Thursday 27 November 2014

ကျောင်းသားသမဂ္ဂများ မရှိမဖြစ်လိုအပ်ဟု သမ္မတပြော

တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း ခွင့်ရရှိရေးတောင်းဆိုမှုများရှိနေ ချိန် ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်လာရေးသည် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

တက္ကသိုလ်များတွင် လွတ်လပ်စွာပညာသင်ကြားခွင့် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် စသည့်ကိစ္စရပ်များသည် တက္ကသိုလ်ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ ‘‘ကျောင်းသားယူနီယံ (သမဂ္ဂ)ဖွဲ့စည်းရေးကို ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်’’ဟု ဦးသိန်းစိန်က ပြောသည်။

ယခုလ ၂၆ရက်တွင် ပြုလုပ် သောနိုင်ငံတော်သမ္မတနှင့် နိုင်ငံ ရေးပါတီများတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ် ပြီးကန့်ကွက်မှုများရှိနေသည့် အမျိုးသားပညာရေးဥပဒေနှင့် ပတ် သက်၍လည်း တွေ့ဆုံမှုများ ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော အ မျိုးသားပညာရေးဥပဒေနှင့်ပတ် သက်၍ အငြင်းပွားမှုများ၊ သဘော မတူမှုများရှိနေသည်ကို မိမိအနေ ဖြင့် ကြားသိနေရပြီး ပြုပြင်ဖြည့် စွက်လိုသည့် အချက်များရှိပါက ဥပဒေနည်းလမ်းအတိုင်းဆောင် ရွက်ရန်လိုကြောင်းလည်း ၎င်းက ပြောသည်။

‘‘ဥပဒေနည်းလမ်းအတိုင်း ပြင်ဆင်ဖြည့်စွက်ဖို့အတွက် ဆွေးနွေးပွဲတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုပါ တယ်’’ဟု သမ္မတကပြောသည်။

အဆိုပါဥပဒေနှင့်ပတ်သက်၍ သပိတ်မှောက်ကန့်ကွက်မှုများရှိနေပြီး ရက်ပေါင်း ၆၀အတွင်း တာဝန်ရှိသူများ က တွေ့ဆုံဆွေး နွေးရန်တောင်းဆိုထားသည်။

အမျိုးသားပညာရေးဥပဒေ ရေးဆွဲစဉ် ကာလတွင် မိမိတို့ အနေဖြင့် သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့် အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဥပဒေအဖြစ်အတည်ပြု ထွက်ပေါ်လာချိန်တွင် လိုအပ် ချက်များ ရှိနေဆဲဖြစ်ကြောင်း မြန် မာနိုင်ငံပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၀င် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက ပြောသည်။

လက်ရှိအစိုးရ အတည်ပြု ထားသော အမျိုးသားပညာရေး ဥပဒေအပေါ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အ စည်းအဝေးမှ ထုတ်ပြန်လိုက် သော သဘောထားကြေညာချက် များ၌ အမျိုးသားပညာရေး ဥပဒေ တွင်ကျောင်းသားလွှတ်တော်တစ် ရပ်ဖြစ်သော ကျောင်းသားသမဂ္ဂ များ တည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းထားမှုမရှိခြင်းသည် ကျောင်းသားထုအခွင့်အရေးကို ပစ်ပယ်ရာရောက်သည်ဟု ကျွန်ုပ်တို့ သတ်မှတ်သည်ဆို သည့်အချက်တစ်ချက်ကို ထည့် သွင်းရေးသားထားသည်။

7Day DAILY

No comments:

Post a Comment