အာဆီယံဒေသတွင်းမှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ စိန်ခေါ်မှုတွေ များပေမယ့် အမေရိ ကန် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ ကို အနာဂတ်မှာ တိုးချဲ့ လုပ်ကိုင်ဖို့ အလိုလားဆုံးဖြစ်တယ် လို့ လတ် တလော ကောက်ခံတဲ့ ဒေသစစ်တမ်းမှာ တွေ့ရပါတယ်။
အရင်နှစ် စစ်တမ်းအရ အာရှမှာ တတိယအဆင့် နေချင်စရာ အကောင်းဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုတော့ သဘောမကျစရာ အချက်တွေ ထုတ်ဖော်ရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရနဲ့ နိုင်ငံရေးအခြေအနေတွေ တည်ငြိမ်မှု မရှိပဲ အကျင့်ပျက် လာဘ်စားမှုကလည်း အကြီး ဆုံး အခက်အခဲလို့ ဆိုပါတယ်။ နောက်ပြီး အနည်းဆုံး လုပ်ခတွေကိုလည်း တိုးမြင့်ခိုင်း တာတွေကြောင့် အလုပ်လုပ်ကိုင်ရာမှာ ကျေနပ်အားရမှု သိပ်မရှိတော့ဘူးလို့ အဲဒီစစ်တမ်းမှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံကတော့ လုပ်သားအင်အား ပေါများပြီး အမေရိကန်နိုင်ငံသားတွေအပေါ် အကောင်းမြင်စိတ်နဲ့ အတူ ပုဂ္ဂလိက ဘေးကင်းလုံခြုံမှုတွေ ရှိတယ် လို့ ဆိုပါတယ်။
ဒါပေမယ့် ကျေနပ်စရာ မကောင်းအချက်တွေကတော့ အိမ်စရိတ်ကြီးမြင့်တာ၊ အခြေခံအဆောက်အဦတွေ မကောင်းတာ၊ ကျွမ်းကျင်လုပ်သားမရှိတာနဲ့ ရုံးခန်းငှားခ တွေပဲ ဖြစ်တယ်လို့ စစ်တမ်းမှာ ထောက်ပြ ထားပါ တယ်။
ဒီဗွီဘီ
No comments:
Post a Comment