Wednesday 17 December 2014

ပါကစ္စတန်တွင် တာလီဘန်များက စာသင်ကျောင်းကို ဝင်တိုက်၊ ကလေး ၈၂ ဦးအပါအဝင် ၁၂၆ ဦး ထက်မနည်းသေဆုံး

Photo: ပါကစ္စတန်တွင် တာလီဘန်များက စာသင်ကျောင်းကို ဝင်တိုက်၊ 
ကလေး ၈၂ ဦးအပါအဝင် ၁၂၆ ဦး ထက်မနည်းသေဆုံး
Wednesday, December 17, 2014 

တာလီဘန်စစ်သွေးကြွများက ပါကစ္စတန်အနောက်မြောက်ပိုင်းမြို့ ကြီး ပက်ရှ်ဝါရှိ စစ်တပ်က ဖွင့်လှစ် ထားသည့် စာသင်ကျောင်းတစ် ကျောင်းကို တရကြမ်းဝင်ရောက်ပစ် ခတ်ရာ ကလေး ၈၂ ယောက် အပါ အဝင် ၁၂၆ ယောက်ထက်မနည်း သေဆုံးသည်ဟု ဆေးရုံအရာရှိများ က ဆိုသည်။

သေဆုံးသူအားလုံးမှာ ကျောင်း သားများဖြစ်ကြောင်း ပက်ရှ်ဝါပြည် နယ်ဝန်ကြီးချုပ်က ဆိုသည်။ ကျောင်း ၌ ကျောင်းသား ၁၅ဝဝ ကျော်ရှိ ကြောင်း၊ ၁ တန်းမှ ၁ဝ တန်းအထိ ရှိကြောင်း၊ ဒဏ်ရာရရှိသော ကျောင်း သား ၁ဝဝ ကျော်ကို ဆေးရုံသို့ပို့ ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ်က တစ်နိုင်ငံလုံးဝမ်း နည်းခြင်းအထိမ်းအမှတ် သုံးရက် သတ်မှတ်လိုက်သည်။ 

စစ်တပ်က သူပုန်ခြောက်ဦးကို ပစ်သတ်ခဲ့သည်။

ဆေးရုံတွင် ကျောင်းသားအ လောင်း ၁၂၆ လောင်းရှိသည်ဟု AFP သတင်းထောက်က တွေ့မြင်ခဲ့ သည့် စစ်ဆေးရုံမှလာသော သီတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ကျောင်းထဲတွင် ရာချီ၍ရှိနေ သည့် လူများကိုလည်း ထိုတာလီ ဘန်စစ်သွေးကြွများက ထိန်းထား သည်ဟု သိရသည်။

Ref : AFP
Yangon Media Group
တာလီဘန်စစ်သွေးကြွများက ပါကစ္စတန်အနောက်မြောက်ပိုင်းမြို့ ကြီး ပက်ရှ်ဝါရှိ စစ်တပ်က ဖွင့်လှစ် ထားသည့် စာသင်ကျောင်းတစ် ကျောင်းကို တရကြမ်းဝင်ရောက်ပစ် ခတ်ရာ ကလေး ၈၂ ယောက် အပါ အဝင် ၁၂၆ ယောက်ထက်မနည်း သေဆုံးသည်ဟု ဆေးရုံအရာရှိများ က ဆိုသည်။

သေဆုံးသူအားလုံးမှာ ကျောင်း သားများဖြစ်ကြောင်း ပက်ရှ်ဝါပြည် နယ်ဝန်ကြီးချုပ်က ဆိုသည်။ ကျောင်း ၌ ကျောင်းသား ၁၅ဝဝ ကျော်ရှိ ကြောင်း၊ ၁ တန်းမှ ၁ဝ တန်းအထိ ရှိကြောင်း၊ ဒဏ်ရာရရှိသော ကျောင်း သား ၁ဝဝ ကျော်ကို ဆေးရုံသို့ပို့ ထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ်က တစ်နိုင်ငံလုံးဝမ်း နည်းခြင်းအထိမ်းအမှတ် သုံးရက် သတ်မှတ် လိုက်သည်။ စစ်တပ်က သူပုန်ခြောက်ဦးကို ပစ်သတ်ခဲ့သည်။

ဆေးရုံတွင် ကျောင်းသားအ လောင်း ၁၂၆ လောင်းရှိသည်ဟု AFP သတင်းထောက်က တွေ့မြင်ခဲ့ သည့် စစ်ဆေးရုံမှလာသော သီတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ကျောင်းထဲတွင် ရာချီ၍ရှိနေ သည့် လူများကို လည်း ထိုတာလီ ဘန်စစ်သွေးကြွများက ထိန်းထား သည်ဟု သိရသည်။

Ref : AFP
Yangon Media Group 

No comments:

Post a Comment