပ်မိုင်းကို ငါးကန်နှင့် စိုက်ခင်းများ၌ မခိုးအောင် အလွဲသုံးနေ
Thursday, January 8, 2015

မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နိုင်ခြင်းမရှိ သေးချိန်မှာပင် ပြည်နယ်နှင့် တိုင်းအချို့တွင် စီးပွားရေးအရ ကာ ကွယ်မှုအနေဖြင့် ငါးကန်နှင့် စိုက် ခင်းများ၌ ပိုင်ရှင်များက လက်လုပ်မြေမြှုပ်မိုင်းများ မြှုပ်နှံအသုံး ပြုမှု များလာကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။

‘‘ဗဟုသုတနည်းတော့ စီးပွား ရေးအရ ကာကွယ်မှုကို ဒီနည်းသုံးကြတာပါ’’ဟု ၎င်းက ပြောသည်။

စိုက်ခင်းများနှင့် ငါးကန်များ တွင် လက်လုပ်မြေမြှုပ်မိုင်းအသုံး ပြုသောဒေသ များအနက် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများ၌ အများစုဖြစ် သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ၂၀၁၄ ကစတင်ကာ ပိုအသုံးများလာသည်။

လက်လုပ်မြေမြှုပ်မိုင်းများ အသုံးပြုရခြင်းမှာ မွေးမြူစိုက်ပျိုးထားသော ငါးများ ခိုးဖမ်းခြင်း၊ သီးနှံခိုးရိတ်ခြင်းကို ကာကွယ်ရန် လွဲမှားစွာအသုံးပြုခြင်း ဖြစ်သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ငါး ကန်ပေါင်များ၊ စိုက်ပျိုး ထားသည့် ကန်သင်းရိုး များတွင် ထောင်ထားခြင်းဖြင့် ခိုးယူမှုရန်ကို ကာကွယ်ကြခြင်း ဖြစ်သည်။

လက်လုပ်မြေမြှုပ်မိုင်းတစ် လုံး၏ တန်ကြေးမှာ ဘတ်ငါးရာ (ကျပ်ငွေ ၁၅၀,၀၀၀ ခန့်)သာဈေး ရှိပြီး နယ် စပ်တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ လက်လုပ်မြေ မြှုပ်မိုင်းများမှာ စီးကရက်ဘူးခွံအရွယ်သာရှိပြီး အတွင်း၌ ကျောက် စရစ်ခဲများ၊ သံတိုသံစများနှင့် တီအမ်တီယမ်းပျော့တို့ ထည့်သွင်း ဖောက်ခွဲခြင်း ဖြစ် သည်။ အဆိုပါ မိုင်းထိသူသည် သေဆုံးခြင်းထက် ခြေထောက်များဖြတ်ပစ် ရသည့် ဒုက္ခိတမျိုးသာအဖြစ် များကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်း သူများအသင်းမှ မန်နေဂျင်းဒါ ရိုက်တာ ဦးအေးကိုကိုက ပြော ကြားသည်။

