Thursday 28 August 2014

ကံပေါက်ဒေသဥယျာဉ်ခြံမြေထောက်ပံ့ကြေး မယူရသေးသူများ တနင်္သာရီဒေသအစိုးရ အဖွဲ့သို့ တောင်းခံနိုင်

ကံပေါက်ဒေသပိုက် လိုင်းများအကြားရှိ ဥယျာဉ်ခြံမြေများကို ထောက်ပံ့ကြေးများပေးအပ်ထားပြီး လက်ခံ ရယူထားခြင်းမရှိသေးသူများအတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြ တောင်းခံနိုင်ကြောင်း သတင်း ရရှိသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ် ကံပေါက်ဒေသအတွင်း PTTEPI ကုမ္ပဏီမှ ဇောတိက၊ Total ကုမ္ပဏီမှ ရတနာနှင့် Petronas ကုမ္ပဏီမှ ရဲတံခွန်တို့က သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းထားပြီး ယင်း ပိုက်လိုင်း များဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက်နှင့် ပိုက်လိုင်းများ အကြားရှိ ဒေသခံများ၏ ဥယျာဉ် ခြံမြေ များကို သက်ဆိုင်ရာ ကုမ္ပ ဏီများက လျော်ကြေးများနှင့် ထောက်ပံ့ကြေးများပေးအပ် ထားပြီးဖြစ် သည်။ ဖောင်းတော၊ ကောင်းမှု၊ သဲချောင်း၊ ကံပေါက်စသည့် ကျေးရွာများ အပါအဝင် ဇောတိက ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာခုနစ်ရွာမှ ဒေသခံ ၃၉၀ ဦး၏ ဥယျာဉ်ခြံမြေ ၂၁၆ ဒသမ ၀၇၆ ဧကအတွက် PTTEPI ကုမ္ပဏီက ထောက်ပံ့ကြေးများကို ဩဂုတ် ၁၄ နှင့် ၁၅ ရက်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုမ္ပဏီမှတာဝန်ရှိသူများကပေးအပ်ခဲ့ရာ ဒေသခံ ၂၆၁ ဦးသာ လာရောက်ထုတ်ယူခဲ့ကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇောတိကနှင့် ရဲတံခွန်ပိုက် လိုင်းအကြားရှိ ဥယျာဉ်ခြံမြေများ ကို တစ်ဧကလျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ခြံမြေ ဧရိယာအတိုင်း ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိနေ သေးသော တောင်သူ ၁၂၉ ဦး အတွက် ကျပ် ၂,၁၄၂ သိန်းကို မြန်မာ့စီးပွားရေးဘဏ် (ထားဝယ် ဘဏ်ခွဲ)တွင် စာရင်းရှင်အပ်နှံပေး ထားကြောင်း သိရသည်။

‘‘ကုမ္ပဏီကပေးအပ်ရမယ့် ထောက်ပံ့ကြေးငွေ ပမာဏက အကုန်လုံးရှိနေပါပြီ။ အဲဒီမှာ သွားပေးတုန်းက မယူဖြစ်ကြ တဲ့ ဒေသခံတွေ အခုမှ ပြန်လာ လျှောက်ထားတာတွေ ရှိတယ်။ တကယ်လို့ ပြန်လျှောက် မယ့်သူ တွေဆိုရင် ပိုင်ဆိုင်မှုအထောက် အထား၊ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်၊ PTTEPI က CSR ရဲ့ ထောက်ခံချက်၊ MOGE က ကိုယ်စားလှယ်ထောက်ခံချက် တွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ က လျော်ကြေးပေးအပ်ရေးကော်မတီကို တင်ပြပြီး ပြန်လည် တောင်းခံနိုင်ပါတယ်’’ဟု ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူး က ပြောသည်။

ရတနာနှင့် ရဲတံခွန်ပိုက်လိုင်း ကြားတွင် ၅ မီတာသာကွာဝေး သော်လည်းရဲတံခွန်နှင့် ဇောတိ ကမှာ မီတာ ၂၀ ကျော်ကွာနေ သဖြင့် ဒေသခံများ၏ ဥယျာဉ်ခြံ မြေများ ပိုမိုပါဝင်နေပြီး ဒေသခံ များက မြေတန်ဖိုးနှင့် သီနှံလျော် ကြေးများပါပေးအပ်ရန် တောင်း ဆိုထားကြောင်း ဖောင်းတော ဒေသခံ တစ်ဦး က ပြော ကြားသည်။

 ယင်းပိုက်လိုင်းမြှုပ်နှံထား သော လမ်းကြောင်းတစ်လျှောက် တွင် ဥယျာဉ်ခြံမြေများနှင့် မြေ လွတ်များ၌ ဝင်ရောက် လုပ်ကိုင် နေသူများရှိနေပြီး လက်ရှိထောက် ပံ့ကြေးကို လက်မခံသူအများစုမှာ ဥယျာဉ်ပိုင် ရှင်များ ဖြစ်သည်ဟု ဆိုသည်။

PTTEPI မှ ထောက်ပံ့ကြေး များပေးအပ်ထားသော ဥယျာဉ် ပိုင်ရှင်များအနေဖြင့် ၎င်းတို့ခြံ ဧရိယာအတွင်း လွတ်လပ်စွာဝင် ရောက်လုပ်ကိုင်ခွင့်ရှိကာ ပိုက် လိုင်းမြှုပ်နှံထားသည့် မြေနေရာ များကိုပါ ဖြတ်သန်း သွား လာနိုင် သည်ဟု အသိပေးထားကြောင်း သိရသည်။

ဇောတိက ပိုက်လိုင်းနှင့် ရဲတံခွန်ပိုက်လိုင်းအကြားရှိ ဒေသ ခံတောင်သူများ၏ ဥယျာဉ်ခြံမြေ များအတွက် PTTEPI ကုမ္ပဏီက စုစုပေါင်းထောက်ပံ့ကြေးကျပ် ၁၀,၈၀၃ ဒသမ ၈ သိန်းပေးအပ် ရန် လျာ ထားခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment