Wednesday 17 December 2014

KIA အဖွဲ့မှ ပယင်းကျောက်တူးဖော်ရေးအလုပ်သမား(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း

Photo: KIA အဖွဲ့မှ ပယင်းကျောက်တူးဖော်ရေးအလုပ်သမား(၅)ဦးအား လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း
Wednesday, December 17, 2014

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်သို့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်စုရန်ရောက် ရှိလာခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဒီနားကမှော်တွင်းတွေမှာတော့ ပယင်းကျောက်တူးဖော်တဲ့လုပ်ငန်း လုပ်ကိုင်နေတာ အများကြီးပဲ။ နေရာဒေသ ပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်စားနေကြတာပေါ့။ ဒါကို ကေအိုင်အေက အတင်းလူ သစ်လိုက် စုနေတယ်”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ကျောက်တူးဖော်လုပ်ကိုင်နေသော လုပ်သား(၅)ဦးကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ကျောက်တူးဖော်နေသော လုပ်ငန်းရှင်များထံမှ သိရသည်။

“ဆက်ကြေးလည်း အတင်းအကြပ်ကောက်တယ်၊ မပေးလို့မရလို့ ပေးရတယ်။ အလုပ်သမားကျပြန်တော့လည်း အတင်းအကြပ်လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မရှိလို့သာ လုပ်စားရတာ။ အလုပ်လုပ်စားရတာ မလွယ်ပါဘူးဗျာ”ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာတွင် အသက်၃၀ မှ ၄၀ နှစ်ကြားရှိ အမျိုးသား ၅ ဦးအား ဖမ်းဆီး၍ ခေါ်ဆောင်သွားခဲ့ပြီး KIA အဖွဲ့ဝင်များအနေဖြင့် ခရစ္စမတ်ကာလတွင် တပ်ဖွဲ့ဝင်တစ်ဦးလျှင် ၅ ယောက်စုဆောင်းရမည်ဟု ဗဟိုမှ ညွန်ကြားထားသောကြောင့် ယခုလို အတင်းအကြပ်လူသစ်များ လိုက်လံ စုဆောင်းလျက်ရှိကြောင်း တနိုင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

စိုင်းဇော်
Credit to KDN
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်သို့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ လူသစ်စုရန်ရောက် ရှိလာခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဒီနားကမှော်တွင်းတွေမှာတော့ ပယင်းကျောက်တူးဖော်တဲ့လုပ်ငန်း လုပ်ကိုင်နေတာ အများကြီးပဲ။ နေရာ ဒေသ ပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်စားနေကြတာပေါ့။ ဒါကို ကေအိုင်အေက အတင်းလူ သစ်လိုက် စုနေတယ်”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ကျောက်တူးဖော်လုပ်ကိုင်နေသော လုပ်သား(၅)ဦးကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ကျောက်တူးဖော်နေသော လုပ်ငန်းရှင်များထံမှ သိရသည်။

“ဆက်ကြေးလည်း အတင်းအကြပ်ကောက်တယ်၊ မပေးလို့မရလို့ ပေးရတယ်။ အလုပ်သမားကျပြန်တော့ လည်း အတင်းအကြပ်လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မရှိလို့သာ လုပ်စားရတာ။ အလုပ်လုပ် စားရတာ မလွယ်ပါဘူးဗျာ”ဟု ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာတွင် အသက်၃၀ မှ ၄၀ နှစ်ကြားရှိ အမျိုးသား ၅ ဦးအား ဖမ်းဆီး၍ ခေါ်ဆောင်သွားခဲ့ပြီး KIA အဖွဲ့ဝင်များအနေဖြင့် ခရစ္စမတ်ကာလတွင် တပ်ဖွဲ့ဝင် တစ်ဦး လျှင် ၅ ယောက်စုဆောင်းရမည်ဟု ဗဟိုမှ ညွန်ကြားထားသောကြောင့် ယခုလို အတင်းအကြပ်လူသစ်များ လိုက်လံ စုဆောင်းလျက်ရှိကြောင်း တနိုင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

စိုင်းဇော်
Credit to KDN 

No comments:

Post a Comment