လက်ရှိမြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်းအသင်းတွင် အ သင်းဝင်ပေါင်း ၇,၀၀၀ ကျော်ရှိပြီးမြေမြှုပ်မိုင်းကြောင့် ကိုယ်အင်္ဂါမ သန်စွမ်း သူ ၂,၀၀၀ ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ် အခတ် ရပ်စဲရေး ဆောင်ရွက်ထားသော်လည်း မြေမြှုပ်မိုင်းရှာဖွေဖော်ထုတ်ရေးကို ဒေသအများစုတွင် မလုပ်ကိုင်နိုင်သေးပေ။ မြန် မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှာဖွေ ဖော်ထုတ်ရာ၌ အဓိက စိန်ခေါ် မှုမှာ မြေမြှုပ်မိုင်းမြေပုံရေးဆွဲနိုင် ခြင်းဖြစ်သည်ဟု Norwegian Peoples Aid မှ ပရိုဂရမ်မန်နေဂျာမြေမြှုပ်မိုင်း ပညာရှင် Aksel Steen-Nilsen က ပြောကြားထားသည်။
မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများသည် အချိန်ကြာမြင့် စွာ လုပ်ကိုင်ရပြီး ရှင်းလင်းသူတစ်ဦးအတွက် ဘတ်ဂျက်ကုန်ကျစရိတ်မှာ အစတွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်ကုန်ကျ နိုင်သည်။ ယင်းတွင်မြေမြှုပ် မိုင်းဒဏ်ခံအ၀တ်အစားများနှင့် ရှာဖွေရေးကိရိယာများ၊ သင်တန်းစရိတ်များပါဝင်သည်။ လုပ်ငန်းလုပ်ကိုင်ပါ က တစ်ဦးလျှင် တစ်လဒေါ်လာ ၃၀၀ ခန့် သုံးစွဲရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှိသည့် မြို့နယ် ၅၀ ခန့် သတ်မှတ်ထားပြီး ကယားပြည်နယ်၌ မြို့ နယ် ခုနစ်ခု၊ ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ်ခု၊ ကချင်ပြည်နယ်တွင် မြို့နယ်ခြောက်ခု၊ မွန်ပြည်နယ်တွင် မြို့နယ် ခြောက် ခု၊ ပဲခူးတိုင်းတွင် မြို့နယ်လေးခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်တွင် မြို့နယ် ၁၂ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ငါးခုနှင့် ချင်းပြည်နယ်တို့ပါဝင်သည်။မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း
ကြောင့် ထိခိုက်ဒဏ်ရာရမှုများကို ၁၉၉၉ မှ စတင်စာရင်းကောက်ရာ ၂၀၁၂ ထိ သေဆုံးသူ ၃၁၉ ဦး၊ ဒဏ်ရာ ရသူ ၂,၈၁၉ ဦးရှိကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများစောင့်ကြည့်
လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြသည်။

7Day DAILY
မြေမြှုပ်မိုင်းရှင်းလင်း ရေး လုပ်ဆောင်နိုင်ခြင်းမရှိ သေးချိန်မှာပင် ပြည်နယ်နှင့် တိုင်းအချို့တွင် စီးပွားရေး အရ ကာကွယ်မှုအနေဖြင့် ငါးကန်နှင့် စိုက် ခင်းများ၌ ပိုင်ရှင်များက လက်လုပ်မြေမြှုပ်မိုင်းများ မြှုပ်နှံအသုံး ပြုမှု များလာကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။

‘‘ဗဟုသုတနည်းတော့ စီးပွား ရေးအရ ကာကွယ်မှုကို ဒီနည်းသုံးကြတာပါ’’ဟု ၎င်းက ပြောသည်။

စိုက်ခင်းများနှင့် ငါးကန်များ တွင် လက်လုပ်မြေမြှုပ်မိုင်းအသုံး ပြုသောဒေသ များအနက် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများ၌ အများစုဖြစ် သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ၂၀၁၄ ကစတင်ကာ ပိုအသုံးများလာသည်။

လက်လုပ်မြေမြှုပ်မိုင်းများ အသုံးပြုရခြင်းမှာ မွေးမြူစိုက်ပျိုးထားသော ငါးများ ခိုးဖမ်းခြင်း၊ သီးနှံခိုးရိတ် ခြင်းကို ကာကွယ်ရန် လွဲမှားစွာအသုံးပြုခြင်း ဖြစ်သည်။ လက်လုပ်မြေမြှုပ်မိုင်းများကို ငါးကန်ပေါင်များ၊ စိုက်ပျိုး ထားသည့် ကန်သင်းရိုး များတွင် ထောင်ထားခြင်းဖြင့် ခိုးယူမှုရန်ကို ကာကွယ်ကြခြင်း ဖြစ်သည်။

