Thursday 27 November 2014

အမေရိကန်က ၂၀၁၅ တွင် အာဖဂန်နစ္စတန်သို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ် ပေးဖွယ်ရှိ

Photo: အမေရိကန်က ၂၀၁၅ တွင် အာဖဂန်နစ္စတန်သို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ် ပေးဖွယ်ရှိ
Thursday, November 27, 2014

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆။ အမေရိကန် စစ်တပ်သည် လာမည့် ၂၀၁၅ခုနှစ်၌ အာဖဂန်နစ္စတန် နိုင်ငံရှိ တပ်ဖွဲ့ဝင်အင်အားကို မူလ စီစဉ်ထား သည်ထက် ထပ်မံတိုးချဲ့ သွားဖွယ်ရှိပြီး လိုအပ်ပါက အာဖဂန်တပ်ဖွဲ့များကို ကူညီထောက်ပံ့ ပေးသွားရန်ရှိ နေသည်ဟု ကန်စစ်ဘက် တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် မူလက ကြေညာခဲ့သည့် တပ်ဖွဲ့ဝင် ၉,၈၀၀ အင်အား ထက်ကျော်လွန်၍ လာမည့် လများတွင် အာဖဂန်နစ္စတန် နိုင်ငံ သို့ ယင်း၏ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ် ပေးသွားနိုင်သည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံသို့ နေတိုး အဖွဲ့ဝင် နိုင်ငံများထံမှ တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းပေးမှု ကျဆင်းလာ ကြောင်း သိရသည်။

အမေရိကန် တပ်မှူးများသည် ယခုကိစ္စ အတွက် အသေးစိတ် အချက်အလက်များကို တွက်ချက် နေဆဲဖြစ်သည်။ လက်ရှိတွင် အကြမ်းဖျင်း အားဖြင့် အာဖဂန်တွင် နေတိုးတပ်ဖွဲ့ ၀င်ဦးရေ ၄၀၀ မှ ၇၀၀ ခန့်ထိ လိုအပ် နေခြင်းကြောင့် လာမည့် ၂၀၁၅ ခုနှစ် ဆောင်းရာသီ ကာလတွင် ကန်တပ်ဖွဲ ၀င်များဖြင့် ယာယီ ဖြည့်ဆည်းပေးသွားရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသူ ကန်စစ်ဘက် အရာရှိတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်ဖွဲ့ဝင်အင်အား လိုအပ်နေမှုသည် ၀ါရှင်တန်နှင့် ကဘူးလ်တို့ အကြား ယခုနှစ်အတွက် နှစ်နိုင်ငံ လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်တစ်ခုကို လက်မှတ်ရေးထိုး နိုင်ရန် နှောင့်နှေး နေခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ယင်းသဘော တူညီမှု စာချုပ်သည် လာမည့်နှစ်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံသို့ အခြားသော နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များ ချထားပေးမည့် သဘောတူညီမှုများ နှင့်လည်း ရှုပ်ထွေးမှုများ ရှိနေခဲ့သည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် နှောင်းပိုင်း နေတိုးအဖွဲ့၏ တာဝန်အရ အာဖဂန်နိုင်ငံ တွင် လာမည့် ဇန်န၀ါရီလမှ စ၍ တပ်ဖွဲ့ဝင် အင်အား ၁၂,၅၀၀ ကိုသာ ဆက်လက် ထားရှိရန်ဖြစ်ပြီး ယင်းတွင် ကန်တပ်ဖွဲ့ဝင်မဟုတ်သည့် တပ်ဖွဲ့ဝင်ဦးရေ ၂,၇၀၀ ခန့်ရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလများက အာဖဂန်နစ္စတန်နိုင်ငံတွင် ရှည်ကြာနေခဲ့သည့် ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် အမေရိကန်-အာဖဂန် လုံခြုံရေး သဘောတူညီမှုစာချုပ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့ခြင်းဖြစ်ရာ ယင်းအတွက်ကြောင့် လာမည့်၂၀၁၅ခုနှစ်၌ ယင်းနိုင်ငံတွင် တပ်ဖွဲ့ဝင်များ ချထားမှုအပေါ်တွင် မဟာမိတ်နိုင်ငံများက နေရာတကျ စီစဉ်နိုင်မည်လားဟူသည့် သံသယများကို မြင့်တက်စေခဲ့သည်ဟု ယခုလအစောပိုင်းက ကန်စစ်ဘက် တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

