Thursday 8 January 2015

ချောင်းဆိုး၊ရင်ကျပ်၊ချွဲသလိပ်ကပ်များအတွက် သဘာဝဆေးနည်း

ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်ကပ်ဖြစ်နေသူများအတွက် အလွယ်တကူ ရနိုင်သည့် အိမ်တွင်းကုထုံး သဘာဝ ဆေးနည်းတစ်မျိုးကို မျှဝေပေးလိုက် ပါတယ်။

(၁) ပင်စိမ်းရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၍ အရည်ညစ်ယူပါ။
(၂) ချင်း (ဂျင်း) ၂ တက်ကို ထုထောင်း၍ အရည်ညစ်ယူပါ။
(၃) ကြက်သွန်နီ အလတ်စား ၂ ဥကို အရည်ညစ်ယူပါ။

၎င်းအရည် ၃ မျိုးကို ရောစပ်၍ မနက်၊ နေ့၊ ည တစ်နေ့ကို ၃ ကြိမ် ထမင်းစားဇွန်း တစ်ဇွန်းခန့် သောက်ပါ။ အရသာပြင်းထန်လွန်း၍ သောက်ရချက်လျှင် ပျားရည်အနည်းငယ်မျှ ထည့်၍ သောက်ပါ။

၎င်းဆေးရည်ကို သောက်သုံးပါက ချောင်းဆိုး ရင်ကျပ် ချွဲသလိပ်ကပ်များ ပျောက်ကင်းသည့်အပြင် လည် ချောင်းနာခြင်း၊ လည်ချောင်းယားခြင်းနှင့် အဆုပ်လေပြွန် ယောင်ခြင်းတို့ကိုပါ သက်သာပျောက်ကင်း စေပါသည်။

စောနွဲ့နေဆိုင် (ပူတအို)
ကျမ်းကိုး ။ ။ မြန်မာ့ဆေးကျမ်းများ
Shape Entertainment Journal

No comments:

Post a Comment