လက်လုပ်မြေမြှုပ်မိုင်းတစ် လုံး၏ တန်ကြေးမှာ ဘတ်ငါးရာ (ကျပ်ငွေ ၁၅၀,၀၀၀ ခန့်)သာဈေး ရှိပြီး နယ် စပ်တွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ လက်လုပ်မြေ မြှုပ်မိုင်းများမှာ စီးကရက်ဘူးခွံအရွယ်သာရှိပြီး အတွင်း၌ ကျောက် စရစ်ခဲများ၊ သံတိုသံစများနှင့် တီအမ်တီယမ်းပျော့တို့ ထည့်သွင်း ဖောက်ခွဲခြင်း ဖြစ် သည်။ အဆိုပါ မိုင်းထိသူသည် သေဆုံးခြင်းထက် ခြေထောက်များဖြတ်ပစ် ရသည့် ဒုက္ခိတမျိုးသာအဖြစ် များကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်း သူများအသင်းမှ မန်နေဂျင်းဒါ ရိုက်တာ ဦးအေးကိုကိုက ပြော ကြားသည်။

လက်ရှိမြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်းအသင်းတွင် အ သင်းဝင်ပေါင်း ၇,၀၀၀ ကျော်ရှိပြီးမြေမြှုပ်မိုင်း ကြောင့် ကိုယ်အင်္ဂါမ သန်စွမ်း သူ ၂,၀၀၀ ကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား အပစ် အခတ် ရပ်စဲရေး ဆောင်ရွက်ထားသော်လည်း မြေမြှုပ်မိုင်းရှာဖွေဖော်ထုတ်ရေးကို ဒေသအများစုတွင် မလုပ်ကိုင်နိုင်သေးပေ။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှာဖွေ ဖော်ထုတ်ရာ၌ အဓိက စိန်ခေါ် မှုမှာ မြေမြှုပ်မိုင်းမြေပုံရေးဆွဲနိုင် ခြင်းဖြစ်သည်ဟု Norwegian Peoples Aid မှ ပရိုဂရမ်မန်နေဂျာမြေမြှုပ်မိုင်း ပညာရှင် Aksel Steen-Nilsen က ပြောကြားထားသည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများသည် အချိန်ကြာမြင့် စွာ လုပ်ကိုင်ရပြီး ရှင်းလင်းသူတစ်ဦးအတွက် ဘတ်ဂျက်ကုန်ကျစရိတ်မှာ အစတွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်ကုန်ကျ နိုင်သည်။ ယင်းတွင်မြေမြှုပ် မိုင်းဒဏ်ခံအ၀တ်အစားများနှင့် ရှာဖွေရေးကိရိယာများ၊ သင်တန်းစရိတ်များပါဝင်သည်။ လုပ်ငန်းလုပ်ကိုင်ပါ က တစ်ဦးလျှင် တစ်လဒေါ်လာ ၃၀၀ ခန့် သုံးစွဲရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ရှိသည့် မြို့နယ် ၅၀ ခန့် သတ်မှတ်ထားပြီး ကယားပြည်နယ်၌ မြို့ နယ် ခုနစ်ခု၊ ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ်ခု၊ ကချင်ပြည်နယ်တွင် မြို့နယ်ခြောက်ခု၊ မွန်ပြည်နယ်တွင် မြို့နယ် ခြောက် ခု၊ ပဲခူးတိုင်းတွင် မြို့နယ်လေးခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်တွင် မြို့နယ် ၁၂ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ငါးခုနှင့် ချင်းပြည်နယ်တို့ပါဝင်သည်။မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုများကို ၁၉၉၉ မှ စတင်စာရင်းကောက်ရာ ၂၀၁၂ ထိ သေဆုံးသူ ၃၁၉ ဦး၊ ဒဏ်ရာ ရသူ ၂,၈၁၉ ဦးရှိကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက် ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြသည်။

7Day DAILY 

No comments:

Post a Comment