အာဖဂန် နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ယာဉ်တန်း။ ဓာတ်ပုံ - AFP

ဝါရှင်တန်၊ နိုဝင်ဘာ ၂၆။ အမေရိကန် စစ်တပ်သည် လာမည့် ၂၀၁၅ခုနှစ်၌ အာဖဂန်နစ္စတန် နိုင်ငံရှိ တပ်ဖွဲ့ဝင်အင်အားကို မူလ စီစဉ်ထားသည်ထက် ထပ်မံတိုးချဲ့သွားဖွယ်ရှိပြီး လိုအပ်ပါက အာဖဂန် တပ်ဖွဲ့ များကို ကူညီထောက်ပံ့ ပေးသွားရန်ရှိ နေသည်ဟု ကန်စစ်ဘက် တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် မူလက ကြေညာခဲ့သည့် တပ်ဖွဲ့ဝင် ၉,၈၀၀ အင်အား ထက်ကျော်လွန်၍ လာမည့် လများတွင် အာဖဂန်နစ္စတန် နိုင်ငံ သို့ ယင်း၏ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ် ပေးသွားနိုင်သည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံသို့ နေတိုး အဖွဲ့ဝင် နိုင်ငံများထံမှ တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းပေးမှု ကျဆင်းလာ ကြောင်း သိရသည်။

အမေရိကန် တပ်မှူးများသည် ယခုကိစ္စ အတွက် အသေးစိတ် အချက်အလက်များကို တွက်ချက် နေဆဲဖြစ်သည်။ လက်ရှိတွင် အကြမ်းဖျင်း အားဖြင့် အာဖဂန်တွင် နေတိုးတပ်ဖွဲ့ ၀င်ဦးရေ ၄၀၀ မှ ၇၀၀ ခန့်ထိ လိုအပ် နေခြင်းကြောင့် လာမည့် ၂၀၁၅ ခုနှစ် ဆောင်းရာသီ ကာလတွင် ကန်တပ်ဖွဲ ၀င်များဖြင့် ယာယီ ဖြည့်ဆည်းပေးသွားရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသူ ကန်စစ်ဘက် အရာရှိတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်ဖွဲ့ဝင်အင်အား လိုအပ်နေမှုသည် ၀ါရှင်တန်နှင့် ကဘူးလ်တို့ အကြား ယခုနှစ်အတွက် နှစ်နိုင်ငံ လုံခြုံရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်တစ်ခုကို လက်မှတ်ရေးထိုး နိုင်ရန် နှောင့်နှေး နေခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ယင်းသဘော တူညီမှု စာချုပ်သည် လာမည့်နှစ်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံသို့ အခြားသော နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင်များ ချထားပေးမည့် သဘောတူညီမှုများ နှင့်လည်း ရှုပ်ထွေးမှုများ ရှိနေခဲ့သည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် နှောင်းပိုင်း နေတိုးအဖွဲ့၏ တာဝန်အရ အာဖဂန်နိုင်ငံ တွင် လာမည့် ဇန်န၀ါရီလမှ စ၍ တပ်ဖွဲ့ဝင် အင်အား ၁၂,၅၀၀ ကိုသာ ဆက်လက် ထားရှိရန်ဖြစ်ပြီး ယင်းတွင် ကန်တပ်ဖွဲ့ဝင်မဟုတ်သည့် တပ်ဖွဲ့ဝင်ဦးရေ ၂,၇၀၀ ခန့်ရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်ကာလများက အာဖဂန်နစ္စတန်နိုင်ငံတွင် ရှည်ကြာနေခဲ့သည့် ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် အမေရိကန်-အာဖဂန် လုံခြုံရေး သဘောတူညီမှုစာချုပ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့ခြင်းဖြစ်ရာ ယင်း အတွက်ကြောင့် လာမည့်၂၀၁၅ခုနှစ်၌ ယင်းနိုင်ငံတွင် တပ်ဖွဲ့ဝင်များ ချထားမှုအပေါ်တွင် မဟာမိတ်နိုင်ငံ များက နေရာတကျ စီစဉ်နိုင်မည်လားဟူသည့် သံသယများကို မြင့်တက်စေခဲ့သည်ဟု ယခုလ အစောပိုင်းက ကန်စစ်ဘက် တာဝန်ရှိသူများက ပြောကြားထားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment