ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေးဒါးစစ်သွေးကြွများက အမေရိကန်ဂျာနယ်လစ် ပီတာသီအိုကားတစ်ကို လွှတ်ပေးလိုက်သည်။
ကားတစ်အား စစ်သွေးကြွများက ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များထံ လွှဲပြောင်း ပေးလိုက် ပြီးနောက် အစ္စရေးနိုင်ငံ တဲလ်အ ဗစ်လေဆိပ်မှုတစ်ဆင့် အမေရိကန်နိုင်ငံ ဘော့စတွန်မြို့လေဆိပ် သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“အမေရိကန်နိုင်ငံသားတွေ ကျွန်တော့်အပေါ် ဘယ်လောက်အထိ ကောင်းတယ်၊ သူတို့နှလုံးသားထဲမှာ အကြင်နာတရားတွေ ဘယ်လောက်ရှိ တယ်ဆိုတာ သိရပါပြီ” ဟု ကားတစ်က ပြောကြားသည်။
ကားတစ်သည် သြဂုတ် ၂၄ ရက်က လွှတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းအားဖမ်းဆီးခဲ့သောအဖွဲ့သည် ပြီးခဲ့ သည့် သီတင်းပတ်အတွင်းက အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေအား သတ်ခဲ့သည့် IS အဖွဲ့မ ဟုတ် ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားအနေဖြင့် မိမိတို့အားစစ်ရေးအရတိုက်ခိုက်နေမှုများကို မရပ်တန့် ပါက နောက် ထပ် ဖမ်းဆီးထားရသည့် အမေရိကန်ဂျာနယ်လစ် စတီဗင်ဆော့လော့ဖ်ကို သတ်ပစ်မည်ဟု IS အဖွဲ့က ခြိမ်းခြောက်ထားသည်။
အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ IS အဖွဲ့သည် အသက် ၂၆ နှစ်အရွယ် အမေရိကန် အကူ အညီပေးရေး အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဖမ်းဆီးထားသေးကြောင်း သိရသည်။
ကားတစ်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဆီးရီးယားနိုင်ငံအတွင်းသို့ ၀င်ခါနီးတွင် အယ်လ်ကေးဒါး အုပ်စုခွဲတစ်ခုဖြစ်သည့် အယ်လ်နူဆရာအဖွဲ့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသား စုက ပြောကြားခဲ့သည်။ ဖမ်းဆီးခံထားရစဉ်က ၎င်း၏ မိသားစုက သတင်းများတွင် ကားတစ်၏ အမည်ကို မဖော်ပြရန် မေတ္တာရပ်ခံခဲ့သည်။
Ref:AFP
Mizzima - News in Burmese
No comments:
Post a Comment